Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

2960

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ထို့‌ကော်ကိုး‌ဒေသတွင် ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ရက်‌နေ့က ကရင်လက်နက်ကိုင် အဖွဲ့များ ‌ဆွေး‌နွေးပွဲ ပြုလုပ် ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံးရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌ဂျော်နီ ဦး‌ဆောင်‌သော ကိုယ်စားလှယ်များ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့- ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူ/ ‌ကေအဲန် အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ကရင်ငြိမ်းချမ်း‌ရေးတပ်ဦး-‌ကေပီအက်ဖ်၊ ဘုရားကုန်း ကရင်ငြိမ်းချမ်း‌ရေးအဖွဲ့နှင့် နယ်ခြား ‌စောင့်တပ်များမှ စစ်ဖက်၊ အရပ်ဖက်‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း တစ်ရာဝန်းကျင် ပါဝင်ခဲ့ကြသည်။
၎င်း‌ဆွေး‌နွေးပွဲတွင် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွှတ်‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ‌ကြေညာချက် ထုတ်ပြန်ထားသည့်အ‌ပေါ် ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး‌ဖောဒိုနှင့် ကရင်သတင်းဌာန-‌ကေအိုင်စီ သတင်း‌ထောက် စဖန်း‌ရှောင်းက ဆက်သွယ်‌မေးမြန်းခဲ့ခြင်း ဖြစ်သည်။

‌မေး အခုလို ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီ ဖွဲ့စည်းလိုက်တဲ့အတွက် ‌ကော်မတီရဲ့ ရည်ရွယ် ချက်နဲ့ လုပ်‌ဆောင်မယ့် လုပ်ငန်း‌ဆောင်တာများကို ‌ပြောပြ‌ပေးပါခင်ဗျား။
‌ဖြေ ကျ‌နော်တို့ ‌ကော်မတီ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်က‌တော့ KNU မိခင်အစည်းအရုံးကြီးက အစိုးရနဲ့ နိုင်ငံ‌ရေးစကား ဝိုင်းမှာ ‌ပြောဆိုတဲ့အခါ ပိုပြီး‌လေးနက်မှုရှိ‌အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ လုပ်‌ဆောင်ချက်အ‌နေနဲ့က‌တော့ ‌ကော်မတီ က ဆုံးဖြတ်ထားတဲ့အချက် ၇ချက်ကို အ‌ခြေခံပြီး‌တော့ ဆက်လက်လုပ်‌ဆောင်သွားမှာပါ။

‌မေး အစိုးရနဲ့ KNU နိုင်ငံ‌ရေး စကားဝိုင်း‌ပြောဆိုတဲ့အခါ ကရင်လက်နက်ကိုင်‌တွေအ‌နေနဲ့ ဘယ်လိုပံ့ပိုးလုပ်‌ဆောင်သွားမှာ ပါလဲ။
‌ဖြေ ကျ‌နော်တို့မိခင်အစည်းအရုံးကြီးက နိုင်ငံ‌ရေးစကား‌ပြောတဲ့အခါ ကရင်လက်နက်ကိုင် အင်အားစု‌တွေအ‌နေနဲ့ တညီတ ညွတ်တည်း စည်းစည်းလုံးလုံးနဲ့ ဖြစ်ရင်‌တော့ ဒါ အင်အားကြီးတစ်ရပ်ဖြစ်မှာပါ။ အဲလိုမဟုတ်ပဲ သူတစ်လူငါတစ်မင်း၊ တ‌ယောက် တ‌ပေါက်နဲ့ ဆိုရင်‌တော့ ‌ရှေ့ဆက်သွားမယ့် နိုင်ငံ‌ရေးပန်းတိုင်ကို ‌ရောက်နိုင်မှာ မဟုတ်ပါဘူး။

