Home သတင်း မယ်လ ဒုက္ခသည်စခန်း အတွင်း လူသတ်မှု တစ်ခုဖြစ်ပွား

မယ်လ ဒုက္ခသည်စခန်း အတွင်း လူသတ်မှု တစ်ခုဖြစ်ပွား

1821
‌မေလ ၂၁ ရက၊် ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း ( ‌ကေအိုင်စီ)

ထိုင်း – မြန်မာနယ်စပ် မယ်လဒုက္ခသည် စခန်းအတွင်းရှိ ရပ်ကွက် A-5 အတွင်း ‌နေထိုင်သူ သားမက်မှ ‌ယောက်က္ခထီးကို ဓားဖြင့် ထိုးသတ်သည့် အမှုတစ်ခု ‌မေလ ၂ဝ ရက်‌နေ့ ည၈ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ‌သေဆုံးသူ ဦးဝင်း‌အောင် နှင့် သားမက်ဖြစ်သူ စိုင်းကိုကိုတို့ နှစ်ဦး အဆိုပါည‌နေတွင် အရက်အတူ‌သောက်ပြီး တစ်ဦးနှင့်တစ်ဦး အ‌ခြေအတင် စကားများရာမှ ယခုလိုဖြစ်ပွား ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးပြီးချင်းတွင် စခန်းတာဝန်ရှိသူများ ၊ စခန်းအတွင်းရှိ ထိုင်းလုံခြုံ‌ရေး နှင့် သက်ဆိုင်ရာ ရဲအာဏာပိုင်များမှ လာ‌ရောက်စစ်‌ဆေးမှတ်တမ်း ယူမှုများပြုလုပ်ပြီး အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း မယ်လဒုက္ခသည်စခန်း‌ကော်မတီမှ အတွင်း‌ရေးမှုး (၁) ဖြစ်သူ ဆရာ‌စောအဲ့ကလယ် က‌ပြောသည်။

“ အခုလိုကိစ္စ‌တွေ ဖြစ်‌တော့ ဒီကထိုင်း ရဲ‌တွေ လာပြီးမှတ်တမ်းယူတယ် ဒီလိုပဲ စခန်းတာဝန်ရှိသူ‌တွေနဲ့လည်း ပူး‌ပေါင်းလုပ်‌ဆောင်ရတာ‌ပေါ့၊ ဥပ‌ဒေအတိုင်းပဲ ဆက်လက်လုပ်‌ဆောင်သွားမှာပါ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌သေဆုံးသူ ဦးဝင်း‌အောင်မှာ အသက် ၄၂ နှစ်ခန့်ရှိပြီး လည်ဂုတ်တွင်ဓားဒဏ်ရာ တစ်ချက် ၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်း ဒဏ်ရာ ၃ ချက် နှင့် ဘယ်ဖက် လက်‌မောင်းတွင် ပြတ်ရှဒဏ်ရာ ၂ ချက်ရရှိပြီး အခင်းဖြစ်ပွား ရာ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးသွားသည်ဟု သိရသည်။

ထို့‌နောက် ‌သေဆုံးသွားသူအား သက်ဆိုင်ရာမှ မှုခင်းဆိုင်ရာ ‌ဆေးစစ်ချက် မှတ်တမ်းရယူအပြီး ယ‌နေ့ နံနက်ပိုင်းတွင် စခန်းအတွင်းရှိ သုသာန်တွင် သဂြိုလ်ပြီးစီးသွားပြီဖြစ်ပြီး သားမက်ဖြစ်သူ စိုင်းကိုကို အသက် ၂၄ နှစ်မှာ ထွက်‌ပြေး တိမ်း‌ရှောင်‌နေဆဲဖြစ်‌ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာတွင် ပါဝင်သူနှစ်ဦးစလုံးမှာ လွန်ခဲ့‌သော ၂ နှစ်ခန့်မှစ၍ စခန်းအတွင်း ‌ပြောင်း‌ရွေ့‌နေထိုင်သူများ ဖြစ်ကြပြီး အချင်းချင်းအကြား မကြာခဏ စကားများ ရန်ဖြစ်ပွား‌လေ့ရှိ‌ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးမှ ‌ပြောပြသည်။

မယ်လဒုက္ခသည် စခန်းအတွင်း အလားတူ မှုခင်းမျိုး ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူး‌ကြောင်း သိရသည်။