Home သတင်း ဒုက္ခသည်ဆိုင်ရာကိစ္စ ‌ဆွေး‌နွေးရန် KRC ဥက္ကဌ နှင့် စခန်း‌ကော်မတီ ဝင်အချို့ ဖားအံသွား

ဒုက္ခသည်ဆိုင်ရာကိစ္စ ‌ဆွေး‌နွေးရန် KRC ဥက္ကဌ နှင့် စခန်း‌ကော်မတီ ဝင်အချို့ ဖားအံသွား

2057
ဧပြီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

krc logo
ကရင်ပြည်နယ်နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၏ ဖိတ်ကြားချက်အရ ဒုက္ခသည်ဆိုင် ရာကိစ္စများကို ‌ဆွေး‌နွေးရန် ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးနှင့် ဒုက္ခသည် စခန်း ‌ကော်မတီဝင် နှစ်ဦးတို့သည် ဖားအံမြို့သို့ သွား‌ရောက်ခဲ့သည်ဟု KRC မှ ယမန်‌နေ့က ထုတ်ပြန်ထားသည်။

ဗိုလ်မှူးကြီး‌အောင်လွင်သည် KRC အား ကရင်အမျိုးသားအစည်းအရုံး(KNU)မှတဆင့် ယခုရက်ပိုင်းအတွင်းက ဖိတ်ကြားခဲ့ပြီး‌နောက် ‌စော‌ရောဘတ်‌ထွေးအပါအဝင် အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဌ‌စောဝါးထီး (‌ခေါ်) ‌စော ‌မောင်ဝါးနှင့် မယ်လဒုက္ခသည်စခန်းမှ စခန်း‌ကော်မတီဝင်တဦးဖြစ်သူ ‌စောတိုးတို့ တို့သည် ဧပြီလ ၂၅ရက်‌နေ့က ဖားအံသို့ သွား‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု KRC တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူး‌မေနိုက်ဇံက ‌ပြောသည်။

‌နော်ဘလူး‌မေနိုက်ဇံက “အခုသွားတဲ့ ခရီးစဉ်က ဘယ်နှစ်ကြာမလဲဆိုတာ‌တော့ မသိဘူး။ အစိုးရနဲ့ ‌တွေ့တဲ့အခါ KRC ဘက်က‌တော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်အ‌ရေးနဲ့ ပတ်သက်တဲ့ကိစ္စပဲ အဓိက ‌ဆွေး‌နွေးမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KRC အ‌နေဖြင့် ယခင်က ၎င်းတို့ထုတ်ပြန်ထားသည့် ဘ‌ဘောထားအတိုင်း ရပ်တည်ပြီး ဗိုလ်မှူးကြီး ‌အောင်လွင်ကို ဒုက္ခသည်များပြန်လည်‌နေရာချထား‌ရေးအ‌ပေါ် တင်ပြသွားမည်ဟု KRC ထုတ်ပြန်ချက်တွင် ပါရှိသည်။

KRC ထုတ်ပြန်ထားသည့် ဒုက္ခသည်များအား ပြန်လည်‌နေရာချထား‌ရေး ရပ်တည်ချက်နှင့်ပတ်သက်၍ တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲ‌ရေးမရှိဘဲ ဒုက္ခသည်များကို ပြန်ပို့ရန်၊ ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်း‌ရေး မပြုဘဲ ဒုက္ခသည်များကို ပြန်မပို့ရန်၊ ‌နေရာပြန်လည်ချထား‌ရေးနှင့် စားဝတ်‌နေ‌ရေး အာမခံချက် မ‌ပေးဘဲ ပြန်မပို့ရန် စသည့် အချက်များပါဝင်‌ကြောင်း သိရသည်။

ဖားအံသို့ သွားသည့် KRC ကိုယ်စားလှယ်တို့သည် ကရင်ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံ၍ ပြန်‌ရောက် လာသည့် အခါ ‌ဆွေး‌နွေးပွဲတွင် ရလာသည့် ရလဒ်များကို သ‌ဘောထားထုတ်ပြန်ချက် ဆက်လက်ထုတ်ပြန် သွားမည်ဟု KRC က ဆိုသည်။

ကရင်ပြည်နယ်အစိုးရသည် KNU မှတဆင့် KRC အား ယခု ဖိတ်ကြားခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းကဲ့သို့ ဖိတ်ကြားမှုအ‌ပေါ် တရားဝင်အဖြစ် သွား‌ရောက်သည့်အ‌နေဖြင့် KRC မှ ‌ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။