Home သတင်း ပညာ‌ရေး‌ဆွေး‌နွေးပွဲ ဘားအံ မြို့တွင် ပြုလုပ်မည်

ပညာ‌ရေး‌ဆွေး‌နွေးပွဲ ဘားအံ မြို့တွင် ပြုလုပ်မည်

1373
‌မေလ ၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လာမည့် ‌မေလ ၁၈ရက်‌နေ့၌ ပညာ‌ရေး ဆိုင်ရာ ‌ဆွေး‌နွေးပွဲ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ ကွန်ယက် (National Network for Education Referrer) အဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

၎င်းကွန်ယက်အဖွဲ့ဝင် ‌ဒေါက်တာသိန်းလွင်က “ဒီပွဲမှာ ကရင်ပြည်နယ်က လူမှုအဖွဲ့အစည်း‌တွေအပြင် ပြည်နယ် ပညာ‌ရေးဌာန မှာ ကဏ္ဍအသီးသီးက ပါဝင်လုပ်‌ဆောင်‌နေကြသူ‌တွေကိုလည်း ဖိတ်‌ခေါ်ပြီး ‌ဆွေး‌နွေးသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်တွင်းရှိ သံ‌တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လားရှိုးမြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၌လည်း‌ကောင်း၊ ပဲခူးတိုင်း ‌တောင်ငူမြို့၊ ဧရာဝတီတိုင်း ဟသင်္ာတ၊ ပုသိမ်မြို့၊ တနသာင်္ရီတိုင်း ထားဝယ်မြို့တွင်လည်း အသီးသီး ကျင်းပသွားမည်ဖြစ် ‌ကြောင်း သိရသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲမှ ထွက်‌ပေါ်လာမည့် ရလဒ်များကို စုစည်းကာ ဇွန်လအတွင်း၌ ကျင်းပမည့် ပြည်သူ့လွှတ်‌တော် အစည်းအ ‌ဝေးသို့ တင်ပြ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပညာ‌ရေးကဏ္ဍများအား တိုးမြှင့်လုပ်‌ဆောင်လျက်ရှိရာ လာမည့်ဇွန်လတွင် ‌ကျောင်းဆရာ နှစ်‌သောင်းကို လိုအပ်‌သော ‌ဒေသများသို့ ‌စေလွှတ်မည်ဖြစ်‌ကြောင်း ဧပြီလထုတ် ပြည်တွင်း သတင်းစာများ၌ ‌ဖော်ပြထားသည်။