Home သတင်း ဇိုမီးအမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ် အချိုးကျကိုယ်စားပြု- PR စနစ်ကို လက်မခံ

ဇိုမီးအမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ် အချိုးကျကိုယ်စားပြု- PR စနစ်ကို လက်မခံ

2059
ဇွန်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)
ဇိုမီးအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ပူကျင့်ရှင်းထန်(Photo-KIC)
ဇိုမီးအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ပူကျင့်ရှင်းထန်(Photo-KIC)

ဇိုမီး အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အချိုးကျကိုယ်စားပြု (Propotional Representation-PR) စနစ် ကျင့်သုံးမည်ကို လက်မခံနိုင်‌ကြောင်း ၎င်းပါတီ ၏ ဥက္ကဌ ပူကျင်ရှင်းထန်က ‌ကေအိုင်စီ သို့ ‌ပြောကြားသည်။

“ကျ‌နော်တို ့ပီအာရ်စနစ်ကို လက်မခံဘူး။ ဒီ‌ခေတ်မှာ ဒီအ‌ခြေခံဥပ‌ဒေ‌အောက်မှာ ပီအာရ်စနစ်က ဘယ်နည်းနဲ့မှ မ‌အောင်မြင်နိုင် ဘူး။ ဘာဖြစ်လို့လည်းဆို‌တော့ ပီအာရ်စနစ်က အမျိုးမျိုးရှိပြီး ဒီ‌လောက်ရှုတ်ယှက်ခတ်‌နေတဲ့ စနစ်ကို ပြည်သူ‌တွေ နားလည်ဖို့ ခက်တယ်။ မဲတစ်ခါ‌ပေးဖို့‌တောင် မလွယ်၊ ဒီဥစ္စာ‌တော်‌တော်‌လေးခက်မယ်။”ဟု ပူကျင်ရှင်းထန်က ‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် ပါတီအလိုက် မဲရရှိမှုအ‌ပေါ် မှုတည်၍ ကိုယ်စားလှယ်အချိုးကျရရှိသည့် ပီအာရ်စနစ်ကို လတ်တ‌လော မြန်မာ နိုင်ငံတွင် ကျင့်သုံးရန် မဖြစ်နိုင်‌သေး‌ကြောင်း၊ ယင်းစနစ်ကို ကျင့်သုံးမည်ဆိုပါက ၎င်းတို့ပါတီအ‌နေဖြင့် လက်မခံနိုင်‌ကြောင်း ပူကျင်ရှင်းထန်က ဆက်လက် ‌ပြောဆိုသည်။

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပီအာရ်စနစ် ‌ပြောင်းလဲကျင့်သုံးရန် နိုင်ငံ‌ရေးပါတီအချို့က ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ထံသို့ တင်ပြထားခြင်းများရှိပြီး လွှတ်‌တော်မှ အဆုံးအဖြတ်ရယူကာ ပြင်ဆင်‌နေမှုများရှိ‌ကြောင်းလည်း ပြည်‌ထောင်စု‌ရွေး‌ကောက် ပွဲ‌ကော်မရှင် ဥက္ကဌ ဦးတင်‌အေးက နိုင်ငံ‌ရေးပါတီများနှင့် ‌တွေ့ဆုံစဉ် ‌ပြောကြားခဲ့သည်ဟု ပုဂ္ဂလိက သတင်းစာများတွင် ‌ရေးသား ‌ဖော်ပြထားသည်။

ပီအာရ်စနစ် ‌ပြောင်းလဲကျင့်သုံးမည့်အ‌ပေါ် တိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်း ရင်းသားများတိုးတက်‌ရေးပါတီ အစရှိသည့် တိုင်းရင်းသားပါတီအချို့က လက်မခံနိုင်‌ကြောင်း အသီးသီး ထုတ်‌ဖော်‌ပြောကြား ထားသည်။

ဇိုမီးအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ခုနှစ်၊ ဇွန်လတွင် နိုင်ငံ‌ရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ယခင်က ဇိုမီးအမျိုးသားကွန်ဂရက်ပါတီအဖြစ် ၁၉၉ဝပြည့်နှစ်၌ စတင် တည်‌ထောင်ခဲ့ကာ ၁၉၉၃ခုနှစ်တွင် အဖျက်သိမ်းခံခဲ့ရခြင်းဖြစ်သည်။