Home သတင်း ‌သောင်ရင်းမြစ်ရှိ စက်‌လှေ တစင်းကို BGF တပ်သား မှ ‌သေနတ်ပစ်‌ဖောက်တားမြစ်

‌သောင်ရင်းမြစ်ရှိ စက်‌လှေ တစင်းကို BGF တပ်သား မှ ‌သေနတ်ပစ်‌ဖောက်တားမြစ်

2111
‌မေလ ၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)
‌သောင်ရင်းမြစ်တွင်းရှိ လူကူးဖြတ်သည့် ဂိတ်တ‌နေရာ
‌သောင်ရင်းမြစ်တွင်းရှိ လူကူးဖြတ်သည့် ဂိတ်တ‌နေရာ

ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ်အတွင်း ဘိလပ်‌မြေအိတ်များ တင်‌ဆောင်လာ‌သော စက်‌လှေတစ်စင်းကို မြဝတီမြို့ အ‌ခြေ စိုက် နယ်ခြား‌စောင့်တပ်-BGF (၁၀၂၁) တပ်ရင်းပိုင် အမှတ်-၁၄ ဂိတ်မှ တပ်သားတစ်ဦးက ယမန်‌နေ့ ‌မေလ ၇ရက်‌နေ့က ‌သေနတ် ပစ်‌ဖောက် တားမြစ်ခဲ့‌ကြောင်း သတင်းရရှိသည်။

‌သေနတ်ပစ်‌ဖောက် တားမြစ်ခံရသည့် အဆိုပါ စက်‌လှေသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အ မျိုးသားကာကွယ်‌ရေးတပ်မ‌တော် (KNDO)အတွက် ဘိလပ်‌မြေအိတ်များ တင်‌ဆောင်‌ပေးခဲ့ခြင်းဖြစ်ပြီး အမှတ်-၁၄ ဂိတ်သို့ လာ‌ရောက်ဆိုက်ကပ်ရန် ‌ခေါ်သည်ကို မရပ်သဖြင့် ထိုသို့ ‌သေနတ်ပစ်‌ဖောက် တားမြစ်သည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ရှိ KNU ဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက “KNDO အတွက် ဘိလပ်‌မြေတင်‌ဆောင်တဲ့ စက်‌လှေကို ၁၄ဂိတ်က နယ်ခြား‌စောင့်တပ်က M-47 နဲ့ ဆယ်ချက်‌လောက် ပစ်တာပါ။ တကယ်ဆိုရင် အဲဒီဘိလပ်‌မြေဟာ မြန်မာအစိုးရထံ တရားဝင် အခွန်‌ဆောင်ထားပြီး ထိုင်းနိုင်ငံက‌နေတဆင့် တင်‌ဆောင်လာရင်း အဲလို တားမြစ်ခံရတာပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNDO ၏ ဘိလပ်‌မြေကို သယ်‌ဆောင်‌ပေးသည့် စက်‌လှေကို တားမြစ် ‌သေနတ်ပစ်‌ဖောက်ခဲ့သူမှာ ဗိုလ်မှူး‌စောဘလူး ဦး‌ဆောင် ‌သော BGF (၁၀၂၁)တပ်ရင်းမှ တပ်သားတစ်ဦးဖြစ်ပြီး ပစ်‌ဖောက်တားမြစ်ခံရချိန်၌ ဘိလပ်‌မြေတင်‌ဆောင်သည့် စက်‌လှေထဲတွင် စက်‌လှေ‌မောင်းသူတစ်ဦးနှင့် ဘိလပ်‌မြေအိတ် ၂ဝခန့် ပါရှိ‌ကြောင်း သိရသည်။

ယင်းသို့ အခင်းဖြစ်ပွားပြီး‌နောက် မြဝတီမြို့နယ်အ‌ခြေစိုက် ‌ခြေလျင်တပ်ရင်း(ခလရ- ၉၇) ‌ရှေ့တန်းတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး ဝင်းခိုင်ထွန်း၊ BGF အမှတ် ၃တပ်နယ်၏ အကြံ‌ပေးအဖွဲ့မှ ဗိုလ်တင်၊ ဗိုလ်ကတုံးတို့နှင့် အတူ KNU မြဝတီဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူတစ်ဦး အပါအဝင် KNDO ဗဟိုစီးပွား‌ရေးတာဝန်ခံ ဗိုလ်ဝင်းမိုးတို့ ‌တွေ့ဆုံကြကာ အပြန်အလှန် ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြ ပြီး လက်ရှိတွင် ‌ပြေလည်မှု ရရှိသွားပြီဖြစ်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေးတစ်‌လျှောက်တွင် မြဝတီမြို့ရှိ အစိုးရ လက်‌အောက်ခံအဖွဲ့များ၊ အပစ်ရပ်အဖွဲ့ များမှ ဖွင့်ထား‌သော ဂိတ်‌ပေါင်း ၂ဝခန့် ရှိသည်။