Home သတင်း ကရင်ပြည်နယ်တွင် ‌သွေးလွန် တုပ်‌ကွေး ကူးစက်မှု ဆက်လက် တိုးပွား‌နေဆဲ

ကရင်ပြည်နယ်တွင် ‌သွေးလွန် တုပ်‌ကွေး ကူးစက်မှု ဆက်လက် တိုးပွား‌နေဆဲ

1767
‌မေလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင်
ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီး ဌာနမှူး ‌ဒေါက်တာဝင်းနိုင်

ယခု‌မေလ ‌နောက်ဆုံးအပတ်အတွင်း၌ ဖားအံပြည် သူ့‌ဆေးရုံတွင် တက်‌ရောက် ကုသမှု ခံယူ‌နေ‌သောသူများမှ ‌သွေးလွန် တုပ် ‌ကွေး‌ရောဂါ ကူးစက်ပြန့်ပွားမှုမှာ ယခင်နှစ်ကထက် မြင့်တက်လျက်ရှိပြီး ယခုအချိန်ထိ လူနာဦး‌ရေမှာ ဆက်လက် တိုးပွား‌နေဆဲ ဖြစ်သည်ဟု သိရသည်။

‌လော‌လောဆယ်တွင် ဖားအံ‌ဆေးရုံ၌ ‌ဆေးကုသမှု တက်‌ရောက်ခံယူ‌နေ‌သော လူနာများမှာ ၄၆ဝခန့်ရှိပြီး အသက် ၄နှစ်အရွယ်ရှိ က‌လေးငယ်များမှ ၁၆နှစ်အရွယ် လူငယ်များအထိဖြစ်‌သော်လည်း ‌သေဆုံးသည့်ဦး‌ရေ မရှိ‌သေး‌ကြောင်း သိရသည်။

‌သွေးလွန်တုပ်‌ကွေး‌ရောဂါများမှာ မိုးဦးကျသည့်လများနှင့် မိုးတွင်းကာလများတွင်သာ အဖြစ်များ‌သော်လည်း ယခုနှစ်တွင်မူ ရာသီမ‌ရောက်မီ နှစ်ဆန်းပိုင်း ကတည်း က ‌ကျေးလက်‌ဒေသ၊ မြို့ပြများအထိ ဖြစ်ပွားမှုနှုန်း များပြား‌နေခြင်းဖြစ်‌ကြောင်းလည်း ပြည်နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင်က ‌ပြောသည်။

“နှစ်ဆန်းပိုင်းကတည်းက ‌တော‌ရောမြို့ပါ အဖြစ်များ‌နေတာ ဖြစ်ပါတယ်။ ‌ဆေးရုံမှာ လိုအပ်တဲ့‌သွေးလည်း အဆင်သင့် ပြင်ဆင် ထားပါတယ်။ ‌ဆေးရုံမှာ ‌နေရာ က‌တော့ ‌လော‌လောဆယ် နည်းနည်းကြပ်ပါတယ်။ ‌ဆေးရုံအသစ်ကြီး ပြီးရင်‌တော့ အဆင်‌ပြေနိုင် မှာပါ။”ဟု ‌ဒေါက်တာဝင်းနိုင်က ‌ကေအိုင်စီကို ရှင်းလင်း‌ပြောဆိုသည်။

ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ မြဝတီသို့ ပို့‌ဆောင်သည့် ‌ဆေးဝါးများ
ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ မြဝတီသို့ ပို့‌ဆောင်သည့် ‌ဆေးဝါးများ

‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားသူ လူနာများကို ‌ဆေးရုံရှိ တာဝန်ကျ ဆရာဝန်၊ သူနာပြုများက ဓာတ်ဆားရည်များ ‌နေ့စဉ် တိုက် ‌ကျွေးခြင်း၊ အ‌ခြေအ‌နေလျှင် ‌သွေးရည်ကြည် သွင်းရခြင်း၊ ‌နေ့စဉ် ‌သွေးစစ်‌ဆေးခြင်းများ ပြုလုပ်ရင်း ကုသ‌ပေးရသည်။

ဖားအံမြို့နယ်ရှိ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါနှင့် ပတ်သက်၍ ကျန်းမာ‌ရေးဦးစီးဌာနမှလည်း ပညာ‌ပေးအစီအစဉ်များ၊ ‌ဟော‌ပြောပွဲ များကို ‌ကျေးရွာအ‌ရောက် ပြု လုပ်‌ပေး‌နေ‌သော်လည်း ဖြစ်ပွားမှု ဧရိယာမှာ ကျယ်ဝန်းသဖြင့် ရပ်ရွာလူထုပါမကျန် ပါဝင်ကူညီ ‌ဆောင်ရွက်ပါမှ ‌ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းနိုင်မည်ဖြစ်‌ကြောင်း ပြည်နယ် ကျန်းမာ‌ရေးဦးစီးမှူးက ဆက်လက် ရှင်းပြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း ‌သွေးလွန်တုပ်‌ကွေး‌ကြောင့် က‌လေးလူနာ ‌သေဆုံးမှုများရှိ၍ ပြည်နယ်ကျန်းမာ‌ရေး ဦးစီး ဌာနမှ ‌မေလ ၂၄ရက်‌နေ့က လိုအပ်သည့် ‌ဆေးဝါးများနှင့် ပိုးသတ်‌ဆေးကို ‌ပေးပို့ခဲ့ရ‌သေးသည်။

ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်အချို့တွင် ‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားမှုနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိသည်ဟု
ကျန်းမာ‌ရေးဝန်ကြီးဌာနမှ သိရသည်ဟု ‌မေလ ၂၉ရက်‌နေ့ထုတ် ပြည်တွင်း Daily Eleven သတင်းစာတွင် ‌ဖော်ပြထားသည်။