Home သတင်း လူသားချင်းဆိုင်ရာ ကူညီ‌ထောက် ပံ့မှုများ ‌လျှော့ ကျလာသည့်အ‌ပေါ် ကရင်အဖွဲ့ အစည်းမှ စိုးရိမ်

လူသားချင်းဆိုင်ရာ ကူညီ‌ထောက် ပံ့မှုများ ‌လျှော့ ကျလာသည့်အ‌ပေါ် ကရင်အဖွဲ့ အစည်းမှ စိုးရိမ်

2060
ဇွန်လ ၂ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ခိုင်မာ‌သော အပစ်အခတ်ရပ်စဲ‌ရေး ရရှိရန် ‌ဆွေး‌နွေးမှုအဆင့်၌သာရှိ‌နေပြီး နိုင်ငံ‌ရေး အရ ‌ဆွေး‌နွေးမှုများ မရှိ‌သေးသဖြင့် ကရင်‌ဒေသများ အတွင်း နယ်စပ်‌ဒေသဖြတ်‌ကျော်၍ လူသားချင်းစာနာ‌ထောက်ထား မှု အကူအညီ‌ပေးခြင်းဆိုင်ရာ ကူညီ‌ထောက်ပံ့မှုများ သိသာစွာ ‌လျှော့ကျသွားသည်ကို ‌တွေ့ရ၍ လွန်စွာမှ စိုးရိမ်‌ကြောင်း ကရင်အ ဖွဲ့အစည်းများက ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် KNU တပ်မဟာ(၇)နယ်‌မြေ၌ ၉ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှော ဖလှယ်ပွဲကို ၂၀၁၃ခုနှစ်၊ ‌မေလ ၂၇ရက်‌နေ့မှ ၃၁ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ထိုနှီး‌နှောဖလှယ်ပွဲသို့ တက်‌ရောက်ခဲ့သည့် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၄၀)ဖွဲ့မှ ကိုယ်စားလှယ်များက ထိုသို့ တညီတညွှတ်တည်း သ‌ဘောထားရှိ‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းနှီး‌နှောဖလှယ်ပွဲ၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ‌စောလွင်ဦးက “ထိုင်းနယ်စပ်က ဒုက္ခသည်‌တွေကို အကူအညီ‌ပေးတဲ့ နိုင်ငံတကာအဖွဲ့ ‌တွေဟာ ရာခိုင်နှုန်းအားဖြင့် ‌ပြောလို့ မရ‌ပေမယ့် နယ်စပ်က KWO, KED လို ကရင်အဖွဲ့‌တွေရဲ့ ‌ပြောပြချက်အရ ထက်ဝက် ‌လောက် ‌လျှော့ကျသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဥ‌ရောပသမဂ္ဂ၊ အ‌မေရိကန်နှင့် ဩစ‌တြေးလျား စသည့်နိုင်ငံများက မြန်မာနိုင်ငံတွင် ငြိမ်းချမ်း‌ရေး အရိပ်အ‌ရောင်များ ပိုမို‌ပေါ်လာ သည်ဟု ထင်မှတ်ကာ စီးပွား‌ရေးပိတ်ဆို့မှုများ ‌လျှော့ချလိုက်သည့်အ‌ပေါ် အစိုးရမဟုတ်‌သောအဖွဲ့-NGO များသည် မြန်မာပြည် တွင်းဘက်သို့ ‌ထောက်ပံ့မှုများ တိုးချဲ့လုပ်‌ဆောင်လာသည့် ၂၀၁၂ခုနှစ်၊ လဆန်းပိုင်းမှစ၍ နယ်စပ်ဒုက္ခသည်များအား အကူအ ညီ ‌လျှော့ချခဲ့သည့်အတွက် ခြိမ်း‌ခြောက်မှုတရပ် ဖြစ်လာ‌ကြောင်းလည်း ‌စောလွင်ဦးက ဆက်‌ပြောသည်။

ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများနှင့် ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း (၁၅၀)ဦး တက်‌ရောက်ခဲ့သည့် ကရင့်အမျိုး သား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲတွင် ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို အား‌ကောင်းလာ‌စေ‌ရေး၊ မြန်မာပြည်၏ လက်ရှိ နိုင်ငံ‌ရေး အ‌ခြေအ‌နေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ ခံစား‌နေရမှုများကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြ သည်။

