Home သတင်း AIDS ဖြင့် ကွယ်လွန်သူ များ ‌အောက်‌မေ့ဖွယ် ‌ဒေါ်စု တက်‌ရောက်

AIDS ဖြင့် ကွယ်လွန်သူ များ ‌အောက်‌မေ့ဖွယ် ‌ဒေါ်စု တက်‌ရောက်

1694
‌မေလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

486269_459394040818801_339870230_n
၈ကြိမ်‌မြောက် ခုခံအားကျဆင်းသည့် ‌ရောဂါ(AIDS)ဖြင့် ကွယ်လွန်သူများအား ‌အောက်‌မေ့ဖွယ် မီးထွန်းဆု‌တောင်းပွဲကို ယမန် ‌နေ့ မွန်းလွဲ ၂နာရီက လူမှုကွန်ယက်‌ပေါင်းစပ် အဖွဲ့ (HIV) မှ ဦးစီး၍ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပရာ UNAIDS သံတမန် အဖြစ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ တက်‌ရောက်ခဲ့သည်။

၎င်းဆု‌တောင်းပွဲတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်က အမှာစကား ‌ပြောကြားရာ၌ HIV ပိုးဖြင့် ‌နေထိုင်သူများအား ခွဲခြားဆက်ဆံ ခြင်းများ ‌လျော့ကျ‌စေရန်နှင့် မူးယစ်‌ဆေးသုံးစွဲသူများအတွက် ပြန်လည်ထူ‌ထောင်‌ရေးစခန်းများ ပြန်လည် အ‌ကောင်အထည် ‌ဖော်ရန်အတွက် တိုက်တွန်း‌ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

သူမက “အ‌ခြေခံအားဖြင့် ဘဝကို ရင်ဆိုင်ရဲတဲ့ သတ္တိနည်းတဲ့လူ‌တွေက ခွဲခြားဆက်ဆံကြတာ။ ကျမတို့ရဲ့ ‌လောကကြီးမှာ လူအ မျိုးမျိုး ရှိတယ်။ ပြဿနာအမျိုးမျိုး၊ အားနည်းချက်အမျိုးမျိုး ရှိပါတယ်။ အခြားလူ‌တွေကို အပြစ်မကင်းရ‌ကောင်းလားဆိုပြီး ခွဲခြား ဆက်ဆံစရာ အ‌ကြောင်းမရှိဘူးလို့ မြင်တယ်။”ဟု မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုသွားသည်။

ထိုသို့ ခွဲခြားမှုများ ကင်း‌ဝေး‌စေရန်အတွက် ပညာ‌ပေးမှုများလိုအပ်ပြီး ပညာ‌ပေး‌သော‌နေရာတွင် အစိုးရဘက်ပိုင်းမှ အဓိက တာဝန်ရှိသူများဖြစ်‌ကြောင်း၊ မူးယစ်‌ဆေးဝါးနှင့် ပတ်သက်၍ ပြန်လည်ထူ‌ထောင်‌ရေးစခန်းများ မရှိခြင်းမှာ မှားယွင်း‌ကြောင်းကို လည်း သူမက ရှင်းလင်း‌ပြောဆိုခဲ့သည်။

မီးထွန်းဆု‌တောင်းပွဲသို့ အမျိုးသားခုခံအားနှင့် ကာလသားတိုက်ဖျက်‌ရေးဌာနမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အ စည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ LNGO များ၊ လူထုအ‌ခြေပြုအဖွဲ့အစည်းများ စုစု‌ပေါင်းလူအင်အား ၂၀ဝခန့် တက်‌ရောက်ခဲ့ကြသလို ဟိန္ဒူ၊ အစ္စလမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာများဖြင့်လည်း AIDS ဖြင့် ကွယ်လွန်သွားကြသူများအတွက် ‌မေတ္တာပို့ကာ မီးထွန်းညှိ ဆု‌တောင်း‌ပေးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။

“အခုလို အ‌မေစုက အား‌ပေးစကား‌တွေ၊ တိုက်တွန်းစကား‌တွေ လာ‌ပြော‌တော့ အင်မတန် အားရပါတယ်။ ကျ‌နော်တို့ ‌မျှော်လင့်ရ ကျိုးလည်း နပ်ပါတယ်။ အ‌မေစုတိုက်တွန်းသလိုမျိုး ဖြစ်လာဖို့လည်း ‌မျှော်လင့်ပါတယ်။”ဟု လူမှုကွန်ယက်အဖွဲ့မှ ဆု‌တောင်းပွဲ တက်‌ရောက်သူတစ်ဦးက ‌ပြောဆိုသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၅ခုနှစ်မှ စတင်၍ HIV/AIDS ပညာ‌ပေးအဖွဲ့များ၊ INGOs များ၊ လူမှု ‌ရေးကွန်ယက်များက ကျင်းပလာခဲ့ကြသည်။