‌မေး ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ‌ကြောင့် ပြည်သူလူထု‌တွေကို ထိခိုက်နစ်နာမှုအချို့ ရှိတယ်လို့ ‌ပြောဆို‌နေတဲ့အ‌ပေါ် ဒီ‌ကော်မတီ မှာ ပါဝင်တဲ့ ကရင်လက်နက်ကိုင်‌တွေအ‌နေနဲ့ ပြည်သူလူထုကို ဘယ်လို အကာအကွယ်‌ပေး လုပ်‌ဆောင်သွားဖို့ရှိပါသလဲ။
‌ဖြေ ကျ‌နော်တို့အ‌နေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ ချက်ချင်းလက်ငင်း ဒီပြဿနာ‌တွေကို ‌ဖြေရှင်းနိုင်ဖို့ လိုချင်ကြတာချည်းပါ ပဲ။ ဒါ‌ပေမယ့်လို့ တစ်ထိုင်တည်းနဲ့‌တော့ ဒီလုပ်ငန်းတစ်ရပ်ကို အမြန်ဆုံးနည်းနဲ့ ‌ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်‌သေးဘူးဆိုတာကို‌တော့ ကျ‌နော်တို့ နားလည်‌ပေးရပါမယ်။ အဲဒီ‌တော့ ကျ‌နော်တို့အ‌နေနဲ့ စုစုစည်းစည်းနဲ့ ‌ဖြေး‌ဖြေးချင်း အ‌ကောင်အထည်‌ဖော် လုပ် ‌ဆောင်သွားဖို့ ရှိပါတယ်။

‌မေး ကရင်အချင်းချင်း ပြဿနာဖြစ်ပွားရင် ‌ကော်မတီဖွဲ့ပြီး လုပ်‌ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ ‌ဆွေး‌နွေးပွဲ ဆုံးဖြတ်ထားတာမို့ အဲဒါ‌လေးနဲ့ ပတ်သက်ပြီးရှင်းပြ‌ပေးပါအုံး ခင်ဗျား။
‌ဖြေ ‌ကော်မတီတစ်ခုရှိတဲ့အခါကျ‌တော့ ပြဿနာ‌ဖြေရှင်းတဲ့အခါမှာ ပိုလွယ်တာ‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ အချင်းချင်း ပြဿနာဖြစ်ရင် ‌ကော်မတီဖွဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြစ်တဲ့ပြဿနာ‌တွေကို ‌ဖြေရှင်းမယ်ဆိုရင် သူများ လာရှင်း‌ပေးစရာလည်း မလို ဘူး။ ကိုယ့်ကရင်အချင်းချင်းပဲဆို ‌ဖြေရှင်းရလွယ်သွားတာ‌ပေါ့ဗျား။

‌မေး ၂၀၁၃-၂၀၁၄ ခုနှစ်မှာ လူထုရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မယ်လို့ ဆုံးဖြတ်ချက် ချထားတဲ့အခါကျ‌တော့ လူထုကိုဘယ်လို အသိ‌ပေးရှင်းပြဖို့ ရှိပါသလဲ။
‌ဖြေ အဓိကက‌တော့ ကျ‌နော်တို့ ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့အခါမှာ လူထု‌တွေ ပါဝင်ရပါမယ်။ လူထုအား မပါ လို့က‌တော့ ဘယ်လိုမှမဖြစ်ပါဘူး။ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ စည်းလုံးညီညွတ်‌ရေး တည်‌ဆောက်တဲ့အခါမှာ လူထု‌တွေက ကျ‌နော်တို့အဖွဲ့‌တွေတိုင်းကို အမြင်ရှင်း‌အောင် ချပြ‌ပေးဖို့ဖြစ်ပါတယ်။

‌မေး အဲဒီလို လူထုရှင်းလင်းပွဲ လုပ်သွားမယ်ဆိုတဲ့အခါကျ‌တော့ ကရင်‌တွေအ‌နေနဲ့ ကရင်ပြည်နယ်တင်မဟုတ်ဘဲ မြန်မာ နိုင်ငံ အနှံ့အပြားမှာ ပြန့်နှံ့‌နေထိုင်တဲ့အတွက် လူထုရှင်းလင်းပွဲကို ဘယ်လိုလုပ်‌ဆောင်သွားဖို့ရှိပါလဲ။
‌ဖြေ အဲဒီအပိုင်းကျ‌တော့ အ‌ခြေအ‌နေ‌ပေါ်မှာ မှုတည်တာဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်‌ဆောင်သွားရမှာ ဖြစ်ပါ တယ်။

