Home သတင်း ကရင်‌ကျောင်းသားကွန်ယက် အနု ပညာနှင့် မီဒီယာ လက်‌တွေ့ လှုပ်ရှားမှု ပြုလုပ်

ကရင်‌ကျောင်းသားကွန်ယက် အနု ပညာနှင့် မီဒီယာ လက်‌တွေ့ လှုပ်ရှားမှု ပြုလုပ်

3089
ဧပြီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

KSNG Logo
ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ သတင်းမီဒီယာ၊ ပန်းချီ‌ရေးဆွဲ‌ရေးနှင့် ပြဇာတ်ဆိုင်ရာ လက်‌တွေ့လှုပ်ရှားမှုကို မယ်လဒုက္ခသည်စခန်းတွင် တစ်လတာသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပို့ချလျှက်ရှိသည်။

ယခုလှုပ်ရှားမှုကို KSNG ဗဟိုမှ ဦးစီးခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုးနှင့် ပြည် တွင်းဒုက္ခစခန်း အီတိုးထာ့ စသည့်စခန်းများရှိ KSNG အဖွဲ့ ဝင် ၅၄ဦးအား သင်တန်း‌ပေးကာ စခန်းအတွင်းရှိ ရပ်ကွက်များတွင် ဧပြီလ ၅ရက်မှစ၍ ၂၇ရက်‌နေ့အထိ လက်‌တွေ့လုပ်သွားမည်ဖြစ်‌ကြောင်း KSNG ဥက္ကဌ ‌စော‌မော့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ လှုပ်ရှားမှုက‌တော့ သုံးခုပါ။ သင်တန်းက‌တော့ ‌ပေးရင်းနဲ့ လက်‌တွေ့လုပ်သွားမယ်။ အရင်နှစ်လည်း ဒီလို လှုပ်ရှားမှု ‌တွေ လုပ်တာ‌တော့ ရှိတယ်။ ဒုက္ခသည်စခန်းတခုချင်းစီ သွားပြီး ‌နွေရာသီ‌ကျောင်းပိတ်ရက်မှာ မဟုတ်ဘဲ ‌ကျောင်းတက်ချိန်မှာ လုပ်ခဲ့တယ်။ ဒီနှစ်‌တော့ ကုန်ကျစရိတ် သက်သာ‌အောင် တ‌နေရာတည်း လုပ်လိုက်တယ်။ ဒီလိုစု‌ပေါင်းလုပ်တာ ပထမဆုံးပဲ”ဟု ‌စော‌မော့က ‌ပြောသည်။

လက်‌တွေ့လှုပ်ရှားမှု ရည်ရွယ်ချက်မှာ အဖွဲ့အတွင်းရှိ လုပ်ငန်းများကို နားလည်ပြီး လူ့အဖွဲ့အစည်းများထဲတွင် ပြန်လည် အကျိုး ပြုရန်ဖြစ်ပြီး KSNG ဗဟိုမှ ၎င်းတို့၏ အဖွဲ့ဝင်‌ကျောင်းသူ‌ကျောင်းသားများကို ‌ခေါ်ယူကာ မယ်လဒုက္ခသည်စခန်း (ဇုံစီ-1B)ရှိ Leadership and Management Course – LMC အထက်တန်းလွန်‌ကျောင်းနှင့် (ဇုံဘီ-4B)ရှိ Shalom Arts Leadership College – SALC အထက်တန်းလွန်‌ကျောင်းများ၌ သင်တန်းပို့ချ‌ပေး‌နေခြင်း ဖြစ်သည်။

အစီအစဉ်ဖြစ်‌မြောက်‌ရေးတွင် ကိုယ်တိုင်ပါဝင်သူ KNSG အတွင်း‌ရေးမှူး ‌စောဆာ့က‌စောက “အခုလှုပ်ရှားမှုမှာ အထူးသဖြင့် ဒရာမာ(ပြဇာတ်)ဆိုရင် ဒုက္ခသည်‌တွေ ‌နေရပ်ပြန်‌ရေးနဲ့ မပြန်‌ရေးနဲ့ပတ်သက်ပြီး ဇာတ်တိုက်ပြီး ရပ်ကွက်‌တွေထဲမှာ လက်‌တွေ့ တင်ဆက်ကြတယ်။ မီဒီယာနဲ့ ပန်းချီက‌တော့ သင်တန်း‌ကျောင်းမှာပဲ လက်‌တွေ့လုပ်ကြတယ်”ဟု ‌ပြောသည်။

ယခုလှုပ်ရှားမှုတွင် KSNG ဗဟိုမှ သင်တန်းပို့ချ‌ပေးသူများ အပါအဝင် ၁၇ဦး လိုက်ပါသွားခဲ့ပြီး သင်တန်းတက်‌ရောက်သည့် KSNG အဖွဲ့ဝင်များတွင် အမျိုးသား ၃၁ဦးနှင့် အမျိုးသမီး ၂၃ဦး ပါဝင်သည်။

KSNG ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်းပြည်ပတွင် ‌နေထိုင်ကြ‌သော ကရင်‌ကျောင်းသား ‌ကျောင်းသူများ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှနိုင်ရန် ရည်ရွယ်၍ ၁၉၉၆ခုနှစ် တွင် စတင် ဖွဲ့စည်းခဲ့သည်။