Home သတင်း ဝန်ထမ်းလစာ တိုးပြီး‌နောက် အ‌ခြေခံစားကုန်အချို့ ‌ဈေးနှုန်းတက်လာ

ဝန်ထမ်းလစာ တိုးပြီး‌နောက် အ‌ခြေခံစားကုန်အချို့ ‌ဈေးနှုန်းတက်လာ

1942
ဇန်နဝါရီ ၁၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မြန်မာစစ်အစိုးရသည် ဇန်နဝါရီလ ၁ရက်‌နေ့တွင် သက်ဆိုင်ရာဌာန ဝန်ထမ်းများကို် လစာနှုန်းထား တိုးမြှင့်လိုက်ပြီဟု ‌ကြေညာပြီး ‌နောက်ပိုင်း ပြည်တွင်းရှိ ဆန်နှင့် အ‌ခြေခံစား‌သောက်ကုန်များ ‌ဈေးနှုန်းအချို့ တက်လာသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းတွင် အ‌ခြေခံစားသုံးကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ကြက်သွန်နှင့် အချို့ကုန်‌ဈေးနှုန်းများ သည် ယခုလဆန်းပိုင်းမှစ၍ ‌ဈေးနှုန်း မြှင့်တက်လာသည်ဟု မြို့သူတဦးက ယခုလို ‌ပြောသည်။

သူမက “ဒီဇန်နဝါရီကစပြီး‌တော့ ကုန်‌ဈေးနှုန်း‌တွေ နည်းနည်းတက်လာတယ်။ အထူးသဖြင့် ဆန်‌တွေ‌ပေါ့။ ဆန်အမျိုးအစား‌ပေါ် မူ တည်ပြီး ‌ဈေးနှုန်းအလိုက် ၅၀ဝကျပ်က‌နေ ၂,၀၀ဝ ဝန်းကျင်အထိ မြှင့်တက်လာတယ်။ ကြက်‌ကျွေးတဲ့ ဆန်အမာ‌တွေ‌တောင် တပြည်ကို ၆၀ဝက‌နေ ၆၅ဝကျပ်အထိ ထိုးတက်လာတယ်။ အသား‌တွေလည်း ‌ဈေးတက်တယ်။ ဝက်သားဆိုရင် တပိဿာကို ကျပ် ‌ငွေ ၂၅၀ဝမှ ၃၀၀ဝအထိ ဖြစ်လာတယ်။ ကြက်သွန်တို့၊ စားသုံးဆီတို့လည်း အဲလိုပဲ ‌ဈေးနည်းနည်းတက်လာတယ်”ဟု ‌ကေအိုင်စီ ကို ‌ပြောသည်။
ထို့အပြင် ပြည်တွင်း ဆက်သွယ်‌ရေး ဖုန်းကဒ်တကဒ်ကို ကျပ် ၂၄,၀၀ဝကျပ်မှ ယခုကျပ် ၂၆,၀၀ဝအထိဖြစ်လာပြီး ရုံးဖုန်း၊ အိမ်ဖုန်း ‌ခေါ်ဆိုမှုနှုန်းထားကလည်း နှစ်ဆ‌ဈေးတက်လာသည်ဟု အဆိုပါ ဖားအံမြို့သူက ဆိုသည်။
အလားတူ ရန်ကုန်မြို့တွင်လည်း အ‌ခြေခံစား‌သောက်ကုန်‌ဈေးနှုန်းအချို့ ယခုဇန်နဝါရီလ ဒုတိယအပတ်မှစ၍ ‌ပြောင်းလဲမှုများရှိပြီး အနည်းငယ်‌ဈေးတက်လာသည်ဟု ပြည်တွင်းအ‌ခြေစိုက် Eleven News Media Group သတင်းတွင် ‌ရေးသား‌ဖော်ပြထားသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အဓိက အ‌ခြေခံ စား‌သောက်ကုန်ဖြစ်သည့် ဆန်ကို အမျိုးအစားအ‌ပေါ် မူတည် ပြီး တအိတ်လျှင် ပုံမုန်‌ဈေးနှုန်းထက် ကျပ် ၅၀ဝမှ ၂,၀၀ဝအထိ တက်လာ‌ကြောင်း၊ ရန်ကုန်‌ဈေးထဲတွင် ပုသိမ်‌ပေါ်ဆန်း‌မွှေး (ရှယ်) တအိတ်လျှင် ကျပ် ၂၅,၀၀ဝမှ ၃၀,၀၀ဝကျပ်ခန့်ဖြစ်လာပြီး ဧည့်မထဆန်(ရှယ်)တအိတ်လျှင် ၁၆,၀၀ဝကျပ်မှ ၁၇,၀၀ဝကျပ်အထိ မြှင့်တက်လာသည်ဟု သိရသည်။
ယင်းကုန်‌ဈေးနှုန်းများ တက်လာခြင်းသည် ပြည်တွင်းရှိ စစ်အစိုးရဝန်ထမ်း၏ လစာနှုန်းထား တိုးလာသဖြင့် ကုန်‌ဈေးနှုန်းလည်း လိုက်၍ ‌ပြောင်းလဲလာခြင်းဖြစ်သည်ဟု ပြည်သူအချို့က ယူဆကြသည်။
ပြီးခဲ့‌သော ဒီဇင်ဘာလ ၃၁ရက်‌နေ့က နအဖ ဘဏ္ဍာ‌ရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ‌နေပြည်‌တော်မှ အစိုးရဌာနများတွင် တာ ဝန်ထမ်း‌ဆောင်‌နေကြသည့် ဝန်ထမ်းများ၏ လစာနှုန်းထားများကို ဇန်နဝါရီ ၁ရက်‌နေ့မှစ၍ ရာထူးအဆင့် မခွဲခြားဘဲ တ‌ပြေးညီ ၂၀,၀၀ဝကျပ် တိုးမြှင့်‌ပေးလိုက်‌ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရအ‌နေဖြင့် စီးပွား‌ရေး ပြင်ဆင်မှု တစုံတရာ မလုပ်ဘဲ ရုတ်တရက် အစိုးရ ဝန်ထမ်းလစာများ တိုးမြှင့်လိုက်ခြင်း‌ကြောင့် ကုန် ‌ဈေးနှုန်း အဆမတန် ကြီးမြှင့်လာခြင်း၊ ‌ငွေ‌ကြေး‌ဖောင်းပွခြင်းနှင့် အခြား‌နောက်ဆက်တွဲ ပြဿနာများ ဖြစ်‌ပေါ်လာပါက ပြည်သူတ ရပ်လုံး ထိခိုက်‌စေနိုင်‌ကြောင်း ပြည်ပအ‌ခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)က ယခုလ ၇ရက် ‌နေ့တွင် ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ကာ စစ်အစိုးရအား ‌ထောက်ပြထားသည်။