Home သတင်း ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံ ‌ငွေ ရတု အခမ်းအနား တက်‌ရောက်ရန် တိုင်းရင်းသား လူငယ်များကို ဖိတ်‌ခေါ်မည်

ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံ ‌ငွေ ရတု အခမ်းအနား တက်‌ရောက်ရန် တိုင်းရင်းသား လူငယ်များကို ဖိတ်‌ခေါ်မည်

1680
‌မေလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

Ko Htay Kyweh
ရှစ်‌လေးလုံး ဒီမိုက‌ရေစီ အ‌ရေး‌တော်ပုံ ၂၅နှစ်ပြည့် ‌ငွေရတုအခမ်းအနားသို့ တက်‌ရောက်ရန် ပြည်တွင်းပြည်ပ တိုင်းရင်းသားလူ ငယ် အဖွဲ ့အစည်းများကို ဖိတ်‌ခေါ်သွား မည်ဖြစ်‌ကြောင်း ယင်းအခမ်းအနားကို စီစဉ်‌နေသူတစ်ဦးဖြစ်သည့် ၈၈မျိုးဆက်‌ကျောင်း သား‌ခေါင်း‌ဆောင် ကို‌ဌေးကြွယ်က ‌ပြောကြားသည်။

ပြည်တွင်းပြည်ပ၌ တိုင်းရင်းသားအဖွဲ ့အစည်း အများအပြားရှိသည်ကို ‌တွေ့မြင်သိရှိရသည့်အ‌ပေါ် အဖွဲ့အစည်းအားလုံးနီးပါးသို့ ဖိတ်စာ‌ပေးပို့နိုင်ရန် စီစဉ်သွားမည်ဖြစ်‌ကြောင်းနှင့် လက်ရှိအချိန်တွင် အဖွဲ ့အစည်းများ၏ စာရင်းကို ‌သေချာစွာ ပြုစု‌နေ‌ကြောင်း ကို‌ဌေးကြွယ်က ‌ပြောဆိုသည်။

၎င်းက “တိုင်းရင်းသားလူငယ်အဖွဲ ့အစည်း‌တွေက ပြည်တွင်းမှာလည်းရှိတယ်။ ပြည်ပမှာလည်းရှိတယ်။ ဒီအဖွဲ့အစည်း‌တွေလည်း ပါဝင်တက်‌ရောက်ပြီး‌တော့ ပြည်‌ထောင်စုကြီးနဲ ့ပတ်သက်ပြီး‌တော့ ‌ဆွေး‌နွေးစရာရှိတာ‌တွေကိုလည်း ‌ဆွေး‌နွေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၈ရက်‌နေ့တွင် ကျ‌ရောက်မည့် ရှစ်‌လေးလုံးဒီမိုက‌ရေစီ အ‌ရေး‌တော်ပုံ ၂၅နှစ်ပြည့် ‌ငွေရတုအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး ယခုအချိန်ထိ ‌နေရာအတိအကျ သတ်မှတ်နိုင်ခြင်း မရှိ‌သေး‌သော်လည်း ၈၈မျိုးဆက်ပြည်တွင်း ပြည်ပမှ ညီအစ်ကို‌မောင်နှမများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသား ညီအစ်ကို‌မောင်နှမများနှင့်အတူ အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံ‌ရေးအနှစ်သာရ ပြည့်ဝသည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ ကျင်းပနိုင်ရန်လည်း စီစဉ်မည်ဖြစ်‌ကြောင်း ယင်းအ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဦးသိန်းစိန် အစိုးရသည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အ ခတ် ရပ်ဆိုင်းအပြီး ‌နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ ၁၃ရက်‌နေ့တွင် နှစ်ရှည်‌ထောင်ဒဏ်ကျခံ‌နေရသည့် ၈၈မျိုးဆက်‌ကျောင်း သား‌ခေါင်း‌ဆောင်များကို ပြန်လွှတ်‌ပေးပြီး‌နောက်ပိုင်း ၂၀၁၂ခုနှစ် ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံ အခမ်းအနားကို မန္တ‌လေးမြို့၌ ကျင်း ပခဲ့ပြီး ထိုစဉ်က ပြည်‌ထောင်စုဝန်ကြီးဦးစိုးသိန်းနှင့် ဦး‌အောင်မင်းတို့မှ အလှူ‌ငွေများ ‌ပေးအပ်ခဲ့သည်။