Home သတင်း ပညာ‌ရေးဝန်ကြီးဌာနမှ သတ်မှတ် ထား‌သော စံနှုန်းများ ‌လျော့ချ‌စေ လို

ပညာ‌ရေးဝန်ကြီးဌာနမှ သတ်မှတ် ထား‌သော စံနှုန်းများ ‌လျော့ချ‌စေ လို

1288
‌မေလ ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကယား(ကရင်နီ)ပြည်နယ်အထူး‌ဒေသ(၃) ရှိ ‌ကျေးရွာများတွင် ပညာ‌ရေးကဏ္ဍတိုးမြှင့် လိုပါက ပညာ‌ရေးဝန်ကြီးဌာနမှ သတ်မှတ် ထား‌သော စံနှုန်းများကို ‌လျော့ချ‌စေ လို‌ကြောင်း ကယား(ကရင်နီ)ပြည်နယ်တွင်း ပညာ‌ရေး ဖွံ့ဖြိုးမှုများ ‌ဆောင်ရွက်‌ပေး‌နေသည့် ကယန်းမျိုးဆက်သစ်လူငယ် (KNGY)က ‌ပြောသည်။

ကယားပြည်နယ်၊ ပညာ‌ရေးဝန်ကြီးဌာနသည် ၎င်းတို့‌ဒေသရှိ စာသင်‌ကျောင်းများကို မူလတန်း‌ကျောင်းဖြစ်ပါက စာသင်ခန်း (၅)ခန်းပါ‌သော ‌ပေ ၆၀၊ ‌ပေ ၃ဝ ရှိ အ‌ဆောက်အဦးဖြစ်ရမည့်အပြင် အနည်းဆုံး ‌ကျောင်းသားဦး‌ရေ (၈၀)ရှိရမည်ဟု စံနှုန်းများ သတ်မှတ်ထားသည်ဟု KNGY ဥက္ကဌ ခွန်းဘီထူးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ကျ‌နော်တို့‌ဒေသ‌တွေမှာက အ‌ဆောက်အဦး‌ဆောက်ဖို့အတွက် ‌ငွေ‌ကြေးမတတ်နိုင်ကြဘူး။ ‌ကျောင်းတက်မယ့် ‌ကျောင်းသားဦး ‌ရေကလည်း ရွာ ၄ရွာ‌ပေါင်းမှ ရှစ်ဆယ်‌တောင် မရှိဘူး။ ဒါ‌ကြောင့် တာဝန်ရှိသူ‌တွေအ‌နေနဲ့က ‌ဒေသရဲ့ အ‌ခြေအ‌နေအ‌ပေါ် မူတည်ပြီး စဉ်းစား‌စေချင်တယ်”ဟု ခွန်းဘီထူးက ‌ပြောသည်။

ထို့အပြင် ပညာ‌ရေးဝန်ကြီးဌာနမှ ခန့်ထား‌သော ပညာ‌ရေးဝန်ထမ်း ‌ကျောင်းဆရာ၊ ဆရာမများသည် ထို‌ဒေသတွင် ကြာကြာ တာဝန်မယူနိုင်ဘဲ များ‌သောအားဖြင့် မိမိတို့‌နေရပ်သို့ ပြန်သွားကြသည့်အ‌ပေါ် အဆင်မ‌ပြေမှုများ ဖြစ်‌နေ‌သော‌ကြောင့် ယခုနှစ် အတွက် လိုအပ်‌သော ပညာ‌ရေးဝန်ထမ်းများကို ခန့်အပ်ပါက ‌ဒေသအတွင်းရှိ ပြည်သူများထဲမှသာ ‌ရွေးချယ်ခန့်‌စေလို‌ကြောင်း ခွန်းဘီထူးက ဖြည့်စွက်‌ပြောသည်။

ယခင်နှစ် အ‌ခြေအ‌နေများအရ မူလတန်း‌ကျောင်းတွင် စာသင်ရန် လိုအပ်‌သော ‌ကျောင်းဆရာ၊ ဆရာမများကို ‌ကျောင်းသားမိဘ များက အချိုးကျ‌ငွေ ထည့်ဝင်ကြကာ ၎င်း‌ဒေသအတွင်း ‌ကျေးရွာများမှ အလယ်တန်း ‌အောင်မြင်ပြီးသူများအား လစာ‌ပေး၍ ခန့် ထားရ‌ကြောင်း KNGY က ဆိုသည်။

မန္တ‌လေးတိုင်း ပျဉ်းမနားအ‌ရှေ့ဘက်ခြမ်း၊ ရှမ်းပြည်‌တောင်ပိုင်း၊ ကရင်ပြည်နယ်‌မြောက်ပိုင်း စသည့်‌နေရာများ၌ ပါဝင်‌သော ကယားပြည်နယ်အထူး‌ဒေသ(၃)၌ ကယန်းလူမျိုး အများစု‌နေထိုင်ကြကာ ထို‌ဒေသတွင် မူလတန်း‌ကျောင်း (၇၀) ရှိသည်ဟု KNGY မှ ပြုစုထား‌သော လက်ရှိ စာရင်းမှတ်တမ်းများအရ သိရသည်။

၎င်းအထူး‌ဒေသ(၃)တွင် ပြီးခဲ့သည့် ၂၀၀ဝခုနှစ်က ကယန်းစာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တရားဝင်အဖွဲ့အဖြစ် ရပ်တည်ရန် အသင်းအဖွဲ့မှတ်ပုံတင် ‌လျှောက်ထားခဲ့‌သော်လည်း ယခုအချိန်ထိ မှတ်ပုံတင် မရ‌သေး‌ကြောင်းလည်း သိရသည်။