Home သတင်း ကရင်အမျိုးသားသဟာယ အသင်း တရားဝင် မှတ်ပုံ တင်မည်

ကရင်အမျိုးသားသဟာယ အသင်း တရားဝင် မှတ်ပုံ တင်မည်

2308
‌မေလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

IMG_6509
ကရင်အမျိုးသားတစ်ရပ်လုံးကို စုစည်းလမ်းညွှန်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းလုံးရှိ နယ်ပယ်အသီးသီးမှ ထင်ရှား သည့် ကရင်‌ခေါင်း‌ဆောင်များဖြင့် ဖွဲ ့စည်းထားသည့် ကရင်အမျိုးသားသဟာယအသင်းကို တရားဝင် မှတ်ပုံတင် သွားမည်ဖြစ်‌ကြောင်း အသင်းဝင်တစ်ဦးဖြစ်သူ ‌စော‌စေးဝါး (ဒုတိယဥက္ကဌ ကရင်ပြည်သူ့ပါတီ) က ‌ပြောကြားသည်။

“အသင်းကို ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်‌ရေးနဲ ့အမျိုးသားအကျိုးကို လုပ်‌ဆောင်ဖို ့ဦး‌ဆောင်အဖွဲ့အ‌နေနဲ့ ရည်ရွယ်ပြီး ဖွဲ့ထားတာပါ။ ပါတီအ‌နေနဲ့က သိတဲ့အတိုင်းပဲ။ လုပ်ရကိုင်ရတာ အကန် ့အသတ်ရှိတယ်‌လေ။ အသင်း အ‌နေနဲ ့ကျ‌တော့ပိုပြီး ကျယ်ကျယ်ပြန် ့ပြန် ့လုပ်လို ့ရတာ‌ပေါ့။ အသင်းမှာ ပါတီက လူ‌တွေနည်းနည်းပဲပါမယ်။ တခြား ကရင်အမျိုးသား‌တွေ အလုပ်အမှု‌ဆောင်အဖွဲ ့မှာ ပိုပါမှာပါ”ဟု ‌စေား‌စေးဝါးက ‌ကေအိုင်စီသို ့‌ပြောဆိုသည်။

အဆိုပါအသင်း မှတ်ပုံတင်ရန်အတွက် အသင်းဗဟိုအလုပ်အမှု‌ဆောင်များကို ဇွန် ၈ရက်‌နေ့တွင် ကျင်းပမည့် ကရင် ပြည်သူ့ပါတီ၏ သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအပြီးတွင် ‌ရွေးချယ်သွားမည်ဖြစ်‌ကြောင်း၊ ဗဟို အလုပ်အမှု ‌ဆောင်အဖွဲ ့ဖွဲ ့စည်းပြီးပါက အသင်းအဖွဲ ့စည်းမျဉ်းများနှင့်အညီ ပြည်ထဲ‌ရေးဝန်ကြီးဌာနသို ့တရားဝင် အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်‌လျှောက်ထားမည်ဖြစ်‌ကြောင်း သိရသည်။

ယင်းအသင်းကို ကရင်အမျိုးသားထုတစ်ရပ်လုံးကို လမ်းညွှန်စုစည်းနိုင်မည့် ကရင်အမျိုးသား(လူကြီး) ဦး‌ဆောင် လမ်းညွှန်မည့်အဖွဲ့အဖြစ် ရည်ရွယ်ကာ ၂၀၁၃ခုနှစ်၊ မတ် ၁၂ရက်‌နေ့တွင် အင်းစိန်မြို့၊ ဟိုက်ပတ်လမ်းရှိ စိန်‌ပေါလ် ခမ်းမတွင် နိုင်ငံတစ်ဝှမ်းလုံးရှိ ကရင်ကိုယ်စာလှယ် ၂၀ဝဦး တက်‌ရောက်သည့် အစည်းအ‌ဝေးတစ်ရပ်ကို ကျင်းပကာ ကရင်အမျိုးသားသဟာယအသင်းကို စတင် ဖွဲ ့စည်းခဲ့သည်။

အဆိုပါအသင်းအ‌နေဖြင့် ကရင်အမျိုးသားများ စည်းလုံးညီညွတ်‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ စီးပွား‌ရေး အစရှိသည် များကို လုပ်‌ဆောင်ရန် ရည်ရွယ်ထားပြီး အသင်းအလုပ်မှု‌ဆောင်‌ရွေးချယ်ပြီးပါက အသင်းလုပ်‌ဆောင်မည့် ရည်မှန်း ချက်နှင့် နည်းဗျူဟာများကို အ‌သေးစိတ် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိတွင် ယင်းအသင်း၌ နယ်ပယ်စုံမှ ထင်ရှားသည့် ကရင်အမျိုးသားများဖြစ်သည့် ပါ‌မောက္ခ ‌စောထွန်း‌အောင် ချိန်၊ မန်း‌ရွှေပြည်‌အေး၊ ဦးစန္ဒာဝရ၊ ဆရာ‌တော်မာ‌ဂေကြီး၊ ဆရာ‌တော်‌အောင်ဒင်(‌တောင်ငူ)၊ ပါ‌မောက္ခ ‌နော်မူမူ‌အေး စသည့် ကရင်အမျိုးသားအမျိုးသမီး ၅၄ဦးတို့ကို ဦး‌ဆောင် နာယကများအဖြစ် အထက်ပါအစည်းအ‌ဝေး တက် ‌ရောက်လာသူများက ‌ရွေးချယ်ထား‌ကြောင်းနှင့် ကရင်အမျိုးသားအမျိုးသမီးတိုင်း အသင်းဝင်‌ရောက်နိုင်‌ကြောင်း လက်ရှိ အသင်းဝင် ၂၀ဝဦး‌ကျော်ရှိပြီးဖြစ်သည်။