Home သတင်း ဖာပွန်ခရိုင်အတွင်း ‌လေပြင်း မုန်တိုင်း တိုက်ခတ်သဖြင့် လူ‌နေအိမ် ၂၀‌ကျော် ပျက်စီး

ဖာပွန်ခရိုင်အတွင်း ‌လေပြင်း မုန်တိုင်း တိုက်ခတ်သဖြင့် လူ‌နေအိမ် ၂၀‌ကျော် ပျက်စီး

1630
‌မေလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)
မုန်တိုင်း‌ကြောင့် ပျက်စီးသွားသည့် လူ‌နေအိမ်တစ်လုံး
မုန်တိုင်း‌ကြောင့် ပျက်စီးသွားသည့် လူ‌နေအိမ် တစ်လုံး

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ် ‌ကေး‌သေး‌ကျေးနယ်တွင် ‌မေ လ ၁၆ရက်‌နေ့ မွန်းလွဲ ၃း၁၅မိနစ်အချိန် တွင် ‌လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် စာသင်‌ကျောင်းများ အပါအဝင် လူ‌နေအိမ် ၂၀‌ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ‌ဒေသခံ ရွာသားများက ‌ပြောသည်။

အဆိုပါ ‌လေပြင်းမုန်တိုင်း တိုက်ခတ်မှု‌ကြောင့် ‌ကေး‌သေး‌ကျေးနယ်ရှိ ‌ဒေးပူနို‌ကျေးရွာမှ စာသင်‌ကျောင်း ၂‌ကျောင်း၊ ‌ဘော်ဒါ ‌ဆောင် ၂‌ဆောင်နှင့် လူ‌နေအိမ် ၁ဝလုံး‌ကျော် ပျက်စီးသွားခဲ့ပြီး ကလို‌ဘောခို၊ ‌ဖော‌စေးပူ၊ ‌သေခါထာ၊ ထီး‌လေးကွီးနှင့် ‌သေး‌ကေး ဒဲ စသည့်‌ကျေးရွာများမှလည်း လူ‌နေအိမ် ၁ဝလုံး‌ကျော် ပျက်စီးသွားခဲ့‌ကြောင်း သိရှိရသည်။

‌ဒေးပူနိုရွာသူတစ်ဦးက “‌လေက အ‌ရှေ့ဘက်ခြမ်းမှာ စတိုက်တယ်။ ပြီး‌တော့ မိုးခြိမ်းတယ်။ တဆက်တည်းမှာပဲ မိုးက ရွာလာ တယ်။ ‌လေတိုက်တာ တအားပြင်းအခါကျ‌တော့ သစ်ပင်‌တွေပြိုလဲ၊ ‌နေအိမ်တချို့ပြိုလဲပြီး အိမ်‌ခေါင်မိုး‌တွေ လှန်ကုန်တယ်”ဟု ‌ပြောသည်။

အချိန် ၁၅မိနစ်‌ကျော်ကြာ တိုက်ခတ်သည့် ထို‌လေပြင်းမုန်တိုင်း‌ကြောင့် လူအ‌သေအ‌ပျောက်နှင့် ထိခိုက်မှု တစုံတရာ မရှိ‌သော် လည်း ‌သေး‌ကေးဒဲ‌ကျေးရွာ၌ သစ်ပင်များ လဲကျသဖြင့် ကျွဲ ၁‌ကောင် ထိမှန်‌သေဆုံးသွားခဲ့သည်။

အဆိုပါ ‌ဒေးပူနိုရွာသူက “ပျက်စီးသွားတဲ့ ‌နေအိမ်တစ်ချို့ကို ပြန်လည်ပြုပြင်မှု‌တွေ လုပ်‌နေပါပြီ။ ဒါ‌ပေမယ့် စာသင်‌ကျောင်းကို ပြန်လည်ပြုပြင်ဖို့အတွက် အကူအညီ‌တွေ လိုအပ်‌နေတယ်လို့ ‌ကျောင်းအုပ်ဆရာမက ‌ပြောတယ်”ဟု ‌ပြောသည်။

ထို‌လေပြင်းမုန်တိုင်းကျ‌ရောက်သည့် ‌ကေး‌သေး‌ကျေးနယ်တွင် ‌ကျေးရွာ‌ပေါင်း ၉ရွာရှိပြီး ယခုကဲ့သို့ ‌လေပြင်းမုန်တိုင်းတိုက်ခတ်၍ လူ‌နေအိမ်များ ပျက်စီးမှုရှိခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ‌ဒေသခံရွာသားများက ဆိုသည်။

‌မေလလယ်ပိုင်းအတွင်း မြန်မာနိုင်ငံ ‌ဒေသတချို့တွင် မုန်တိုင်းဝင်‌ရောက်နိုင်သဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် သတိ‌ပေးမှုများ၊ ကြိုတင်ကာကွယ်မှု ‌ဟော‌ပြောခြင်းများကို ကရင်ပြည်နယ်၊ ဘားအံမြို့၌လည်း ‌မေလ ၁၆ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။