Home သတင်း ကဆုန်‌ညောင်‌ရေသွန်းပွဲ တွင် ‌လောင်းကစားများ ပါဝင်လာ

ကဆုန်‌ညောင်‌ရေသွန်းပွဲ တွင် ‌လောင်းကစားများ ပါဝင်လာ

1749
‌မေလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကဆုန်လပြည့် ‌ညောင်‌ရေသွန်းပွဲ‌တော်၌ ‌လောင်း ကစားဝိုင်းများ ပါဝင်လာသည်ဟု ‌ဒေသခံ များက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုပွဲသည် လှာကမြင်ဘုန်းကြီး အရှင်သီလာနန္ဒ (‌ခေါ်) ဦးဇင်းက‌လေးနှင့် ‌တောင်က‌လေးရွာ‌နေ အငြိမ်းစား စစ်မှုထမ်း‌ဟောင်း ဦးစန်းကိုတို့က ဦးစီးပြုလုပ်ကြခြင်းဖြစ်ပြီး ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၏ ခွင့်ပြုချက်မပါဘဲ ကျင်းပခြင်းဖြစ်‌ကြောင်း ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်က ဒီလို‌လောင်းကစားပွဲ‌တွေကို ခွင့်မပြုပါဘူး။ လှာကမြင်ဘုန်းကြီးက သူလုပ်မယ်။ သူဌာနဆိုင်ရာ‌တွေနဲ့ ပိုင်တယ်။ သူ တာဝန်ခံမယ်လို့ ကျ‌နော့်ကို ‌ပြောတယ်။ ကျ‌နော့်‌ကျေးရွာဆို‌တော့ ကျ‌နော့်မှာ တာဝန်ရှိတယ်။ ဒါ‌ကြောင့် ‌ကျေးရွာမှာ ထူးခြားဖြစ် စဉ်အ‌နေနဲ့ ၂၄ရက်‌နေ့မှာ အထက်(အုပ်ချုပ်‌ရေးအထက်ပိုင်း)ကို ကျ‌နော် စာတင်လိုက်ပြီး”ဟု ‌စော‌ဌေး‌ကျော်မျိုးက ‌ပြောသည်။

ဇာတ်ပွဲများပါဝင်သည့် အဆိုပါ ‌လောင်းကစားပွဲကို ၂၃ရက်‌နေ့တွင် စတင်ခဲ့ကြပြီး လှာကမြင်ဘုန်းကြီး‌ကျောင်း၏ ‌တောင်ဘက် ‌ဘေး‌နေရာတွင် ပြုလုပ်ကျင်းပလျှက်ရှိရာမှ မိုးရွာသွန်းမှု‌ကြောင့် ဘုန်းကြီး‌ကျောင်းဝင်းအတွင်းထဲသို့ ‌ပြောင်း‌ရွှေ့ခဲ့ကြသည်ဟု ရွာသားတစ်ဦးက ‌ပြောသည်။

“ပွဲက (၂၃)ရက်‌နေ့ညမှာ စတင်‌နေပြီး‌လေ။ ဇာတ်ပွဲတို့၊ ‌လောင်းကစားပွဲတို့လည်း ရှိတယ်။ မိုးရွာရင် ‌ဈေးဆိုင်တို့၊ ‌လောင်းကစား ဝိုင်းတို့က ဘုန်းကြီး‌ကျောင်းမှာပဲ ဝင်လာပြီး ကစားကြတယ်‌လေ”ဟု သူက ‌ပြောသည်။

‌လောင်းကစားပွဲများကို ဘာသာ‌ရေးပွဲနှင့် တွဲ၍ကျင်းပသူ လှာကမြင်ဘုန်းကြီး ဦးဇင်းက‌လေးနှင့် ဦးစန်းကိုတို့သည် အစိုးရဌာန ဆိုင်ရာများနှင့်လည်း ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြပြီး လွန်ခဲ့သည့်နှစ်များက ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိ အမည် ကို အသုံးပြု၍ တရားမဝင် လိုင်စင်မဲ့ကားများကိုလည်း ‌ရောင်းဝယ်မှုများ ရှိခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရ သည်။