Home သတင်း ဘိလပ်‌မြေစက်ရုံတည်‌ဆောက် မည်ကို မိကရင်ရှိသံဃာနှင့် လူထု(၁၄၀၀)‌ကျော်ကန့်ကွက်

ဘိလပ်‌မြေစက်ရုံတည်‌ဆောက် မည်ကို မိကရင်ရှိသံဃာနှင့် လူထု(၁၄၀၀)‌ကျော်ကန့်ကွက်

1592
‌မေလ ၁၈ရက၊် ၂၀၁၃ခုနှစ်၊ ‌ကေအိုင်စီ။

ကရင်ပြည်နယ်၊ ဖားအံမြို့ မိကရင်‌ကျေးရွာ အနီးတွင် (SHREE CEMET COMPANY) မှ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်မည်ကို ကန့်ကွက်သည့်အ‌နေဖြင့် မိကရင်‌ကျေးရွာအုပ်စု အတွင်းရှိ သံဃာနှင့်လူထု(၁၄၀၀)‌ကျော် လက်မှတ်ထိုး၍ မြန်မာအစိုးရထံသို့ ကန့်ကွက်စာ တင်လိုက်ပြီဖြစ်သည်။

ယင်းကန့်ကွက်စာကို ဖားအံမြို့အ‌ခြေစိုက် ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)သို့ အကူ အညီ‌တောင်းခံကာ ထိုမှတဆင့် ယမန်‌နေ့ ‌မေလ(၁၇)ရက်‌နေ့က ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ ဖားအံမဲဆန္ဒနယ် ပြည် သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌စေအွာက ‌နေပြည်‌တော် ပြည်သူ့လွှတ် ‌တော်ရုံး၊ စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့‌ပေးပို့လိုက်သည်ဖြစ်သည်။

“သူတို့‌တောင်းဆိုချက်အတိုင်း ကျွန်မတို့လုပ်‌ပေးတာဖြစ်တယ်။ ‌ဒေသခံ‌တွေက ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရင် သူတို့ရဲ့ ‌ဒေသမှာရှိတဲ့‌တောင်‌တွေဟာ လက်ပံ‌တောင်း‌တောင်‌တွေလို အဖြိုခံရမှာပူပန်ကြတယ်‌လေ။ ဒါ‌ကြောင့် အခုကန့်ကွက်ကြတာလဲ ဒီမိုက‌ရေစီကျင့်စဉ်နဲ့ အညီသူတို့ရဲ့ သ‌ဘောဆန္ဒကို တင်ပြခွင့်ရှိလို့ တင်ပြတယ်လို့ပဲ ကျွန်မယူဆတယ်။” ဟု‌ဒေါ်နန်း‌စေအွာက ‌ကေအိုင်စီသို့‌ပြောသည်။

ဖားအံမြို့နယ် မိကရင်‌ကျေးရွာအုပ်စုအတွင်းရှိ မိကရင်၊ ‌ပေါ်‌တော်မူနှင့် ကြာအင်း‌ပေါ်‌တော်မူ စသည့်ရွာ (၃)ရွာတို့မှ လူထုနှင့်သံဃာတို့က လက်မှတ်‌ရေးထိုး၍ အချက်(၇)ချက်ပါ ကန့်ကွက်စာကို သက်ဆိုင်ရာအစိုးရဌာနများသို့ တင်ပြ‌ပေးရန် (PSDP) ပါတီထံအကူအညီ ‌တောင်းခံခဲ့ခြင်းရှိသည် ဟုလည်း ‌ဒေါ်နန်း‌စေအွာက ဆက်‌ပြောသည်။ ၎င်းကန့်ကွက်စာပါ အချက်များထဲတွင် ဘိလပ် ‌မြေစက်ရုံတည်‌ဆောက်ရာ၌ ‌ကျောက်မီး‌သွေး လျှပ်စစ်ဓါတ်အား‌ပေးစက်ရုံ တည်‌ဆောက်မှုအစီအစဉ် ပါရှိခြင်း၊ သံလွင်မြစ်‌ရေဖြင့် သန့်စင်ခြင်း‌ကြောင့် ထွက်ရှိလာမည့် စွန့်ထုတ်‌ရေအညစ်အ‌ကြေးများ ‌မြေ‌အောက်‌ရေကို ညစ်ညမ်း‌စေနိုင်ခြင်းနှင့် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်မည့်ကုမ္မဏီသည် ‌ဒေသခံစီးပွား‌ရေး လုပ်ငန်းရှင်မဟုတ်ခြင်း စသည့်တို့အပါအဝင် အချက်(၇)ချက်ပါဝင်သည်။

‌ဒေါ်နန်း‌စေအွာက “‌ဒေသခံ‌တွေကန့်ကွက်တဲ့ အချက်(၇)ချက်မှာဆိုရင် အဓိကအချက် ‌တွေ့ရတာ က ‌ဒေသခံကုမ္မဏီမဟုတ်တဲ့အတွက်မို့ ရှိပြီးသားစက်ရုံ (၂)ရုံ‌ကြောင့် အနီးအနားမှာ ရှိတဲ့ ‌တောင်သူလယ်သမား‌တွေအခုထိ လူမှုပြဿနာခံစား‌နေရတုန်းပဲ။ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်တုန်းက ‌ပေးထားတဲ့ ကတိကဝတ်‌တွေအခုထိ ဘာမှမထူး‌သေးဘူး ” ဟု ဖြည့်စွက်‌ပြောဆိုသည်။

ဒီမိုက‌ရေစီနည်းလမ်းအရ အစိုးရအ‌နေဖြင့် စီမံကိန်းတခုခု‌ကြောင့် ‌မြေကွက်တခုအားသိမ်း မည်ဆိုပါက ‌မြေတိုင်းမိန့်ထုတ်ရခြင်း၊ အများပြည်သူသိ‌စေရန် စာများလိုက်ကပ်ရခြင်း၊ သိမ်းမည့်‌မြေကွက်ကို လူထုမှ သ‌ဘောတူညီမှု စစ်တမ်း‌ကောက်ယူခြင်းနှင့် နှစ်နာ‌ကြေး‌ပေး‌ဆောင် ခြင်း စသည်တို့ကိုပြုလုပ်ရမည်ဖြစ်‌ကြောင်း (PSDP) ကဆိုသည်။

မိကရင်‌ဒေသရှိ သံဃာနှင့်လူထုများ စက်ရုံတည်‌ဆောက်မှုကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာ အစိုးရထံမှ ၎င်းတို့၏ကန့်ကွက်စာကို တင်‌ပေးရန် ‌မေလ(၁၄)ရက်‌နေ့က (PSDP)ပါတီအား ‌မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လက ((SHREE CEMET COMPANY) သည် မိကရင် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန် စတင်အ‌ကောင်အထည်‌ဖော်ခဲ့‌သော်လည်း ယခု အချိန်ထိ ‌ဒေသခံများနှင့် တစ်စုံတစ်ရာသ‌ဘောတူညီမှုများမရှိ‌သေးသလို မည်သည့်အချိန်တွင် ဆက်လက် တည်‌ဆောက်မည်ကို အချိန်အတိအကျမသိရ‌သေး‌ကြောင်း (PSDP)က ‌ပြောဆို သည်။