အဆိုပါ ထုတ်ပြန်ချက်အရ KNU၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အဆင့်(၄)ဆင့်ဖြစ်‌သော ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး၊ ခိုင်မာ ‌သော အပစ်အခတ်ရပ်စဲ‌ရေး၊ ကနဦး နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု၊ အ‌ခြေခံနိုင်ငံ‌ရေး ပြဿနာများကို အ‌ဖြေရှာ‌ရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်‌ရေးနှင့် နိုင်ငံ‌ရေးအရ ပူး‌ပေါင်းပါဝင်ခြင်းတို့ကို အစည်းအ‌ဝေးတက်‌ရောက်သည့် ကိုယ်စားလှယ်များက ‌ဆွေး‌နွေးသုံးသပ်ခဲ့ကြသည်ဟု ‌ဖော်ပြပါရှိသည်။

ထို့အပြင် KNU နှင့် အစိုးရအကြားတို့၏ အပစ်အခတ်ရပ်စဲ‌ရေး အချိန်ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်‌ပေါ်‌နေသည့် စီးပွား ‌ရေးဆိုင်ရာ၊ ‌မြေယာပြဿနာဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ စားပွဲဝိုင်းတွင် ‌ပြောဆိုသွားရန် နှီး‌နှောဖလှယ်ပွဲ ကိုယ်စားလှယ်များက ‌တောင်းဆိုခဲ့ကြသည်။

အုပ်စုပုံ (၉ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ ကိုယ်စားလှယ်များ အမှတ်တရ) တဦးတည်း စကား‌ပြောသူ (နှီး‌နှောဖလှယ်ပွဲတက်‌ရောက်သူ ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း ဥက္ကဌ ‌စောလွင်ဦး
အုပ်စုပုံ (၉ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်သူ ကိုယ်စားလှယ်များ အမှတ်တရ)
တဦးတည်း စကား‌ပြောသူ (နှီး‌နှောဖလှယ်ပွဲတက်‌ရောက်သူ ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း ဥက္ကဌ ‌စောလွင်ဦး

နှီး‌နှောဖလှယ်ပွဲ ‌ကော်မတီ ဥက္ကဌ ပဒို‌စောလှထွန်းက “ငြိမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်ထဲမှာ ကျ‌နော်တို့ ကရင်အမျိုးသား‌တွေကို ထိခိုက်‌စေမယ့် လုပ်‌ဆောင်မှု‌တွေနဲ့ ‌ရှောင်ရှားရမယ့်အရာ‌တွေ လုပ်သွားဖို့ သ‌ဘောတူထားသလို KNU နဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်‌တွေမှာ ‌ကောင်းမွန်တဲ့ ရလဒ်ရဖို့ ကျ‌နော်တို့ ဘက်က ကြိုးစားသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်းမှာပင် အပစ်ရပ်ကာလအတွင်း ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေး အစီအစဉ်အ‌ပေါ် ကရင်ဒုက္ခသည်‌ကော် မတီ (KRC)၏ သ‌ဘောထားရပ်တည်ချက်ကို နှီး‌နှောဖလှယ်ပွဲမှ ကြိုဆို‌ထောက်ခံပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်း ကြီးရုံး (UNHCR)၏ မူဝါဒနှင့်အညီ ပြန်လည်‌နေရာချထား‌ပေးမှုမျိုးကို ‌တောင်းဆို‌ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ခဲ့သည့် ကိုယ်စားလှယ်များက အမျိုးသားစည်းလုံးညီညွှတ်‌ရေးကို တည်‌ဆောက်ရာတွင် KNU ၏ ဦး‌ဆောင်မှုဖြင့် အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ‌ရေး၊ ဒီမိုက‌ရေစီ‌ရေးနှင့် စစ်မှန်‌သော ဖယ် ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေးဟူ‌သော နိုင်ငံ‌ရေး ဦးတည်ချက်အ‌ပေါ် အ‌ခြေခံ၍ ရပ်တည်သွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု လည်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေးနှီး‌နှောဖလှယ်ပွဲကို KNU ‌ခေါင်း‌ဆောင်များက ၁၉၉၉ခုနှစ်မှစ၍ တနှစ်တစ်ကြိမ် အ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်လာခဲ့ရာ ယခုအချိန်အထိဖြစ်ပြီး လာမည့်နှစ်များလည်း ပုံမှန် ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။