Home သတင်း ‌ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ် ဓါတ်တိုင်သွယ်တန်းမှု‌ကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး

‌ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ် ဓါတ်တိုင်သွယ်တန်းမှု‌ကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး

2377
‌မေလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)
နှစ်ရှည်ပင်ပျက်စီးမှုနှင့် လျှပ်စစ်ဓာတ်တိုင်ကိုရွာသူတစ်ဦးမှ ပြသ‌နေစဉ်
နှစ်ရှည်ပင်ပျက်စီးမှုနှင့် လျှပ်စစ်ဓာတ်တိုင်ကို ရွာသူတစ်ဦးမှ ပြသ‌နေစဉ်

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ‌ရွှေသံလွင် ကုမ္ပဏီသည် ‌မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်‌လျှောက် တွင် ‌ဒေသခံများ ၏ ‌ရော်ဘာပင် များနှင့် နှစ်ရှည်ပင်များ ‌မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ‌ဒေသခံ များ ‌လျော်‌ကြေး‌ငွေ တစ်စုံတစ်ရာ မရရှိ‌ကြောင်း ‌ဒေသခံများက ‌ပြော သည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် သက်ဆိုင်ရာ ‌ဒေသခံများကို ညှိနှိုင်း‌ဖြေရှင်းမှုများ မလုပ်‌ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် ‌လျှောက် ပျက်စီးဆုံးရှုံးကြသည့် ‌ဒေသခံများ၏ ရာဘာပင်များနှင့် အခြားနှစ်ရှည်ပင်များကိုလည်း ‌လျော်‌ကြေး‌ငွေ မရရှိ‌ကြောင်း ရာဘာနှင့် နှစ်ရှည်ပင် ပျက်စီးဆုံးရှုံးခံရသူ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ‌ရေ‌ကျော်၊ မ‌ဟော်ဂနီလမ်းမှ နန်းမြင့်မြင့်ဇင်က ‌ပြော သည်။

“ကျမ ရာဘာခြံကို လျှပ်စစ်ဓါတ်တိုင်ဖြတ်‌တော့ ရာဘာပင်‌တွေ၊ နှစ်ရှည်ပင်‌တွေ ရာ‌ထောင်ချီပြီး ပျက်စီးသွားတယ်။ ဖြတ်တဲ့လမ်း ‌ကြောင်းမှာ ဧက(၂၀)‌လောက် ရှိတာကိုး။ လျှပ်စစ်ဓါတ်တိုင် သွယ်တန်းတဲ့ ကန်ထရိုက် ‌ဇော်မျိုး‌အောင်က ကျမကို ‌ပြောတယ်။ ‌ရွှေသံလွင် ကုမ္ပဏီသူ‌ဌေး လာရှင်းမယ်တဲ့။ အခုထိ ဘယ်သူမှ မလာဘူး။ ဘာ‌လျော်‌ကြေး‌ငွေမှ မ‌ပေးဘူး”ဟု ‌ပြောသည်။

ယင်းသို့ ပျက်စီးသွားခဲ့သည့် ‌ဒေသခံများ၏ နှစ်ရှည်ခံအပင်များကို ‌ရွှေသံလွင်ကုမ္ပဏီက ‌ဖြေရှင်း‌ပေးရန်နှင့် ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာကို ‌ဒေသခံများက သွား‌ရောက် အကူအညီ‌တောင်းမည်ဖြစ်‌ကြောင်း နန်းမြင့်မြင့် ဇင်က ‌ပြောသည်။

Shwe Thanlwin company electric
ကရင်ပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ‌စောကြည်လင်းက လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်းရာ၌ မလွဲမ‌ရှောင်သာ၍ ‌ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်မှုများရှိခဲ့‌သော် ‌ဒေသခံများနှင့် ‌ဆွေး‌နွေးတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းအရ ပျက်စီးသွား သည့် ‌ဒေသခံများ၏ ရာဘာပင်များ၊ နှစ်ရှည်ပင်များအတွက် ‌လျော်‌ကြေး‌ငွေများ အဆင့်ဆင့် ‌ပေး‌ဆောင်ရမည်ဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် လျှပ်စစ်ဓါတ်တိုင်‌တွေ သွယ်တန်းရာမှာ အတတ်နိုင်ဆုံး ‌ဒေသခံ‌တွေရဲ့ အကျိုးစီးပွား မထိခိုက်‌အောင် လုပ်ရပါတယ်။ မ‌ရှောင်ကွင်းနိုင်လို့သာ ‌ဒေသခံများရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုများရှိခဲ့ရင် ‌ဒေသခံ‌တွေနဲ့ ‌ဆွေး‌နွေးတိုင်ပင်ပြီး ပျက်စီးသွားတဲ့ အရာ‌တွေ၊ အပင်‌တွေကို ‌လျော်‌ကြေး‌ငွေများ ‌ပေး‌ဆောင်ရပါတယ်”ဟု ‌စောကြည်လင်းက ‌ပြောဆိုသည်။

‌ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်‌နေသည့် ‌မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ သွယ်တန်းထား‌သော လျှပ်စစ်ဓါတ်တိုင်လမ်းတစ် ‌လျှောက်ရှိ ‌ဒေသခံများ၏ ရာဘာခြံများ၊ ဥယျာဉ်ခြံများအပြင် ဘားအံမြို့အ‌ဝေး‌ပြေးကားဂိတ် အ‌ရှေ့ဘက် ကြာအင်း‌တောင်‌ခြေ ရင်းရှိ ‌ဒေသခံများ၏ ရာဘာနှင့် နှစ်ရှည်ပင်များလည်း ပျက်စီးဆုံးရှုံးခဲ့‌သေးသည်။

ထိုပျက်စီးမှုများကို ‌ရွှေသံလွင်ကုမ္ပဏီက ယခုအချိန်ထိ ‌ဒေသခံများနှင့် လာ‌ရောက်‌ဆွေး‌နွေးမှုများ၊ ‌လျော်‌ကြေး‌ငွေများ ‌ပေး ‌ဆောင်ခြင်းများ မရှိ‌သေး‌ကြောင်း သိရှိရသည်။