Home သတင်း လက်နက်ကိုင်အဖွဲ့ ‌မြေ‌နေရာ တွင် အဖွဲ့အစည်းအလံ များ ဖြုတ်ရန် တပ်မမှူး ညွှန်ကြား

လက်နက်ကိုင်အဖွဲ့ ‌မြေ‌နေရာ တွင် အဖွဲ့အစည်းအလံ များ ဖြုတ်ရန် တပ်မမှူး ညွှန်ကြား

1729
‌မေလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ဲမြဝတီမြို့ မြင်ကွင်း
မြဝတီမြို့ မြင်ကွင်း

မြဝတီခရိုင်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အ စည်းနှင့် ပတ်သက်သည့် ‌မြေ‌နေရာများတွင် အလံတိုင်များ စိုက်ထူထားခြင်းကို ‌မေလ ၂၉ရက်‌နေ့မှစ၍ ဖြုတ်ပစ်ရန် ယ‌နေ့ပြုလုပ်သည့် အပတ်စဉ် အစည်းအ‌ဝေးတွင် အစိုးရတပ် တပ်မ(၂၂)မှူး ဗိုလ်မှူးချုပ် ထင်‌မော်ထွန်းက ‌ပြောဆို လိုက်သည်။

မြဝတီမြို့ ‌အေးချမ်းဖြိုးရိပ်သာလမ်းရှိ ‌ရှေ့တန်းရုံးတွင် ယ‌နေ့မနက် ၉နာရီမှ ၁၁နာရီအထိ ပြုလုပ်‌သော ဌာနဆိုင်ရာ သတင်းညှိ နှိုင်း အစည်းအ‌ဝေး၌ တပ်မမှူးက ‌ပြောဆိုလိုက်ခြင်းဖြစ်‌ကြောင်း အစည်းအ‌ဝေး တက်‌ရောက်သူ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံး ဒုတာဝန်ခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တချို့အဖွဲ့အစည်း‌တွေက ပိုင်ရှင်ရှိလျက်နဲ့ သိမ်းယူထားတဲ့ ‌မြေ‌နေရာ‌တွေ ရှိတယ်‌လေ။ အဲဒီ‌မြေကွက်‌တွေ‌ပေါ်မှာ ကိုယ့်အဖွဲ့ အစည်းရဲ့ အလံ‌တွေ စိုက်ထူတာ‌တွေကို ဖြုတ်‌ပေးဖို့ ‌ပြောတာပါ။ ၂၉ရက် ‌နေ့လည် ၁၂နာရီမှာ အပြီး ပြန်ဖြုတ်ရမယ်။ ဆက်ထား တာ‌တွေ့ရင်‌တော့ ဥပ‌ဒေအရ အ‌ရေးယူမယ်လို့ ‌ပြောသွားတယ်။”ဟု ၎င်းတာဝန်ခံက ‌ပြောသည်။

မြဝတီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့ပိုင် ‌မြေ‌နေရာများတွင် မိမိတို့အဖွဲ့အစည်းအလံများကို စိုက်ထူ ထားခြင်း၊ အဖွဲ့အမည် ဆိုင်းပုဒ်‌ထောင်ထားခြင်းများ ရှိ‌နေသဖြင့် ယင်းကိုရည်ညွှန်း၍ ‌ပြောဆိုခြင်းဖြစ်သလို အစိုးရ လက်‌အောက်ခံ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအ‌နေဖြင့် မြို့တွင်း၌ ဝင်ထွက်သွားလာရာတွင် လက်နက်ကိုင် ‌ဆောင်မှုများရှိပါက ၎င်းတို့ထံ သတင်း‌ပေးပို့ရန်နှင့် မ‌ပေးပို့ပါက အ‌ရေးယူသွားမည်ဖြစ်‌ကြောင်းလည်း ‌ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ယ‌နေ့အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောလယ်မူးနှင့် ဗိုလ်ကြီးစဂျွန်၊ ဒီ‌ကေဘီ‌အေ ဆက်ဆံ‌ရေးရုံး မှ စိုးညွှန့်၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ‌စောအယ်ဒို၊ BGF မှ အမှတ်(၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန် အပါအဝင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

ယင်းသို့ ညွှန်ကြားသည့်အထဲတွင် ‌မြေစာရင်းဌာနကိစ္စများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲတွင် တိုင်းရင်းသားလူမျိုး မဟုတ်သူများ ပါဝင်‌နေပါက ထုတ်ပစ်ရန်လည်း ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ထင်‌မော်ထွန်းသည် ၁၈-၂-၂၀၁၃ရက်‌နေ့တွင် တပ်မ(၂၂)မှူးတာဝန်ကို စတင် ထမ်း‌ဆောင်ခြင်းဖြစ်ပြီး တနလင်္ာ‌နေ့ တိုင်း ပြုလုပ်သည့် ယခု အစည်းအ‌ဝေးကို ခရိုင်အုပ်ချုပ်‌ရေးမှူးမှ ‌ခေါ်ယူပြုလုပ်ခြင်းမဟုတ်ဘဲ တပ်မမှူး မရှိလျှင် ဗျူဟာမှူး သို့မ ဟုတ် ‌ရှေ့တန်းမှူးကသာ ‌ခေါ်ယူညွှန်ကြား‌လေ့ရှိသည်။