Home သတင်း ကယားလူမျိုးစုံ ဒီမိုက‌ရေစီ ပါတီ မှတ်ပုံတင်ကျ‌တော့ မည်

ကယားလူမျိုးစုံ ဒီမိုက‌ရေစီ ပါတီ မှတ်ပုံတင်ကျ‌တော့ မည်

1372
‌မေလ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၏ ပါတီဝင်‌ဟောင်းများဖြင့် အသစ်ပြန်လည်ဖွဲ့စည်းထား‌သော ကယားလူမျိုးစုံ ဒီမိုက‌ရေစီပါ တီသည် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရန် မှတ်ပုံတင်ရရှိ‌တော့မည်ဖြစ်‌ကြောင်း ပါတီ၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စော ဒယ်နရယ်က ‌ပြောသည်။

“ကျ‌နော်တို့ ဧပြီလ ဒုတိယပတ်က မှတ်ပုံတင်ရရှိဖို့ ‌နေပြည်‌တော်ကို ‌လျှောက်ထားခဲ့တယ်။ အခုဆိုရင် ပြည်နယ် အထူးစုံစမ်း ‌ရေးဌာနမှ စစ်‌ဆေးမှုများ ပြီးစီးပြီးဖြစ်လို့ မှတ်ပုံတင်ကျမယ့်ရက် ‌ပြောလို့မရ‌သေး‌ပေမယ့် မကြာမီ ကျလာ‌တော့မယ်လို့ သိရပါ တယ်”ဟု ဆိုသည်။

ယင်းသို့ တိုင်းရင်းသားပါတီအဖြစ် ‌လျှောက်ထားခြင်းကို ကယန်းပြည်သစ်ပါတီမှလည်း ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပါတီတိုးလာခြင်းအ‌ပေါ် ကြိုဆိုပါ‌ကြောင်း ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းနိုင်စိုးက ‌ပြောကြားသည်။

ဦးသန်းနိုင်စိုးက “တိုင်းရင်းသားပါတီ‌တွေဟာ ပြည်သူ‌တွေရဲ့ ဆန္ဒကို ခိုင်ခိုင်မာမာ ပုံ‌ဖော်နိုင်မယ်လို့ ‌မျှော်လင့်သလို စစ်မှန်တဲ့ ပါတီစုံဒီမိုက‌ရေစီစနစ် ‌ပေါ်‌ပေါက်‌ရေးအတွက် ပြည်နယ်တွင်းက ဒီမိုက‌ရေစီပါတီ အင်းအားစု‌တွေအားလုံး လက်တွဲကြဖို့ လိုပါ တယ်”ဟု ‌ပြောဆိုသည်။

NLD ပါတီဝင်‌ဟောင်းများဖြစ်ကြသည့် ကယားလူမျိုးစုံဒီမိုက‌ရေစီပါတီဝင်များသည် ဗဟို NLD ၏ လမ်းညွှန်မှုများကို မနှစ်သက် ဟုဆိုကာ ဗဟိုညီလာခံ စတင် မကျင်းပမီ တစ်ရက်အလို ယခုနှစ်၊ မတ်လ ၈ရက်‌နေ့တွင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်‌ကြောင်းကို မီဒီယာများသို့ ‌ကြေညာခဲ့သည်။

လက်ရှိ ကယားလူမျိုးစုံဒီမိုက‌ရေစီပါတီတွင် ဗဟို‌ကော်မတီဝင် ၁၆ဦးဖြင့် ဖွဲ့စည်းထားပြီး လာမည့် ၂၀၁၅ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု သိရသည်။