Home သတင်း ဖက်ဒရယ်ဂျာနယ် ပထမ ဦးဆုံးအကြိမ် စတင် ထုတ်‌ဝေ‌တော့မည်

ဖက်ဒရယ်ဂျာနယ် ပထမ ဦးဆုံးအကြိမ် စတင် ထုတ်‌ဝေ‌တော့မည်

2427
‌မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)


ညီ‌နောင်တိုင်းရင်းသားများဖက်ဒ‌ရေးရှင်း(NBF) က ဦး‌ဆောင်၍ ပထမဦးဆုံး ထုတ်‌ဝေမည့် ဖက်ဒရယ်ဂျာနယ် မိတ်ဆက်ပွဲ အခမ်း အနားကို ယ‌နေ့ ‌မေလ ၁၄ရက်‌နေ့မနက် တွင် ရန်ကုန်မြို့၊ ‌တော်ဝင်နှင်းဆီ စား‌သောက် ဆိုင်၌ ပြုလုပ်သွားခဲ့‌ကြောင်း သိရ သည်။

ယင်းဂျာနယ်ကို ပြည်တွင်းတွင် ဖက်ဒရယ်လစ်ဇင်အ‌ကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန်နှင့် ဖက်ဒရယ်အသိ ပညာ တိုးတက်လာ‌စေရန် ရည်ရွယ်ချက်များဖြင့် ထုတ်‌ဝေခြင်းဖြစ်‌ကြောင်း ယင်းဂျာနယ်တာဝန်ခံ အယ်ဒီတာ ‌မောင်ခိုင်‌အောင် (ဦးဦးလှ‌စော အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်‌ရေးပါတီ)က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီစာအုပ်ထုတ်‌ဝေခြင်းအားဖြင့် ဖက်ဒရယ်အ‌ကြောင်း ပိုသိလာမယ်။ State Building က ပိုပြီး စနစ်ကျလာမယ်။ တိုင်းရင်းသား ‌တွေ ရပိုင်ခွင့်နဲ ့ပတ်သက်လို ့ဒီမိုက‌ရေစီ‌ဘောင်ထဲက‌နေ ‌တောင်းတဲ့အခါမှာ ‌တောင်းတဲ့သူကလည်း အသိရှိရှိနဲ့ ‌တောင်းမယ်။ ‌ပေးတဲ့သူကလည်း အသိရှိရှိနဲ ့‌ပေးမယ်။ အဲ့ဒီလို ဒိုင်ယာ‌လော့‌လေး‌တွေ ‌ပေါ်လာရင် ပြည်‌ထောင်စုကြီးက ပိုခိုင်မာလာမယ်။ ဖက် ဒရယ်စနစ်လည်း ပိုခိုင်မာလာမယ်။ ဒီရည်ရွယ်ချက်နဲ ့ထုတ်‌ဝေတာပါ”ဟု တာဝန်ခံအယ်ဒီတာ ‌မောင်ခိုင်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖက်ဒရယ်ဂျာနယ် မိတ်ဆက်ပွဲ
ဖက်ဒရယ်ဂျာနယ် မိတ်ဆက်ပွဲ

စာမျက်နှာ ၁၈၆မျက်နှာပါ အဆိုပါဂျာနယ်ကို ချယ်ရီ‌ဖောင်‌ဒေးရှင်း၏ ‌ထောက်ပံ့ကူညီမှုဖြင့် အုပ်‌ရေ သုံး‌ထောင် ထုတ်‌ဝေခြင်းဖြစ် ပြီး တစ်အုပ်လျှင် ကျပ် ၁၅၀ဝနှုန်းနှင့် ‌ရောင်းချ သွားမည်ဖြစ်သည့်အပြင် ဆက်လက်၍လည်း သုံးလတစ်ကြိမ် ထုတ်‌ဝေသွားမည် ဖြစ်‌ကြောင်း ဖက်ဒရယ်ဂျာနယ် အယ်ဒီတာအဖွဲ့၏ ‌ပြောကြားချက်အရ သိရသည်။

ဖက်ဒရယ်ဂျာနယ် အမှတ်(၁)တွင် ဒီမိုက‌ရေစီအ‌ရေး၊ တိုင်းရင်းသားအ‌ရေးနှင့် ဖက်ဒရယ်လစ်ဇင်ဆိုင်ရာ ‌ဆောင်းပါးများ၊ ကရင် အမျိုးသား‌ခေါင်း‌ဆောင် ‌ဒေါက်တာစံစီဖိုး (၁၈၇၀-၁၉၄၆)နှင့် အာဇာနည်‌ခေါင်း‌ဆောင် မိုင်းပွန်‌စော်ဘွားကြီးစဝ်စံထွန်း(၁၉၀၇-၁၉၄၇)တို ့၏သမိုင်းများ ပါဝင်သည်။

ထို့အပြင် တိုင်းရင်းသားအ‌ရေး၊ ဖက်ဒရယ်အ‌ရေးနှင့်ပတ်သက်၍ နယ်ပယ်စုံမှ ထင်ရှားသူများ၏ ‌ပြောစကားများ၊ ပြည်‌ထောင်စု ဝန်ကြီး ဦး‌အောင်မင်း၊ SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်၊ ပါ‌မောက္ခ David Steinberg ၊ ပါ‌မောက္ခ‌စောထွန်း‌အောင်ချိန်တို့ နှင့် အင်တာဗျူးများ၊ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ် မှတ်တမ်းများနှင့် ကုလသမဂ္ဂဌာ‌နေ တိုင်းရင်းသားလူမျိုးများ အခွင့်အ‌ရေး ‌ကြေညာစာတမ်း(UNDRIP)၊ ဖွဲ ့စည်းပုံ ပြင်စရာစာတမ်းများ ‌ဖော်ပြပါရှိ‌ကြောင်း သိရသည်။