Home သတင်း နိုင်ငံ‌ရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ဦးဝင်း တင်‌ဖောင်‌ဒေးရှင်းမှ ပထမ အကြိမ် ပညာသင်‌ထောက် ပံ့‌ကြေး ‌ပေးအပ်

နိုင်ငံ‌ရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ဦးဝင်း တင်‌ဖောင်‌ဒေးရှင်းမှ ပထမ အကြိမ် ပညာသင်‌ထောက် ပံ့‌ကြေး ‌ပေးအပ်

1822
‌မေလ ၃၀၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

IMG_0243
လက်ရှိနိုင်ငံ‌ရေးအကျဉ်းသားများနှင့် အကျဉ်းသား‌ဟောင်းများ၏ မိသားစုဝင်များကို ဦးဝင်းတင် ‌ဖောင်‌ဒေးရှင်း (ဟံသာဝတီ ဦးဝင်းတင်‌ဖောင်‌ဒေးရှင်း)မှ ပထမအကြိမ် ပညာသင်‌ထောက် ပံ့‌ကြေး ‌ပေးအပ်ပွဲအခမ်း အနားကို ရန်ကုန်မြို ့၊ ဗဟန်းမြို့နယ် ‌တော် ဝင်နှင်းဆီခန်းမ၌ ယ‌နေ ့ကျင်းပပြု လုပ်ခဲ့သည်။

ယခုကဲ့သို့ ပညာသင်‌ထောက်ပံ့‌ကြေး ‌ပေးနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးဝင်းတင်က မိမိအား ပြည်တွင်းစီးပွား‌ရေး လုပ်ငန်းရှင်တစ်ဦးမှ လာ‌ရောက်‌တွေ့ဆုံဂါဝရပြု စကား‌ပြောရာမှ နိုင်ငံ‌ရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ပညာသင်‌ထောက်ပံ့‌ကြေး ‌ပေးရန် ကမ်းလှမ်းသည့်အတွက် မိမိအ‌နေဖြင့် ‌ဖောင်‌ဒေးရှင်းအမည်ကိုသုံးကာ သက်ဆိုင်သည့် အဖွဲ ့များနှင့်ချိတ်ဆက်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ဦးဝင်းတင်က ရှင်းလင်း‌ပြောကြားသည်။

၎င်းက“လုပ်ငန်းရှင်ကြီးတစ်ဦးက လှူချင်တယ်ဆို‌တော့ အဲ့ဒီမှာ အယူအဆနှစ်မျိုး‌ပေါ်လာတယ်။ လက်မခံဘူးလို့ ငြင်းမလား၊ ဒါမှမဟုတ် ဘာဖြစ်ဖြစ်လက်ခံမလားဆိုတာပါ၊ ကျ‌နော်က ‌နောက်အယူအဆတစ်ခုကို စဉ်းစားတယ်။ မယူဘူးငြင်းလိုက်ရင်လည်း တကယ် လိုအပ်‌နေသူ‌တွေအတွက် အခွင့်အ‌ရေးဆုံးရှုံးသွားမယ်၊ အဲ့‌တော့ ခင်ဗျာတို ့ လှူချင်ရင်လှူပါ၊ ကျ‌နော့ ‌ဖောင်‌ဒေးရှင်းနာမည်သုံးပြီး‌တော့ သက်ဆိုင်ရာအဖွဲ့‌တွေရဲ ့ စိစစ်‌ထောက်ခံမှု သ‌ဘောထား‌တောင်းပြီး‌တော့ စစ်စစ်မှန်မှန်ဖြစ်တဲ့သူ‌တွေကို ‌ထောက်ပံ့‌ပေးခဲ့တာပါ ” ဟု ဦးဝင်းတင်က ‌ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ပညာသင်‌ထောက်ပံ့‌ကြေးအဖြစ် မူလတန်း‌ကျောင်းသား၊ ‌ကျောင်းသူ ၉၂ဦးအတွက် ‌ထောက်ပံ့‌ကြေး ကျပ် ၄၆သိန်း၊ အလယ်တန်း‌ကျောင်းသား၊ ‌ကျောင်းသူ ၉၇ဦးအတွက် ကျပ် ၉၇သိန်း၊ အထက်တန်း ‌ကျောင်းသား‌ကျောင်းသူ ၅ဝဦးအတွက ်ကျပ် ၇၅သိန်းနှင့် တက္ကသိုလ်‌ကျောင်းသား၊ ‌ကျောင်းသူ ၂၅ဦးအတွက် ကျပ် ၅၂ သိန်းတို့ကို ပြည်တွင်းအလှူရှင်များ၏ ‌ထောက်ပံ့မှုဖြင့် ဟံသာဝတီ‌ဖောင်‌ဒေးရှင်းမှ တစ်ဆင့် ‌ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးမှ တတ်‌ရောက် အမှာစကား‌ပြောကြားရာတွင် ယခုကဲ့သို့ ဦးဝင်းတင် ‌ဖောင်‌ဒေးရှင်းမှ နိုင်ငံ‌ရေးကျဉ်းသားများ၏ သားသမီးများကို ပညာသင်‌ထောက်ပံ့‌ကြေး ‌ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ‌ကြေင်း၊ မိမိတို ့နိုင်ငံတွင် နိုင်ငံ‌ရေးအကျဉ်းသားဆိုသည်မှာ မရှိသင့်‌တော့သလို ကျန်ရှိ‌နေသည့် နိုင်ငံ‌ရေးအကျဉ်းသားများကိုလည်း အစိုးရအ‌နေဖြင့် ယုံယုံကြည်ကြည် လွှတ်‌ပေးသင့်‌ကြောင်း ‌ပြောကြားခဲ့သည်။

ပညာသင်‌ထောက်ပံ့‌ကြေးကို လက်ရှိ နိုင်ငံ‌ရေးအကျဉ်းသားများနှင့် အကျဉ်းသား‌ဟောင်းများ၏ သားသမီး အရင်းများကိုသာ ‌ပေးအပ်ခြင်းဖြစ်ပြီး၊ ‌ပေးအပ်ရန်အတွက် အမျိုးသာဒီမိုက‌ရေစီအဖွဲ့ချုပ် လူမှုအ‌ထောက်အကူပြုအဖွဲ့၊ နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများအဖွဲ့၊ ဒီလှိုင်းစာ‌စောင်နှင့် ဟံသာဝတီဦးဝင်းတင်‌ဖောင်‌ဒေးရှင်းတို့မှ တာဝန်ရှိသူများ ပါဝင်‌သော စိစစ်‌ရေးအဖွဲ့မှ စိစစ်ပြီး အကူအညီတကယ်လိုအပ်‌နေသူများကို ‌ပေးအပ်ခြင်းဖြစ်‌ကြောင်း သိရသည်။

ပညာသင်‌ထောက်ပံ့‌ကြေးများကို ပညာသင်နှစ် စလျင်စခြင်း ‌ထောက်ပံ့‌ငွေအားလုံး၏ တစ်ဝက်ကို ‌ပေးအပ်မည်ဖြစ်ပြီး သင့်‌လျော်သည့်ကာလတစ်ခုတွင် ဒုတိယနှစ်အတွက် ‌ထောက်ပံ့‌ငွေတစ်ဝက်ကို ထပ်မံ‌ပေးအပ်မည်ဖြစ်‌ကြောင်း၊ အလှူရှင်အား ၎င်း၏ဆန္ဒအရ အမည်ကို ထုတ်‌ဖော်မ‌ပြောကြားလို‌ကြောင်း ဦးဝင်းတင်က ထပ်‌လောင်း‌ပြောကြားသည်။