Home သတင်း တွံ‌တေးမြို့နယ်ရှိ အသိမ်းခံ လယ်များကို မူလပိုင် ရှင် ပြန်လည်လုပ်ကိုင်

တွံ‌တေးမြို့နယ်ရှိ အသိမ်းခံ လယ်များကို မူလပိုင် ရှင် ပြန်လည်လုပ်ကိုင်

1743
ဇွန်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
‌ဒေသခံလယ်သူမနှင့် ‌ကေအိုင်စီသတင်း‌ထောက် ‌တွေ့ဆုံစကား‌ပြောဆို‌နေစဉ်
‌ဒေသခံလယ်သူမနှင့် ‌ကေအိုင်စီသတင်း‌ထောက် ‌တွေ့ ဆုံစကား‌ပြောဆို‌နေစဉ်

ရန်ကုန်တိုင်း တွံ‌တေးမြို့နယ်၊ ‌ရေတွင်း ကုန်း‌ကျေးရွာအုပ်စုရှိ ရန်ကုန်တိုင်း စစ်ဌာန ချုပ်နှင့် တပ်ရင်း၊ တပ်မများမှ သိမ်းဆည်း ထား‌သော လယ်ယာ‌မြေများကို ‌ဒေသခံ မူလပိုင်ရှင် ၇ဝဦးတို့က ယမန်‌နေ့ ဇွန်လ ၂ရက်‌နေ့က ပြန်လည် လုပ်ကိုင်လိုက်သည်ဟု သိရသည်။

ထို‌ဒေသရှိ ‌ကျောက်ကုန်း‌ကျေးရွာမှ လယ်သမားကြီးတစ်ဦးက “အခု ရသ‌လောက် ထွန်သွားမှာပါ။ လယ်သိမ်းခံရတဲ့လူ‌တွေ ‌ကော သီးစားခနဲ့ လုပ်ခွင့်မရတဲ့ လူ‌တွေ‌ကော အားလုံးရသမျှကို ညီတူမျှတူ ယူကြမယ်။ ဝိုင်းလုပ်ကြမယ်ဆိုပြီး အခုလို လာ ‌ရောက်ထွန်ကြတာပါ”ဟု ဆိုသည်။

၎င်းအသိမ်းခံ လယ်‌မြေများနှင့် ပတ်သက်၍ ဧပြီလအတွင်းက မြန်မာအစိုးရ စစ်ဦးစီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ တင်ပြ ‌တောင်းဆိုခဲ့ရာတွင် မူလလယ်ပိုင်ရှင်များကို (၁၆၈)ဧက ပြန်လည်လုပ်ကိုင်ခွင့်‌ပေးမည်ဟု ဆို‌သော်လည်း သီးစားခ ပိုမို ‌ပေး ‌ဆောင်‌သောသူများကိုသာ လုပ်ကိုင်ခွင့်‌ပေးသဖြင့် ယခုလို မိမိတို့ဖာသာ ဝင်‌ရောက်ထွန်ယက် လုပ်ကိုင်ရခြင်းဖြစ်‌ကြောင်း ‌ဒေသ ခံများက ‌ပြောဆို‌နေကြသည်။

‌ဒေသခံတစ်ဦးဖြစ်သူ ‌စောထွန်းထွန်းဝင်းက “ကိုယ့်လယ်‌မြေကို သီးစားခ ‌ပေးဆိုလည်း ‌ပေးမှာပါ။ အခုက တခြားလူကို ‌ပေးလုပ် တယ်။ တခြားလူဆိုတာကလည်း ကျ‌နော်တို့ရွာက လူပါပဲ။ ကရင်အချင်းချင်း ကိုယ့်ရွာသားအချင်းချင်းကို ရန်တိုက်‌ပေး‌နေသလို ဖြစ်‌နေပါတယ်။ ကျ‌နော်တို့မှာလည်း ဒီလယ်မှ မလုပ်ရရင်ဘာမှ လုပ်စားစရာမရှိ‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယင်း‌ဒေသရှိ လယ်ပိုင်ရှင်များသည် ငါးရှာဖားရှာရ‌သောဘဝသို့ ‌ရောက်‌နေရပြီး ထိုကဲ့သို့ ငါး၊ ဖားရှာသည့်အခါ ဟို‌နေ ရာ သည်‌နေရာ မရှာရန် တားမြစ်‌သေး‌ကြောင်းနှင့် အသိမ်းခံလယ်ယာ‌မြေများ‌ပေါ်မှ ရရှိ‌သော သီးစားခ ချ‌ပေးထားသည့် လယ် ယာ‌မြေများမှ စပါးများကို တပ်ရိက္ခာအတွက် ပြန်လည် ‌ပေးသွင်းရ‌သေး‌ကြောင်းလည်း သိရသည်။

ထို‌ဒေသရှိ သိမ်းဆည်းခံ လယ်ယာ‌မြေကိစ္စကို ‌ဖြေရှင်းရန် ကရင်ပြည့်သူပါတီ-KPP ၏ အလုပ်သမားနှင့် လယ်သမားအ‌ရေး ဗဟို ‌ကော်မတီဝင် မန်းအုန်းမြင့်သိန်းက ယမန်‌နေ့၌ တပ်ကိုယ်စားလှယ် ဒုတပ်ကြပ်သန်းစိုးနှင့် သွား‌ရောက်‌တွေ့ဆုံစကား‌ပြောဆိုခဲ့ရာ ဒုတပ်ကြပ်ဘက်က ၎င်းအ‌နေဖြင့် အထက်မှ ‌ပေးအပ်‌သော တာဝန်ကိုသာ ထမ်း‌ဆောင်‌နေရသူဖြစ်၍ အထက်အရာရှိများနှင့်သာ သွား‌ရောက်‌တွေ့ဆုံရန် ‌ပြောဆိုခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သိမ်းဆည်းထား‌သော ယင်းလယ်‌မြေတွင် ‌စောကျားဂိုးဟုဆိုသူ လယ်သမားကြီးမှ သီးစားခ ‌ပေး စပါးစိုက်ပျိုး‌နေခြင်းဖြစ်ပြီး မူလပိုင်ရှင်များက သွား‌ရောက်ညှိနှိုင်း‌သော်လည်း လက်မခံဘဲ ဆက်လက်လုပ်‌ဆောင်လျှက်ရှိ သည်ဟု သိရသည်။

‌ရေတွင်းကုန်ုးအုပ်စုတွင် ကွင်း‌ပေါက်၊ ရွာပုံ၊ ကွမ်းခြံကုန်း၊ သဝန်း‌တော၊ ‌သောင်ကုန်း၊ တပ်သစ် စသည့်ရွာများ ပါဝင်ပြီး ထိုရွာများ ရှိ လယ်သမားအ‌ရေးများကို KPP မှ ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိသည်။