Home သတင်း ထိုင်းဘုရင်မင်းမြတ်အားကရင် တိုင်းရင်းသား နှစ်‌ထောင်‌ကျော် တက်‌ရောက်ဂါရဝပြု

ထိုင်းဘုရင်မင်းမြတ်အားကရင် တိုင်းရင်းသား နှစ်‌ထောင်‌ကျော် တက်‌ရောက်ဂါရဝပြု

2299
‌မေလ ၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

okrso 2
ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ ဖလာ့မလွန်စွန်း မား‌နေရာတွင် ယမန်‌နေ့ ‌မေလ ၅ရက်‌နေ့က ပြုလုပ်‌သော ဒုတိယအကြိမ် ထိုင်း ဘုရင်မင်းမြတ် ဘူမိ‌ဘောအဒူရာဒက်အား ဂုဏ်ပြုသည့် ရို‌သေဂါရဝပြုပွဲ အခမ်းအနားသို့ ကရင်တိုင်းရင်းသား ၂‌ထောင်‌ကျော် တက်‌ရောက်ဂါရဝပြုခဲ့သည်ဟု သိရသည်။

၎င်းဂါရဝပြုပွဲတွင် ထိုင်းနိုင်ငံရှိ တိုင်းရင်းသားများဖြစ်သည့် ကရင် အပါအဝင် ကချင်၊ ကရင်နီ၊ လားဟူနှင့် ရှမ်း စသည့် တိုင်းရင်း သား ငါး‌ထောင်‌ကျော်တက်‌ရောက်ခဲ့ရာ ကရင်လူမျိုး အများဆုံး တက်‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

“အခမ်းအနားမှာ တနိုင်ငံလုံး အတိုင်းအတာအရ ထိုင်းလူမျိုးနဲ့ တိုင်းရင်းသား‌ပေါင်းစုံ‌တွေ ‌သောင်းဂဏန်း တက်‌ရောက်ကြတယ်။ ထိုင်းနိုင်ငံ‌ရောက် တိုင်းရင်းသားနဲ့ ဌာ‌နေတိုင်းရင်းသား စုစု‌ပေါင်း အဖွဲ့ ၄ဝထဲမှာ ကရင်တိုင်းရင်းသား‌တွေက အများဆုံး တက် ‌ရောက်တယ်လို့ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်က ကျ‌နော့်ကို ‌ပြောပြတယ်”ဟု အခမ်းအနားတက်‌ရောက်ခဲ့သူ OKRSO မှ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်‌ရေး‌ကော်မတီ ဥက္ကဌ ‌စောစိပ်ပ‌လောင်က တဆင့် ‌ပြောဆိုသည်။

ဂါရဝပြုပွဲတွင် ဘုရင်မင်းမြတ်အား ထိုင်းလူမျိုးများအပြင် တိုင်းရင်းသားများလည်း တီးမှုတ်ဆိုကခြင်းများဖြင့် ‌ဖျော်‌ဖြေခဲ့ကြပြီး ကရင်တိုင်းရင်းသားများကိုယ်စား ဘန်‌ကောက်အ‌ခြေစိုက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ယဉ်‌ကျေးမှုအဖွဲ့က ဒုံးယိမ်းအကဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

‌စောစိပ်ပ‌လောင်က “ဒီပွဲမှာ ဘုရင်ကို ဂုဏ်ပြုတယ်ဆို‌ပေမယ့် ဘုရင်ကိုယ်တိုင် မတက်‌ရောက်နိုင်ခဲ့ပါဘူး။ ဒါ‌ပေမယ့် သူ့သားက ‌တော့ တက်‌ရောက်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးမှာ ကရင်‌တွေအ‌နေနဲ့ ရိုးရာယဉ်‌ကျေးမှု‌တွေကို တင်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းဘုရင်မင်းမြတ်အား ရို‌သေဂါရဝပြုသည့်ပွဲတွင် (OKRSO)အဖွဲ့မှ ဒုံးယိမ်းအဖွဲ့ ၃ဖွဲ့နှင့်အတူ ကရင်လူမျိုးတို့၏ ယဉ်‌ကျေးမှုများ ဖြစ်သည့် မယ်ဒလင်သီချင်းများ၊ ဗျပ်‌စောင်း(နားဒိန်)တီးခတ်မှုများဖြင့် ‌ဖျော်‌ဖြေခွင့်ရခဲ့‌ကြောင်းလည်း ‌စောစိပ်ပ‌လောင်က ဆက် ‌ပြောသည်။

ထိုပွဲတွင် ဗျပ်‌စောင်းတီးခတ်‌ဖျော်‌ဖြေခဲ့သူ (OKRSO)မှ နန်းကရိမူးက “ညီမအ‌နေနဲ့ အခုလိုပွဲမျိုးမှာ ကရင်လူမျိုးတစ်‌ယောက်အ ‌နေနဲ့ ပါဝင်ခွင့်ရတာ ဂုဏ်လည်းယူပါတယ်။ ကိုယ့်ကိုလည်း အသိအမှတ်ပြု‌တော့ ပိုပြီး‌တော့ ဝမ်းသာပါတယ်။ ‌နောက်နှစ်‌တွေမှာ လည်း အခွင့်အ‌ရေးရှိရင် ဆက်ပြီး ပါဝင်ချင်‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ သက်ရှိထင်ရှားဖြစ်‌သော ထိုင်းဘုရင်မင်းမြတ် ဘူမိ‌ဘော အဒူရာဒက်သည် ထိုင်းနိုင်ငံ၏ ၉ဆက်‌မြောက် ဘုရင်မင်းဆက် ဖြစ်ပြီး နန်းသက် ၆၆နှစ်နှင့် သက်‌တော် ၈၆နှစ်ရှိပြီး ဖြစ်သည်။