Home သတင်း တိုက်ပွဲများ‌ကြောင့် လူကုန် ကူးခံရမှုကို တွန်းအား‌ပေးသ လို ဖြစ်လာ‌ကြောင်း KWAT ‌ပြော

တိုက်ပွဲများ‌ကြောင့် လူကုန် ကူးခံရမှုကို တွန်းအား‌ပေးသ လို ဖြစ်လာ‌ကြောင်း KWAT ‌ပြော

1964
ဇွန်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

KWAT Logo
မြန်မာအစိုးရနှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ (KIO) တို့အကြား တ‌ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ကာလအတွင်း ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံဘက်ခြမ်းသို့ လူကုန်ကူးခံရ‌အောင် တွန်းပို့‌ပေးသလိုဖြစ်‌နေ‌ကြောင်း ထိုင်းနိုင်ငံအ‌ခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) ယ‌နေ့ ‌ပြောကြားလိုက်သည်။

ကချင်ပြည်နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်‌နေ‌သော တရုတ်-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ‌နေရာ‌ဒေသများတွင် လူကုန်ကူးမှုများ တိုးပွားလာလျက်ရှိ‌ကြောင်း KWAT မှ ယ‌နေ့ရက် ဇွန်လ ၅ရက်‌နေ့က ထုတ်‌ဝေသည့် စာမျက်နှာ ၂၈မျက်နှာပါ “‌ချောက်ကမ်းပါး သို့ တွန်းပို့ခံရခြင်း”အမည်ရှိ အစီရင်ခံစာအုပ်တွင် ထိုသို့ ‌ဖော်ပြထားခြင်းဖြစ်သည်။

KWAT ၏ ‌ပြောခွင့်ရသူ မဂျူလီယာမရစ်က “တိုက်ပွဲပြန်ဖြစ်လို့ ထွက်‌ပြေးတိမ်း‌ရှောင်လာရတဲ့ကြားထဲမှာ အကူအညီ အလုံအ ‌လောက် မရတာ‌တွေ၊ စားဝတ်‌နေ‌ရေး မ‌ပြေလည်တာ‌တွေ‌ကြောင့် အမျိုးသမီးငယ်‌လေး‌တွေအ‌နေနဲ့ လူကုန်ကူးခံရမှုဖြစ်‌အောင် တွန်းပို့‌ပေးသလို ဖြစ်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ၂၀၁၁ ဇွန်လမှစ၍ လူကုန်ကူးမှု ၂၄မှုကို ကူညီကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ မိန်းက ‌လေးငယ်များအနက် သုံးပုံတစ်ပုံမှာ အသက် ၁၈နှစ်‌အောက်အရွယ်များသာဖြစ်‌ကြောင်း KWAT က ‌ပြောဆိုသည်။

“လူကုန်ကူးခံရလို့ လက်လှမ်းမီသ‌လောက် ကယ်တင်နိုင်ခဲ့တဲ့ အမှု‌တွေက‌တော့ အများအားဖြင့် ‌သွေး‌ဆောင်ဖြား‌ယောင်းခံရတာ၊ လုပ်အားခ ‌ခေါင်းပုံဖြတ်ခံရတာ၊ တရုတ်မယားအဖြစ်နဲ့ ‌ရောင်းစားခံရတဲ့သူ‌တွေ များပါတယ်”ဟု မဂျူလီယာမရစ်က ‌ပြောဆို သည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်တစ်‌လျှောက် ဒုက္ခသည်များအ‌နေဖြင့် မြန်မာအစိုးရ၏ ပိတ်ပင်တားဆီးမှု‌ကြောင့် အလုပ်လက်မဲ့ နှုန်း မြင့်မားလာခြင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ နည်းပါး‌နေခြင်းတို့‌ကြောင့် စားဝတ်‌နေ‌ရေးများ ကြပ်တည်းလာကြပြီး အိမ်တွင်းအကြမ်းဖက်မှုများ သိသာစွာ တိုးလာ‌ကြောင်းလည်း KWAT က ဆိုသည်။

လူကုန်ကူးခံရမှုများမှာ ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်အတွင်း၌လည်း ဖြစ်‌ပေါ်‌နေပြီး ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ် လအတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်အမှု‌ပေါင်း ၆၁မှုရှိခဲ့ပြီး အများစုမှာ အမျိုးသမီးများဖြစ်‌ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အကြား ၂၀၀၉ခုနှစ်က ချုပ်ဆိုခဲ့‌သော လူကုန်ကူးမှု ပူး‌ပေါင်းတိုက်ဖျက်‌ရေး အစီအစဉ်ကို အ‌ကောင်အထည်မ‌ဖော်နိုင်ခြင်းနှင့် တရုတ်နိုင်ငံဘက်မှ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရမှုကို လူကုန်ကူးမှု ပြစ်မှုအဖြစ် ပြဌာန်းနိုင်မှု မရှိခြင်းတို့‌ကြောင့် လူကုန်ကူးခံရမှုကို ထိန်းချုပ်ရန် ခက်ခဲ‌နေ‌သေး‌ကြောင်းလည်း သိရသည်။

KWAT ကို ၁၉၉၉ခုနှစ်၊ စက်တင်ဘာလ ၉ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးနှင့် က‌လေးသူငယ်များ၏ ဘဝကို စွမ်းရည် မြှင့်တင်‌ပေးခြင်း၊ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်ခြင်း၊ နိုင်ငံ‌ရေး အမြင်ဖွင့်သင်တန်းပို့ချခြင်းနှင့် ‌ပြောင်း‌ရွှေ့အလုပ်များကို ကူညီ ‌ထောက်ပံ့‌ပေးခြင်းလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိသည်။