Home သတင်း ကရင်လူငယ်အစည်းအရုံး (ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ

ကရင်လူငယ်အစည်းအရုံး (ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ

1793
ဧပြီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

IMGP2556
‌တောင်ကိုးရီးယားနိုင်ငံအ‌ခြေစိုက် ကရင်လူငယ်အစည်း အရုံး(ကိုးရီးယားဌာနခွဲ)၏ ဥက္ကဌဖြစ်သူ ‌စောလှိုင်မျိုး သိမ်း(‌ခေါ်) မင်းမင်းသိမ်းကို ကိုးရီးယားအစိုးရမှ တရားမဝင်အလုပ်လုပ်သည်ဟူ၍ လက်ရှိ အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှုကြီးကြပ်‌ရေးဌာနတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

‌စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် ‌တောင်ကိုးရီးယားအစိုးရထံသို့ နိုင်ငံ‌ရေးခွင့်ခိုလှုံခွင့်‌တောင်းခံထားသူ ဖြစ်ပြီး ဥပ‌ဒေအရ နိုင်ငံ‌ရေးခိုလှုံခွင့်‌တောင်းခံစဉ်ကာလအတွင်း အလုပ်လုပ်‌နေသည့် ၎င်းကို ဧပြီလ ၂၂ရက် ‌နေ့၌ အန်ဆန်းမြို့နယ်၊ ရှီဝှာစက်မှုဇုံရှိ ကားပစ္စည်းအပိုစက်ရုံတွင် အစိုးရအာဏာပိုင်များက သွား‌ရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ အတွင်း‌ရေးမှူး စကက်နက်မိုးက ‌ပြောသည်။

စကက်နက်မိုးက “ကိုးရီးယားအစိုးရက နိုင်ငံ‌ရေးခိုလှုံခွင့် ‌တောင်းခံထားတဲ့ကာလမှာ အလုပ်မလုပ်ရဘူး ‌ပြော ထား‌ပေမယ့် ဘာမှ အကူအညီ မ‌ပေးဘူး။ တကယ်လို့ အလုပ်မလုပ်ရင်လည်း ရပ်တည်လို့ မရဘူး။ အခု အလုပ်လုပ်‌တော့ ဖမ်းတယ်ဆို‌တော့ ဒါက‌တော့ မျှတမှု မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)အတွက် အမှုလိုက်‌ပေး‌နေသည့် ထိုင်း-မြန်မာနယ်စပ်ကို ‌ရောက်ခဲ့ဖူးသူ ကိုးရီးယားနာမည်‌ကျော် လူ့အခွင့်အ‌ရေး အမျိုးသမီး‌ရှေ့‌နေ လီဆမ်ဟီးက အစိုးရ၏ လုပ်‌ဆောင် ချက်သည် တရားမျှမှု မရှိသလို နိုင်ငံ‌ရေးခိုလှုံခွင့် ‌တောင်းခံစဉ် ကာလအတွင်း အလုပ်မလုပ်ရဆိုသည့် ပြဌာန်း ထားသည့် ဥပ‌ဒေကို ပြန်လည်ပြင်ဆင်သင့်သည်ဟု ‌ဝေဖန်ထား ‌ကြောင်း သိရသည်။

စကက်နက်မိုးက “တရားမျှတမှုမရှိတဲ့ ဒီဖမ်းဆီးမှုကို သိဖို့ လီဆမ်ဟီးက ကိုးရီးယားမှာရှိတဲ့ မီဒီယာအသိုင်း အဝိုင်း‌တွေကို ဖိတ်ပြီး ဒီကိစ္စကို ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်။ ‌နောက် ကျ‌နော်‌ပြောချင်တာက ဒီကိုးရီးယားမှာ အခြားတိုင်းရင်းသားအဖွဲ့‌တွေကို အစိုးရက နိုင်ငံ‌ရေးခိုလှုံခွင့်‌ပေးထားပြီး‌တော့ ကရင်ကျ‌တော့ မ‌ပေးဘူး”ဟု ဆက်‌ပြောသည်။

ကိုရီးယားနိုင်ငံတွင် မြန်မာ့အ‌ရေးလှူပ်ရှားသည့်အသင်းအဖွဲ ့စည်းအချို့မှ ခိုလူံခွင့်ရရှိသူများရှိ‌သော်လည်း
ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)ကို ယခုထိ ခိုလှုံခွင့် မရရှိ‌သေးသည့်အတွက် အခြားနိုင်ငံတကာ ‌ရောက် ကရင်အဖွဲ့များလည်း ကိုးရီးယားအစိုးရအား ဝိုင်းဝန်း‌တောင်းဆို‌ပေးကြရန် စကက်နက်မိုးက ဖြည့်စွက် ‌ပြောဆိုသည်။

ထို့အပြင် ကိုးရီးယားအစိုးရသည် ကိုးရီးယားရှိ မီဒီယာနှင့် အစိုးရမဟုတ်‌သောအဖွဲ့(အဲန်ဂျီအို)များကလည်း ထိုင်း-မြန်မာနယ်စပ်သို့ သွား‌ရောက်ခဲ့မှုများရှိသည့်အတွက် ကရင်လူမျိုးတို့၏ ဘဝအ‌ခြေအ‌နေများကို သိသင့်သ‌လောက် သိထားပြီးဖြစ်‌သော်လည်း ကရင်ကို လက်မခံခြင်းမှာ မဖြစ်သင့်‌ကြောင်းလည်း ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)က ဆိုသည်။

တဆက်တည်းမှာပင် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ တွဲဖက်အတွင်း‌ရေးမှူးဖြစ်သူ စကြည်သက် ထွန်းကိုလည်း ကိုးရီးယားအစိုးရက ဗီဇာသက်တမ်းတိုးခွင့်မ‌ပေး‌တော့ဘဲ ယခု ဧပြီလကုန်အထိသာ သက်တမ်း ကျန်‌တော့သည့်အတွက် အခက်အခဲကြုံ‌နေရ‌ကြောင်း သိရသည်။

ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)သည် ကရင့်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ‌လေးချက်အ‌ပေါ် အ‌ခြေခံ၍ ၂၀၀၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့‌နောက် ၎င်းအဖွဲ့သည် ကိုးရီးယားအစိုးရထံသို့ နိုင်ငံ‌ရေးခို လှုံခွင့် ‌လျှောက်ခဲ့ရာ အစိုးရက ခွင့်ပြုချက်မ‌ပေးဘဲ ယခုထိ ငြင်းပယ်ထားဆဲဖြစ်သည်။

‌တောင်ကိုးရီးယားနိုင်ငံတွင် လက်ရှိ‌နေထိုင်သည့် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)အဖွဲ့ဝင်များသည် ကိုးရီးယားအစိုးရမှ ‌ပေးထားသည့် တရားစွဲ A4 စာရွက်ဖြင့် သုံးလတကြိမ်တုံးထုပြီး ‌နေထိုင်‌နေရသည်ဟု စကက်နက်မိုးက ‌ပြောသည်။