Home သတင်း ဒုက္ခသည်များ၏ သ‌ဘော ထားစစ်တမ်းကို ဆက် လက် ‌ကောက်ခံသွားမည်

ဒုက္ခသည်များ၏ သ‌ဘော ထားစစ်တမ်းကို ဆက် လက် ‌ကောက်ခံသွားမည်

2322
ဇွန်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


UNHCR ၏ အကူအညီ ‌တောင်းခံမှုဖြင့် ထိုင်းဘုရင့်‌တော်ဝင်မိသားစုမှ တည်‌ထောင် ထား‌သော Mae Fah long Foundation (MFLF) ‌ဖောင်‌ဒေးရှင်းက မယ်လစခန်း ဒုက္ခသည်များ၏ သ‌ဘောထားစစ်တမ်းကို ထပ်မံ ‌ကောက်ခံသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဇွန်လ ၆ရက် UNHCR၊ Mae Fah Long Foundation (MFLF) မှ ဒုက္ခသည်စခန်း တာဝန်ရှိသူများ၊ ကရင်ဒုက္ခသည်များ‌ကော်မ တီ KRC မှ တာဝန်ရှိသူများနှင့် စခန်းအတွင်း ပြုလုပ်‌သော ညှိနှိုင်းတိုင်ပင်မှုများအပြီးတွင် ဒုက္ခသည်များ၏ သ‌ဘောထားကို ဆက်လက် ‌ကောက်ခံသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KRC ဒု ဥက္ကဌ ‌စော‌ဂျော့က ‌ပြောသည်။

“ဒုက္ခသည်ပြန်ပို့ဖို့ စစ်တမ်း‌ကောက်တာ မဟုတ်ပါဘူး။ UNHCR က‌နေ ‌မေးခွန်း ၃ခုအပြင် အကယ်၍ ‌နေရပ်ပြန်ရမယ်ဆိုရင် ဘာ‌တွေ ပြင်ဆင်သင့်သလဲဆိုတာကို အဓိကထားပြီး သူတို့ရဲ့ သ‌ဘောထား‌လေး‌တွေကို သိချင်လို့ ဆက်လက် ‌ကောက်ခံတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌မေးခွန်းများတွင် ဒုက္ခသည်များအ‌နေဖြင့် ‌နေရပ်ပြန်မည်လား၊ စခန်းတွင် ဆက်လက်‌နေမည်လား၊ တတိယနိုင်ငံသွားမည် လား စသည့်‌မေးခွန်းများဖြစ်ပြီး မိမိ‌ဖြေဆိုလိုသည့် အချက်များကိုသာ ‌ရွေးချယ်ပြီး ပွင့်လင်းစွာ စိတ်ကြိုက်‌ဖြေဆိုနိုင်‌ကြောင်း ၎င်း က ဆက်လက် ‌ပြောပြသည်။

သို့‌သော် လွန်ခဲ့သည့် ‌မေလ ၁၅ရက်‌နေ့က (MFLF) မှ သ‌ဘောထားစစ်တမ်းကို မဖြစ်မ‌နေ ‌ဖြေဆိုရမည့် ‌မေးခွန်းများအ‌နေဖြင့် စခန်းအတွင်းရှိ ဇုံ A ၌ ‌ကောက်ခံခဲ့ရာတွင် အချို့‌မေးခွန်းများအ‌ပေါ် ရပ်ကွက်သူရပ်ကွက်သားများက မ‌ကျေမနပ် ဖြစ်ခဲ့ကြသဖြင့် သ‌ဘောထားစစ်တမ်း ‌ကောက်ယူမှုကို ၂ရက်သာပြုလုပ်ခဲ့ရပြီး ဇုံ A ပင် မပြီးဆုံးဘဲ ရပ်ဆိုင်းထားခဲ့ရသည်။

စစ်တမ်း‌ကောက်ခံရသူ ဇုံ A မှ ဒုက္ခသည်တစ်ဦးက “သူတို့‌မေးတဲ့‌မေးခွန်း‌တွေက မြန်မာပြည်ကို အတင်းပြန်ခိုင်းသလို ဖြစ်‌နေ တယ်။ အဲဒါ‌ကြောင့် မ‌ကျေမနပ်ဖြစ်ကြတာ။ အခု ‌လော‌လောဆယ်လည်း ပြန်ဖို့ကို မဖြစ်နိုင်‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယ‌နေ့ ပြုလုပ်‌သော ‌ဆွေး‌နွေးပွဲအပြီးတွင် သ‌ဘောထားစစ်တမ်း‌ကောက်ယူမှုကို လာမည့် ဇွန်လ ၆ရက်‌နေ့တွင် စတင်၍ ဆက် လက်‌ကောက်ခံမည်ဖြစ်ပြီး စစ်တမ်းမ‌ကောက်ယူမှီ လူထုနားလည်လာ‌အောင် အရင် ရှင်းလင်းချပြပြီးမှ ဆက်လက် လုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း မယ်လစခန်း ဥက္ကဌ ‌စော‌အောနက်က ယခုလို ‌ပြောသည်။

“အရင်ကလည်း ဒီ‌မေးခွန်း‌တွေပါပဲ။ ဒါ‌ပေမယ့် တချို့‌သော အ‌သေးစိတ် ‌မေးခွန်း‌လေး‌တွေက ဒုက္ခသည်‌တွေ‌ဖြေဖို့ အဆင်မ‌ပြေ တဲ့အခါကျ‌တော့ နည်းနည်း ပြဿနာဖြစ်သွားတာပါ။ အခု‌တော့ အရင် ရှင်းပြမယ်၊ သ‌ဘော‌ပေါက်ပြီဆိုမှ ရပ်ကွက်အလိုက် စစ် တမ်းကို ‌ကောက်ခံသွားမှာပါ”ဟု ‌ပြောသည်။

ထို့အပြင် မယ်လဒုက္ခသည် (၃၆၄၄)ဦးတို့က MFLF ၏ မြန်မာနိုင်ငံသို့ အဓမ္မ ပို့‌ဆောင်မည်ကို လက်မခံ‌ကြောင်း လက်မှတ်‌ရေး ထိုးကာ စစ်တမ်း‌မေးခွန်းများ ပြင်ဆင်‌ပေးရန် ‌တောင်းဆိုသည့်စာကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ လိပ်မူကာ ‌မေလ ၂၇ရက်‌နေ့က ‌ပေးပို့ခဲ့သည်။

ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုစလုံးတွင်လည်း ဒုက္ခသည်များ၏ သ‌ဘောထားစစ်တမ်း ‌ကောက်ခံမှုများကို အလားတူ ‌မေးခွန်းပုံစံများဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ ထိုကိစ္စအ‌ပေါ် ကျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည် များမှာလည်း အချိန်မတန်ဘဲ ‌နေရပ်ပြန်လည်ပို့‌ဆောင်မည်ကို စိုးရိမ်လျှက်ရှိ‌ကြောင်း သိရသည်။