Home သတင်း ထိုင်း-မြန်မာနယ်စပ်ဂိတ်အဖြစ် ထီးခီးဂိတ်ကို ထပ်မံဖွင့်လှစ်

ထိုင်း-မြန်မာနယ်စပ်ဂိတ်အဖြစ် ထီးခီးဂိတ်ကို ထပ်မံဖွင့်လှစ်

1834
‌မေလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ထိုင်း-မြန်မာ စီးပွား‌ရေးပူး‌ပေါင်းလုပ်‌ဆောင်ရန် ရည်ရွယ်ပြီး တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်ခွဲအနီး၌ ထီးခီးအမည်ရှိ တရားဝင် နယ်စပ်ကုန်သွယ်‌ရေးဇုံဂိတ်တစ်ခုကို ‌မေလ ၁၁ရက်‌နေ့တွင် မြန်မာအစိုးရမှ ထပ်မံပြီး တရားဝင် ဖွင့် လှစ်လိုက်‌ကြောင်း သတင်းရရှိသည်။

၎င်းဂိတ်ဖွင့်ပွဲအခမ်းအနားကို တနသင်္ာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)မှူး ဗိုလ်မှူးချုပ်‌စောဒါး‌ကျော်လူနှင့် ထိုင်းဘက်မှ ကန်ချနပူရီခရိုင်မှူး အပါအဝင် စုစု‌ပေါင်း လူ ၃၀ဝခန့် တက်‌ရောက်ကြသည် ဟု သိရသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ယခင်က တရားဝင်ဂိတ်အဖြစ် မြိတ်၊ ‌ကော့‌သောင်းနှင့် ‌မော‌တောင် စသည့်ဂိတ်များသာ ရှိခဲ့ ‌သော်လည်း ယခုလို ထီခီးဂိတ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူထုအတွက် ကုန်သွယ်‌ရေးနှင့် နယ်စပ်ဖြတ်‌ကျော်မှုကိစ္စ ပို၍ အဆင်‌ပြေမည်ဟု ‌မျှော်လင့်‌ကြောင်း ယင်း‌ဒေသရှိ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဂိတ်အသစ်ဖွင့်‌တော့လည်း သွားရလာရ လုပ်ကိုင်စား‌သောက်ရတာ ပိုအဆင်‌ပြေမယ်လို့ ‌မျှော်လင့်တယ်။ ‌နောက် ဖွင့်ပွဲ မှာ တနသင်္ာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်က ထိုင်းဘက်ခြမ်း သွားအလုပ်လုပ်မယ့်သူအတွက် တရားဝင်ဖြစ်‌အောင် လုပ်‌ပေးမယ်‌ပြောတယ်”ဟု ‌ပြောဆိုသည်။

လက်ရှိ မြန်မာဘက်ခြမ်းတွင် ဖွင့်လှစ်လိုက်သည့် ထီးခီးဂိတ် အနီးအနားတွင် ကတ်သရာခီးရွာ၊ ဆင်ဖြူတိုင်၊ ဝါး‌တော၊ အမို‌ကျေး ရွာများရှိပြီး မြန်မာဘက်ခြမ်းနှင့် ကီလိုမီတာအနည်းငယ်သာ ကွာ‌ဝေး‌သော ထိုင်းဘက်ခြမ်းရှိ ကန်ချနပူရီခရိုင်၊ ဗာန်းဖူးနာမ်းရွန်း ရွာအနီးတွင် လာမည့် ဇူလိုင်လ ၁ရက်‌နေ့၌ ဖွင့်လှစ်မည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် တရားဝင် နယ်စပ်ဂိတ်များအဖြစ် မြဝတီ၊ ဘုရားသုံးဆူ၊ တနသင်္ရီတိုင်းမှ ‌မော‌တောင်နှင့် ‌ကော့ ‌သောင်း နယ်စပ်ဂိတ်၊ သျှမ်းပြည်နယ်ဘက်တွင် တာချီလိတ်နယ်စပ်ဂိတ်တို့အပြင် ယခု အသစ်ဖွင့်လှစ်လိုက်‌သော ထီးခီးဂိတ် အပါအဝင် တရားဝင်ဂိတ် စုစု‌ပေါင်း ၆ခုရှိပြီ ဖြစ်သည်။