Home သတင်း KED ဦး‌ဆောင်၍ ပထမဦးဆုံး အကြိမ် ကရင်ပညာ‌ရေးဆိုင် ရာနှီး‌နှောဖလှယ်ပွဲပြုလုပ်

KED ဦး‌ဆောင်၍ ပထမဦးဆုံး အကြိမ် ကရင်ပညာ‌ရေးဆိုင် ရာနှီး‌နှောဖလှယ်ပွဲပြုလုပ်

2043
ဧပြီလ ၃ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

KED logo
ကရင်ပညာ‌ရေးဌာန(KED)မှ ဦး‌ဆောင်၍ ပြည်တွင်းပြည်ပရှိ ကရင်ပညာ‌ရေး‌ဆောင်ရွက်‌နေ‌သော အဖွဲ့အစည်း များနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ ကရင်ပညာ‌ရေးဆိုင်ရာ နှီး‌နှောဖလှယ်ပွဲ(Karen Education Consultation Seminar)တရပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌သေ့‌ဘေ့ထား‌နေရာတွင် ယမန်‌နေ့ ဧပြီလ ၂၉ ရက်‌နေ့က စတင်ပြုလုပ်ခဲ့သည်။

ကရင်အဖွဲ့များအ‌နေဖြင့် ‌ရှေ့ဆက်ကရင့်ပညာ‌ရေး နှင့်ပတ်သက်၍ အတူတကွ လက်တွဲကြိုးပမ်း‌ဆောင်ရွက်ကြ ရန် ရည်ရွယ်၍ ယခုလို ပညာ‌ရေးနှီး‌နှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး အတွက် ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ကရင်‌ကျောင်းဆရာ၊ ဆရာမလုပ်သားအဖွဲ့(KTWG) ဒါရိုက်တာ ‌နော်လယ်ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြည်တွင်းပြည်ပက ကရင်ဖြစ်‌စေ၊ နယ်စပ်က ကရင်ဖြစ်‌စေ ပညာ‌ရေးမှာ အတူတကွ အလုပ်လုပ်တဲ့အခါ ကျမ တို့ရဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ ပန်းတိုင်တခုတည်းဖြစ်‌အောင် အားလုံး အမြင်‌တွေ ဝိုင်းဝန်းအကြံပြုကြဖို့ဆိုပြီး ဒီနှီး‌နှောဖလှယ်ပွဲကို လုပ်ရတာ ဖြစ်ပါတယ်”ဟု ‌နော်လယ်ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နီး‌နှောဖလှယ်ပွဲသို့ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်ပညာ‌ရေးအဖွဲ့များ၊ လူမှု‌ရေးအဖွဲ့များ၊ ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် ကရင်အဖွဲ့အစည်း‌ပေါင်း ၂ဝ ‌ကျော်မှ ကိုယ်စားလှယ်‌ပေါင်း ၇၃ ဦး တက်‌ရောက်ခဲ့သည်။

DSC02138
နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သည့် အဖွဲ့အစည်းများသည် ‌ရှေ့ဆက်ပညာ‌ရေးနှင့် ပတ်သက်ပြီး ကရင်လူမျိုးများ ၏ စာ‌ပေနှင့် သင်ကြားမှုဆိုင်ရာများတွင် အ‌ကောင်အထည်‌ဖော် ချမှတ်သွားမည့် လမ်းငန်းစဉ်များနှင့် ယခင်က ကရင်ပြည်နယ်အတွင်း ကြိုးပမ်းလုပ်‌ဆောင်ထားသည့် ပညာ‌ရေးဆိုင်ရာလုပ်ငန်းများကို ယခုနှီး‌နှောဖလှယ်ပွဲ တွင် အပြန်အလှန် တင်ပြ‌ဆွေး‌နွေးရန် ရှိသည်ဟု ‌နော်လယ်ထူးက ဆိုသည်။

“တိုင်းရင်းသားစာ‌ပေ‌တွေထဲမှာ ကရင်ဆိုရင် ‌ကျောင်းသုံးစာ မာတိကာ‌တွေဆိုရင် အ‌ခြေခံ ပညာအဆင့်က‌နေ အထက်တန်းအဆင့်အထိ ပြီးခဲ့တဲ့ နှစ် ၆ဝ က သတ်မှတ်ထားတာ ရှိပြီးသားပါ။ ဒါ‌တွေကို တည်တည်ငြိမ်ငြိမ် ချုပ်ကိုင်ထားနိုင်‌အောင်နဲ့ ပိုမိုအင်အား‌တောင့်တင်းလာ‌အောင် ‌ဆွေး‌နွေးသွားကြပြီး‌တော့ ကရင်ဘာသာနဲ့ စာ‌ပေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်သင်ကြားခွင့်ရဖို့ လုပ်သွားမယ်”ဟု ‌နော်လယ်ထူးက ‌ပြောသည်။

KED သည် ၂၀၀ဝ ခုနှစ်မှစ၍ မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း မြို့နယ် ၂၄ခုနှင့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ဒုက္ခသည်စခန်း ၇ ခုမှ ‌ကျောင်းသား‌ကျောင်းသူ‌ပေါင်း သုံးသိန်းငါး‌သောင်း(၃၅၀,၀၀၀)‌ကျော်ကို ပညာ‌ရေး ဆိုင်ရာအ‌ထောက်အပံ့များ ‌ပေးအပ်လုပ်‌ဆောင်လျှက်ရှိသည်ဟု KED ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။