Home သတင်း ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ် ခွဲအတွင်းရှိ ရွာသား‌လေးဦး ကို အစိုးရစစ်တပ် ပါးရိုက်

ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ် ခွဲအတွင်းရှိ ရွာသား‌လေးဦး ကို အစိုးရစစ်တပ် ပါးရိုက်

2181
ဇွန်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ ‌မေတ္တာမြို့နယ်ခွဲအတွင်းရှိ ဝါး‌တော(ဝါ့ကလား) ရွာသား‌လေးဦးကို ဇွန်လ ၄နှင့် ၅ရက်‌နေ့တွင် မြန်မာအစိုးရတပ်က ခိုင်း‌စေမရ၍ ပါးရိုက်ခဲ့သည်ဟု အဆိုပါ‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

မြန်မာအစိုးရ လှုပ်ရှားစစ်တပ် ထီးထာ့ရွာအ‌ခြေစိုက် နည်းဗျူဟာ(၂)၊ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁၉) လက်‌အောက်ခံ စစ် ‌ကြောင်း-၁ ‌ခြေမြန်တပ်ရင်း(ခမရ-၅၈၈)တပ်ရင်းမှ ဗိုလ်မှူး‌အောင်ဝင်းထူးဆိုသူသည် ဝါး‌တောရွာသားများကို ပါးရိုက်ခဲ့ခြင်းဖြစ် သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မ‌နေ့က ဝါး‌တော့ရွာသား သုံးဦးကို အဲဒီအစိုးရစစ်တပ်က ‌ပေါ်တာလိုက်ဖို့ ‌ခေါ်တာ ငြင်းတဲ့အတွက် သုံး‌ယောက်စလုံး ပါးရိုက်ခံရတယ်။ ‌နောက် ဇွန်လ ၄ရက်‌နေ့က ဝါး‌တောရွာသားတစ်ဦးဆီကို အရက်‌တောင်း‌သောက် မရလို့ ပါးရိုက်ခဲ့တယ်။ ဗိုလ်မှူး‌အောင်ဝင်းထူးကိုယ်တိုင် ရိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပါးရိုက်ခံရသူများမှာ ‌စော‌ဖောရီ၊ ‌စောခွါးသား၊ ‌စော‌အောင်‌ကျော်မိုးနှင့် ‌စောအချိုင်းတို့ဖြစ် ကြပြီး လက်ရှိ ထိုကိစ္စရပ်အ‌ပေါ် ဝါး‌တောရွာ အတွင်း‌ရေးမှူး ‌စောထီးထာ့‌စွေးက ဦး‌ဆောင်၍ နည်းဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းသန်းဦးနှင့် ‌မေတ္တာမြို့ အ‌ခြေစိုက် စစ်ဗျူဟာ(၂)ဗျူဟာမှူး ဗိုလ်မှူးကြီး‌ဇော်လှထံသို့ ယမန်‌နေ့က တိုင်ကြားထားသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ဝါး‌တော့ရွာသည် ခန့်မှန်း‌ခြေအားဖြင့် ထားဝယ်မြို့နှင့် မိုင် ၄၀‌ကျော် ကွာ‌ဝေးသဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ ‌ဒေသခံများက ထားဝယ်မြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဆက်ဆံ‌ရေးရုံးသို့ သွား‌ရောက်တိုင်ကြား‌ပြောဆိုနိုင်ခြင်း မရှိ‌ကြောင်း KNU နှင့် နီးစပ်သူ ‌ဒေသခံရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“ပါးရိုက်ခံရတဲ့ ကိစ္စကို ရွာသား‌တွေက တိုင်ကြားထားတဲ့အတွက် ဒီ‌နေ့ ဗျူဟာမှူး‌တွေ ဝါး‌တောရွာမှာလာပြီး ဗိုလ်မှူး‌အောင်ဝင်း ထူးနဲ့ ‌တွေ့ဖို့ ရှိတယ်။ ဘယ်လို အ‌ရေးယူမှု‌တွေ လုပ်မလဲဆို‌တော့ ‌စောင့်ကြည့်ရဦးမှာ‌ပေါ့။ ဒီကိစ္စဟာ စစ်တပ်က လုပ်တာဖြစ်သ လို ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံးက ရွာနဲ့ အ‌တော်အလှမ်း‌ဝေး‌တော့ ရွာသား‌တွေက စစ်တပ်ဘက်ကိုပဲ တိုင်တဲ့သ‌ဘောပါ”ဟု ‌ပြော သည်။

ဗိုလ်မှူး‌အောင်ဝင်းထူး ဦး‌ဆောင်သည့် ‌ခြေမြန်တပ်ရင်း(ခမရ-၅၈၈)တပ်ရင်းသည် ယခင်လ ‌မေလ ၂၆ရက်‌နေ့က စစ်ပစ္စည်းများ နှင့် တပ်ရိက္ခာများ သယ်‌ဆောင်ရန်အတွက် ယင်း‌ဒေသရှိ ဆင်ဖြူတိုင်ရွာနှင့် ဝါး‌တောရွာတို့မှ ကားများကို ‌ချောဆွဲခဲ့‌သေးသည်။

ခမရ (၅၈၈)တပ်ရင်းသည် ‌မေလ ၂၆ရက်‌နေ့ကမှ ခမရ (၂၉၉)တပ်ရင်း၏‌နေရာကို အစားထိုး ဝင်‌ရောက်လာသည့်တပ်ရင်းဖြစ် ပြီး လက်ရှိအချိန်တွင် တစ်ဖွဲ့လျှင် အင်အား ၆ဝ ဝန်းကျင်ဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ လှုပ်ရှားလျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။