Home သတင်း ဟတ်ကြီးအနီးတွင် EGAT ကုမ္ပဏီ တိုင်လာ‌ရောက် စိုက်ထူ

ဟတ်ကြီးအနီးတွင် EGAT ကုမ္ပဏီ တိုင်လာ‌ရောက် စိုက်ထူ

2252
‌မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)
EGAT ကုမ္ပဏီမှ လာ‌ရောက်စိုက်ထူထား‌သောတိုင်
EGAT ကုမ္ပဏီမှ လာ‌ရောက်စိုက်ထူထား‌သောတိုင်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထီးသ‌ဒေါ့ထာ့‌ကျေးနယ် သံလွင်မြစ်အတွင်းရှိ ဟတ်ကြီးအနီး ‌တောင်ကြားတွင် ဆည်တည် ‌ဆောက်ရန် ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်‌ရေး အာဏာပိုင်အဖွဲ့ (Eletricity Generating Authority of Thailand-EGAT) ကုမ္ပဏီမှ လာ‌ရောက်၍ တိုင်စိုက်ထူထားသည်ဟု ‌ဒေသခံ များက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက “ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အဲဒီကုမ္ပဏီက တိုင်‌တွေ လာ‌ရောက်စိုက်ထူခဲ့တာဖြစ်တယ်။ သူတို့က တိုင်းတာမှု‌တွေလုပ်ပြီး တိုင်‌တွေစိုက်တယ်။ ကျ‌နော်တို့က‌တော့ ဒီကိစ္စအ‌ပေါ် နားမလည်‌တော့ ဘာမှ‌ပြောမတတ်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ တိုင်များ လာ‌ရောက်စိုက်ခဲ့သည့်အ‌ပေါ် EGAT ကုမ္ပဏီမှ ၎င်းတို့ ‌ဒေသခံများအား အသိ‌ပေးမှုများရှိ‌ကြောင်း၊ ‌လျော်‌ကြေး အနည်းငယ်လည်း ‌ပေးမည်ဟု‌ပြောခဲ့‌ကြောင်းနှင့် လိုအပ်ပါက ဟတ်ကြီးအနီးတဝိုက်ရှိ ရွာများကို ပဲခူးတိုင်းဘက်သို့ ‌ပြောင်း‌ရွှေ့ ‌ပေးမည်ဖြစ်‌ကြောင်း ‌ဒေသခံများကို ‌ပြောဆိုခဲ့သည်ဟု သူက ဆက်‌ပြောသည်။

EGAT ကုမ္ပဏီမှ တိုင်များလာ‌ရောက်စိုက်ထူပြီးသည့်‌နောက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖာပွန် (မု‌တြော်)ခရိုင်၊ တပ်မဟာ(၅)ကလည်း ဟတ်ကြီးဆည်တည်‌ဆောက်‌ရေး စီမံကိန်းဖြစ်‌မြောက်ပါက ဖြစ်‌ပေါ်လာနိုင်သည့် ဆိုးကျိုးနှင့်ပတ်သက်၍ ‌ဒေသခံရွာသားများအား သွား‌ရောက်ရှင်းလင်းခဲ့မှုများရှိသည်ဟု ‌ဒေသခံရွာသားများအား ကိုယ်တိုင် သွား‌ရောက်ပညာ‌ပေးခဲ့သူ KNU အဖွဲ့ဝင်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဟတ်ကြီးဆည်တည်‌ဆောက်ရင် သံလွင်မြစ်ရဲ့ ထိုင်းဘက်ခြမ်းက ‌ဒေသခံ‌တွေ ထိခိုက်မှု မရှိ‌ပေမယ့် ကရင်ပြည်နယ် ဘက်ခြမ်းမှာ‌တော့ ရွာကိုးရွာ ‌ရေလွှမ်းပြီး ဖျက်စီးနိုင်တယ်။ ‌နောက် ဥယျာဉ်ခြံ၊ လယ်ယာ၊ ‌တောင်ယာ‌မြေ‌တွေ ပျက်စီးမယ်။ ဒါ‌ကြောင့် ဒီစီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်ကြဖို့ ‌ပြောပြတယ်”ဟု ဆိုသည်။

ဟတ်ကြီးဆည် တည်‌ဆောက်‌ရေးစီမံကိန်း ဖြစ်‌မြောက်ပါက ထိုအနီးအနားရှိ ထီးသ‌ဒေါ့ထာ့၊ ပတဲထာ့၊ ဘုရား‌ကျောင်း၊ ဘီလူး ‌ကျော့၊ ရာမထာ့၊ က‌လောတယ်‌ထော့၊ မယ်လား၊ မယ်ပ‌ရေဒို့၊ မယ်ပ‌ရေ့‌စေ့နှင့် ‌ကျောက်တလုံး စသည့်ရွာကိုးရွာ ‌ရေထဲနစ်မြှုပ် နိုင်သည်ဟု သိရသည်။


၎င်းဆည်ပညာ‌ပေးခဲ့သူ KNU အဖွဲ့ဝင်က “တိုင်လာ‌ထောင်တုန်းက တပ်မဟာ(၅)က လူကြီး‌တောင် မသိကြဘူး။ ‌နောက်မှ အဲဒီ ‌ဒေသမှာ တာဝန်ကျတဲ့ စစ်သား‌တွေ ပြန်လာ‌ပြောပြမှ သိရတာ။ အခု တိုင်လာ‌ထောင်ထားတဲ့ ‌တောင်ကြား‌နေရာဟာ ဟတ်ကြီး က‌နေ ‌ခြေလျင်နဲ့ မိနစ် ၂၀‌လောက်ပဲ ရှိတယ်”ဟု ‌ပြောသည်။

လက်ရှိ ဟတ်ကြီး‌ရေကာတာစီမံကိန်း‌နေရာ အနီးအနားတဝိုက်တွင် မြန်မာစစ်တပ်နှင့် နယ်ခြား‌စောင့်တပ်-BGF အမှတ်(၁၀၁၄) တပ်ရင်းတို့ အ‌ခြေစိုက်‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ထိုင်း EGAT ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ဆိုင်နိုဟိုက်ဒရို ကုမ္ပဏီတို့က ကရင်ပြည်နယ် အတွင်းရှိ သံလွင်မြစ်‌ပေါ်၌ ဟတ်ကြီးဆည်တည်‌ဆောက်‌ရေး သ‌ဘောတူညီချက်ကို ၂၀၀၆ခုနှစ်က သ‌ဘောတူလက်မှတ်ထိုးခဲ့ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ရာကွန်ယက်၏ အင်တာနက် စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ဟတ်ကြီးဆည် တည်‌ဆောက်‌ရေးအတွက် ပဏာမခန့်မှန်းမှုမှာ အ‌မေရိကန်‌ဒေါ်လာ သန်း ၁,၀၀ဝ ကုန်ကျမည်ဟု သတ်မှတ် ထားသလို လျှပ်စွမ်းအား ၁,၂၀ဝ မဂ္ဂါဝပ် တပ်ဆင်ရန် လျာထားပြီး ဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ‌ရောင်း ချ‌ပေးပို့ရန် ရည်ရွယ်ထားသည်ဟု မြန်မာနိုင်ငံ မြစ်‌ချောင်းများဆိုင်ကွန်ယက်က ဆိုသည်။