Home သတင်း ၁၂ကြိမ်‌မြောက် KNPP ညီလာခံတွင် ‌ကော်မတီ ဝင်ဦး‌ရေ တိုးမြှင့်ဖွဲ့စည်း

၁၂ကြိမ်‌မြောက် KNPP ညီလာခံတွင် ‌ကော်မတီ ဝင်ဦး‌ရေ တိုးမြှင့်ဖွဲ့စည်း

2105
‌မေလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

DSC08874
ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)၏ ၁၂ကြိမ်‌မြောက် ညီလာခံတွင် ‌ကော်မတီ ဝင်ဦး‌ရေ ၃၀‌ကျော်အထိ တိုးမြှင့်ဖွဲ့စည်း လိုက်‌ကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်၊ ကရင်နီပြည်တပ်မ‌တော်ဌာနချုပ် ညာမိုစခန်းရှိ ‌ဂေ့ဖိုးဒူးခန်းမ၌ ‌မေလ ၆ရက်မှ ၁ဝရက်‌နေ့အထိ ပြုလုပ်သည့် အဆိုပါ ညီလာခံတွင် အမြဲတမ်း ဗဟို‌ကော်မတီ ၄ဦး၊ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီ ၇ဦး၊ ဗဟို‌ကော်မတီ ၉ ဦးနှင့် အရံဗဟို‌ကော်မတီ ၁၂ဦးဖြင့် ‌ကော်မတီဝင်ဦး‌ရေကို တိုးမြှင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

KNPP ၏ အတွင်း‌ရေးမှူး(၁)အဖြစ် ‌ရွေး‌ကောက်ခံရသူ ဦး‌အောင်ဆန်းမြင့်က “အရင်တုန်းက ကျ‌နော်တို့ ပါတီရဲ့ဦး‌ရေကို နှစ်ဆယ်‌ကျော်နဲ့ပဲ ဖွဲ့စည်းထား‌တော့ တာဝန်ခွဲ‌ဝေမှု လုပ်တဲ့‌နေရာမှာ လူလို‌နေတယ်။ ဒါ‌ကြောင့် အားဖြည့်တဲ့သ‌ဘောနဲ့ ဖွဲ့စည်း လိုက်တာဖြစ်တယ်။ ‌နောက် တိုးမြှင့်ဖွဲ့စည်းတဲ့အထဲမှာ လူငယ်‌တွေချည်းပဲ ဆယ့်နှစ်ဦးနဲ့ အားဖြည့်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ KNPP အတွင်းရှိ လူငယ်များ အ‌မြော်အမြင် ကျယ်ပြန့်လာပြီး အနာဂတ် နိုင်ငံ‌ရေးတွင် ပိုမို ဦး‌ဆောင်လာနိုင်ရန် စွမ်းရည်မြှင့်တင်ရမည့် မူချမှတ်ထားမှုများ ရှိထားသည့်အ‌ပေါ် လက်‌တွေ့အ‌နေဖြင့် ယင်းသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်‌ကြောင်းလည်း ဦး‌အောင်ဆန်းမြင့်က ဖြည့်စွက်‌ပြောဆိုသည်။

KNPP 12nd congress
ထိုညီလာခံတွင် ဥက္ကဌအဖြစ် ဦး‌အေဘယ်တွဒ်၊ ဒုဥက္ကဌအဖြစ် ခူးဦးရယ်၊ အတွင်း‌ရေးမှူး(၁)အဖြစ် ဦး‌အောင်ဆန်းမြင့်နှင့် အတွင်း ‌ရေးမှူး(၂)အဖြစ် ဦး‌ရွှေမျိုးသန့်တို့ကို အသီးသီး ‌ရွေး‌ကောက်‌မြှောက်ခဲ့ကြသည်ဟု KNPP ၏ ‌မေလ ၁ဝရက်‌နေ့က ‌ကြေညာသည့် ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်၌ ၎င်းတို့ KNPP ၌ ‌လေးနှစ်တာ ‌ဆောင်ရွက်ခဲ့‌သော လုပ်ငန်းအစီရင်ခံစာများကို သုံးသပ်ခဲ့ကြသလို KNPP ၏ အ‌ခြေခံမူလမ်းစဉ်နှင့် ဖွဲ့စည်းပုံ‌ခြေခံဥပ‌ဒေ(မူကြမ်း)ကို အတည်ပြုနိုင်ခဲ့သည့်အပြင် ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် ပါတီစည်းရုံး‌ရေး နှင့် နိုင်ငံ‌ရေး၊ အမျိုးသားစာ‌ပေ တိုးတက်ပြန့်ပွား‌ရေး၊ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး၊ လူထုပြန်လည်‌နေရာချထား‌ရေးနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ အမြင်သ‌ဘောထားများကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု ပါရှိသည်။

KNPP သည် ၎င်းတို့၏ ညီလာခံကို ‌လေးနှစ်တစ်ကြိမ် ပြုလုပ်ကျင်းပခဲ့ကြပြီး ယခု ၁၂ကြိမ်‌မြောက်ညီလာခံတွင် ပါတီဝင် ကိုယ် စားလှယ်‌ပေါင်း ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသည်ဟု KNPP က ‌ပြောဆိုသည်။

ကရင်နီပြည်နယ်တွင် အမျိုးသားလွတ်‌မြောက်‌ရေးနှင့် နိုင်ငံ‌ရေးဦး‌ဆောင်မှု ‌ပေးနိုင်ရန်အတွက် ရည်ရွယ်၍ KNPP ပါတီကို ၁၉၅၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ပါတီဝင်‌ပေါင်း တစ်‌ထောင်‌ကျော်ရှိသည်ဟု ဦး‌အောင်ဆန်းမြင့်က ‌ပြောသည်။