Home သတင်း ၁၅ကြိမ်‌မြောက် NBF ညီလာ ခံတွင် တိုင်းရင်းသားများ၏ ရပိုင် ခွင့် ‌ဆွေး‌နွေးမည်

၁၅ကြိမ်‌မြောက် NBF ညီလာ ခံတွင် တိုင်းရင်းသားများ၏ ရပိုင် ခွင့် ‌ဆွေး‌နွေးမည်

1776
ဇွန်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)
ညီ‌နောင်တိုင်းရင်းသားများဖက်ဒ‌ရေးရှင်း ကိုယ်စားလှယ်များ
ညီ‌နောင်တိုင်းရင်းသားများဖက်ဒ‌ရေးရှင်း ကိုယ်စားလှယ်များ

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်‌နေ့ အထိ ‌တောင်ကြီးမြို့၌ ညီ‌နောင်တိုင်းရင်း သားများဖက်ဒ‌ရေးရှင်း(NBF)အဖွဲ့ဝင် များ၏ ၁၅ကြိမ် ‌မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်‌နေ့က ‌ပြောကြား လိုက်သည်။

“ဒီ‌ဆွေး‌နွေးပွဲက တိုင်းရင်းသားပါတီ‌တွေရဲ ့ ‌ဆွေး‌နွေးပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စ‌တွေကိုပဲ ‌ဆွေး‌နွေးမယ်။ ‌ဆွေး‌နွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အ‌ရေး၊ ‌နောက် ဖက်ဒရယ်ပြည်‌ထောင်စုကိစ္စ‌တွေကို ‌ဆွေး‌နွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ(RNDP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးဦးလှ‌စော က ‌ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်‌ရေးပါတီမှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦး‌စောထွန်းဝင်းက ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အ‌ရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ‌ဆွေး‌နွေးရန် စီစဉ်ထား‌ကြောင်းလည်း ‌ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီ‌နောင်တိုင်းရင်းသားများဖက်ဒ‌ရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအဝင် စုစု‌ပေါင်း ၁၅ပါတီက ‌ဆွေး‌နွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးစိုင်းလှ‌ကျော်က “အဓိကက‌တော့ ဖက်ဒရယ်ပြည်‌ထောင် စုပါတီ တည်‌ထောင်ဖို ့ကျ‌နော်တို့ ပြီးခဲ့တဲ့ ‌နေပြည်‌တော်မှာ လုပ်တဲ့ NBF ရဲ ့၁၄ကြိမ်‌မြောက် ‌ဆွေး‌နွေးပွဲမှာ သ‌ဘောတူထားတာ ‌လေ။ ‌နောက် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ ့ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာ‌တွေနဲ့ ပတ်သက်ပြီး ထည့်သွင်း‌ဆွေး‌နွေးသွားဖို ့ရှိပါတယ်။ ဖွဲ ့စည်းပုံပြင်တဲ့အခါ အခု‌ဆွေး‌နွေးထားတဲ့ အချက် ‌တွေကို တစ်ပါတီချင်းအ‌နေနဲ့‌ရော NBF အ‌နေနဲ့ပါ လွှတ်‌တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ‌ပြောသည်။

NBF ညီလာခံ၌ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသား‌ဒေသများအတွင်း မဲရရှိမှု မဆုံးရှုံး‌စေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စု‌ပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခုထူ‌ထောင်‌ရေးကိစ္စတို့ကိုလည်း ‌ဆွေး‌နွေးသွားမည် ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ‌ပြောခွင့်ရှိသူ ဦး‌စောသန်းမြင့်က ယခုနှစ် ‌မေလဆန်းပိုင်းက ‌ပြော ကြားခဲ့သည်။

ညီ‌နောင်တိုင်းရင်းသားများ ဖက်ဒ‌ရေးရှင်း (NBF) ကို ၂၀၁ဝ ‌ရွေး‌ကောက်အပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစ‌ဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်‌ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ ့ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်‌ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအ‌ဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်‌မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်‌နေ့အထိ ‌တောင်ကြီးမြို ့၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ဝ၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ ‌လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအ‌ဝေး‌လေးကြိမ် တက်‌ရောက်ပြီးသည့်ပါတီများကို အဖွဲ ့ဝင်အဖြစ် လက်ခံသွားမည်ဖြစ်‌ကြောင်း သိရသည်။