Home သတင်း ဝန်ထမ်းလစာတိုးမြှင့်ခြင်း‌ကြောင့် လက်လုပ်လက်စားပြည်သူများ ဆိုးကျိုးသက်‌ရောက်နိုင်

ဝန်ထမ်းလစာတိုးမြှင့်ခြင်း‌ကြောင့် လက်လုပ်လက်စားပြည်သူများ ဆိုးကျိုးသက်‌ရောက်နိုင်

2085
ဇန်နဝါရီ ၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရမှ ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်ခြင်းမရှိဘဲ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုတ်တရက် လစာနှုန်းထား တိုးမြှင့် လိုက်သည့်အတွက် ပြည်တွင်းရှိ လက်လုပ်လက်စားအလုပ်သမားများ၊ လယ်သမားများအ‌ပေါ် ‌နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်‌ပေါ် လာနိုင်သည်ဟု ပြည်ပအ‌ခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(အက်ဖ်တီယူဘီ)က ‌ပြောသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထား‌သော ရာထူးများ၌ တာဝန်ထမ်း‌ဆောင်‌နေကြသည့် ဝန်ထမ်းများ၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တ‌ပြေးညီ ၂၀၀၀ဝကျပ် တိုးမြှင့်‌ပေးလိုက်သည်ဟု နအဖ ဘဏ္ဍာ‌ရေးနှင့် အခွန် ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ‌နေပြည်‌တော်မှ အမိန့်‌ကြော်ငြာစာအမှတ် ၁၀၄/၂၀၀၉ကို ဒီဇင်ဘာ ၃၁ရက်‌နေ့က ထုတ်ပြန်လိုက်သည်။

ယင်းသို့ ဝန်ထမ်းလစာ‌ငွေ ရုတ်တရက်တိုးမြှင့်လိုက်ခြင်းသည် တိုင်းပြည်အတွက် မှန်ကန်‌သောနည်းလမ်းဖြင့် ‌ဖြေရှင်းခြင်းမဟုတ် ဘဲ ‌နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာ‌စေမည်ဟု အက်ဖ်တီယူဘီမှ ဇန်နဝါရီလ (၇)ရက်‌နေ့က ‌ကြေညာချက်ထုတ်ပြန်ကာ ‌ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် လက်ရှိမြန်မာနိုင်ငံ၌ အလုပ်သမားများအတွက် လစာ‌ငွေတိုးမြှင့်ရန်မှာ လိုအပ်ချက်တခု ဖြစ်‌နေ‌သော်လည်း စီးပွား‌ရေးဘက်မှ ပြင်ဆင်မှု တစုံတရာ မလုပ်ဘဲ ယခုလို လစာတိုးမြှင့်လိုက်ခြင်းသည် ကုန်‌ဈေးနှုန်း အဆမတန် ကြီးမြင့်လာခြင်း၊ ‌ငွေ‌ကြေး‌ဖောင်းပွခြင်းနှင့် အခြား‌နောက်ဆက်တွဲ ပြဿနာများကို ဖြစ်‌ပေါ်လာနိုင်သဖြင့် ပြည်သူတရပ်လုံး ထိခိုက်လိမ့်မည်ဟု ‌ဖော် ပြထားသည်။

အက်ဖ်တီယူဘီ တာဝန်ရှိသူတဦးက “မြန်မာနိုင်ငံမှာ သာမန် လက်လုပ်လက်စား အလုပ်သမား‌တွေရဲ့ လုပ်အားဟာ ၇၅ရာခိုင်နှုန်း ‌လောက်ရှိတယ်။ သူတို့‌တွေက လွန်ခဲ့တဲ့ ၃နှစ်ကတည်းက သီးနှံ‌တွေမ‌ကောင်းတာ အကြီးအကျယ်ခံ‌နေရတယ်။ ဝန်ထမ်း‌တွေကို လစာတိုး‌ပေးလိုက်‌ပေမယ့် ပြည်သူ‌တွေထဲမှာ အများစုဖြစ်တဲ့ လယ်သမား‌တွေက သီးနှံ‌တွေ မဖြစ်ထွန်းဘူး။ စီးပွား‌ရေး‌တွေ မတည် မငြိမ် ဖြစ်မယ်။ ကုန်‌ဈေးနှုန်းလည်း ကြီးလာမယ်ဆိုရင် အဲဒီမှာ သာမန်လယ်သမားလူတန်းစား‌တွေ အလူးအလဲခံရမယ်”ဟု ‌ကေ အိုင်စီကို ‌ပြောသည်။

နအဖအ‌နေဖြင့် ဝန်ထမ်းလစာ မတိုးမှီ စီးပွား‌ရေးအတတ်ပညာရှင်များ၊ စီပွား‌ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း‌ဆွေး‌နွေးပြီး ပြည်သူများ ကို ကြိုတင်ချပြသင့်‌ကြောင်း ထိုသို့လုပ်‌ဆောင်မှသာလျှင် အစိုးရအမှုထမ်းများနှင့် သာမန်လက်လုပ်လက်စားများနှင့် လယ်သမား များအ‌နေဖြင့် ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာမည့် ပြဿနာများကို ကြိုတင်နိုင်မည်ဟု အက်ဖ်တီယူဘီက ဆိုသည်။

နအဖ စစ်အစိုးရ၏ အမိန့်‌ကြော်ငြာစာအရ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ အမှုထမ်းများ လုပ်ခကို အလုပ်ချိန် တ‌နေ့ (၈)နာ ရီအတွက် လက်ရှိ သတ်မှတ်လုပ်အားခ ကျပ် ၅၀ဝမှ ၁၀၀ဝကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်‌ကြောင်း၊ တပ်မ‌တော် ကြည်း၊ ‌ရေ၊ ‌လေ ဝန်ထမ်းများ၏ လစာနှုန်းသတ်မှတ်ချက်မှာ- တပ်မ‌တော်အတွက် သတ်မှတ် လစာနှင့် စားရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆု‌ကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်‌ရေးဝန်ကြီးဌာန၊ ကာကွယ်‌ရေး‌ကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်ဖြစ်ပြီး ထိုအမိန့်စာ ခံစားခွင့်များကို ၂၀၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ ခံစားခွင့် ရှိ‌စေရမည်ဟု သိရသည်။