Home သတင်း မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်

မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်

1602
ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာ ဘုန်းကြီး‌ကျောင်းရှိ ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော် (DKBA)ကို နယ်ခြား‌စောင့်တပ်(BGF) မှ ယ‌နေ့မနက် ၉နာရီတွင် တကြိမ်၊ ည‌နေ ၄နာရီ‌ကျော်တွင် တကြိမ် သွား‌ရောက်ပစ်ခတ်၍ တိုက်ခိုက်ဖြစ်ပွားခဲ့သည်ဟု မြိုင်ကြီးငူ သတင်းရပ်ကွက်အရ သိရသည်။

BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူး‌စောစိုးနိုင် ဦး‌ဆောင်သည့် လက်‌အောက်ခံတပ်ဖွဲ့ဝင်များက DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး ‌စောဘိလက်‌အောက်ခံ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ ၁ဦး ‌သေဆုံးပြီး ၁ဒဏ်ရာရရှိခဲ့သည်ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုက်ပွဲဖြစ်က မြိုင်ကြီးငူ ဘုန်းကြီး‌ကျောင်းရဲ့ သိမ်‌ဘေးမှာ ‌နေရာယူထားတဲ့ DKBA (၉၀၆)တပ်ဖွဲ့ကို BGF က မနက် က တကြိမ်သွားတိုက်တယ်။ တိုက်ပွဲက တစ်နာရီ‌လောက် ကြာပြီး BGF ဘက်က ထိခိုက်မှု ရှိ‌တော့ ပြန်‌နောက် ဆုတ်သွားတယ်။ ‌နောက် ဒီည‌နေမှာက နာရီဝက်‌လောက် တိုက်ပွဲထပ်ဖြစ်တယ်။ နှစ်ကြိမ်‌ပေါ့”ဟု ၎င်းက ‌ပြောဆိုသည်။

ယ‌နေ့ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူရှိ ပြည်သူအများစုသည် သံလွင်မြစ်၏ အ‌နောက်ဘက်ကမ်းသို့ ကူး၍ ကမ‌မောင်းမြို့တွင် ‌ခေတ္တတိမ်း‌ရှောင်‌နေထိုင်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်‌နေ့က ‌ယောပုထာ့ရွာမှ ကမ‌မောင်းသို့ သံလွင့်မြစ်အတွင်း စက်‌လှေဖြင့် ပြန်ဆင်းလာ သည့် BGF (၁၀၁၄)တပ်ရင်း၏ စစ်သည် ၄ဦးကို DKBA ကလို့ထူးလားဗျူဟာ လက်‌အောက်ခံတပ်ရင်းက ပစ် ခတ်သဖြင့် ၁ဦး‌သေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွားပြီး‌နောက် နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှု စတင်ဖြစ်ပွားလာခဲ့ သည်။

ထို့‌နောက် ယမန်‌နေ့ ဧပြီလ ၂၇ရက်‌နေ့၌ မယ်သ‌ဝေါ‌ဒေသတွင် BGF (၁၀၁၂)တပ်ရင်းလက်‌အောက်ခံ တပ်ခွဲမှူး တစ်ဦးဖြစ်သူ ‌စော‌ဒေါဘိုးက DKBA ‌လေးဦးကို ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့သဖြင့် အ‌ခြေအ‌နေများ ပိုမိုဆိုးရွား ကာ နှစ်ဖက်အကြား ယ‌နေ့ တိုက်ပွဲဖြစ်ပွားသည်အထိ တင်းမာမှုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။