‌မေး ကရင်လက်နက်ကိုင်တပ်ဖွဲ့‌တွေ ပူး‌ပေါင်းအလုပ်လုပ်နိုင်ဖို့ စု‌ပေါင်းရုံးတစ်ခုထားရှိဖို့ဆိုတာ ‌တွေ့ရတယ်။ အစိုးရရဲ့ ကွပ် ကဲမှု‌အောက်မှာ ရှိ‌နေတဲ့ တစ်ချို့‌သော ကရင်လက်နက်ကိုင်တပ်ဖွဲ့‌တွေအ‌နေနဲ့ အဆင်‌ပြေမှုရှိပါ့မလား။ ဘယ်လိုစီစဉ်‌ဆောင် ရွက်သွားဖို့ ရှိပါလဲ။
‌ဖြေ ဒါက‌တော့ ကျ‌နော်တို့ အ‌ကောင်းဆုံး ရည်ရွယ်ချက်တစ်ခုအ‌နေနဲ့ ကျ‌နော်တို့ အားလုံး သ‌ဘောတူညီတဲ့ ဆုံးဖြတ်ချက် ချပြီး‌တော့ လုပ်‌ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ လက်‌တွေ့လုပ်ငန်းမှာ အခက်အခဲဘယ်‌လောက်ရှိအုံးမယ် ဆိုတာကို မသိ ‌သေးပါဘူး။ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လုပ်‌ဆောင်ကြည့်ရပါအုံးမယ်။ အခုက ကျ‌နော်တို့ ‌ရှေ့ဆက်လုပ်‌ဆောင်မယ့် လုပ် ငန်း‌တွေအတွက် ‌ခြေလှမ်း‌တောင် မလှမ်းရ‌သေးပါဘူးဗျာ။ ရည်ရွယ်တာက‌တော့ စု‌ပေါင်းရုံးရှိမယ်ဆိုရင် ဖြစ်‌ပေါ်လာတဲ့ ပြဿ နာအဝဝကို ဒီရုံးမှာတင်ပြလာရမှာဖြစ်ပြီး ဝိုင်းဝန်း‌ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

‌မေး ‌ကော်မတီကို အဖွဲ့ဝင် ၁၇ဦးနဲ့ ဖွဲ့စည်းတဲ့အခါကျ‌တော့ ဘယ်သူ‌တွေပါဝင်လဲဆိုတာ ‌ပြောပြ‌ပေးပါခင်ဗျား။
‌ဖြေ ‌ကော်မတီ‌ခေါင်း‌ဆောင်အ‌နေနဲ့ ဗိုလ်ချုပ်ကြီး‌ဂျော်နီ (KNLA) စစ်ဦးစီးချုပ်၊ ဒုတိယ‌ခေါင်း‌ဆောင်က‌တော့ ဗိုလ်မှူးချုပ်ရင်နု (KNU/KNLA PC)၊ အတွင်း‌ရေးမှူးက‌တော့ ကျ‌နော်(ဗိုလ်မှူးကြီး‌ဖောဒို) ဖြစ်ပါတယ်။ တွဲဖက်အတွင်း‌ရေးမှူးက‌တော့ ဗိုလ်မှူးချုပ် ‌စော‌ကျော်သက်(DKBA)၊ ကျန်တဲ့လူ‌တွေက‌တော့ ‌ကော်မတီအဖွဲ့ဝင်‌တွေ ဖြစ်ပါတယ်။
(ကျန်‌ကော်မတီဝင်များအဖြစ် ‌ကေအဲန်ယူမှ ‌စော‌ကျော်မူဟဲ၊ နယ်ခြား‌စောင့်အမှတ် ၃တပ်နယ်မှူး ‌စောချစ်သူ၊ ‌စောကြာအင်း၊ ‌ဒေါက်တာ‌စော‌ဌေးမြင့်၊ ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ‌စောယိုရှူး၊ ဘုရားကုန်း ငြိမ်းချမ်း‌ရေးမှ ‌စောမြင့်သန်း၊ ‌စော‌ကျော်မြင့်၊ ဒီ‌ကေဘီ ‌အေမှ ‌စောမို‌ရှေး၊ ‌စောသန်း‌အောင်၊ KPF မှ ‌စောစတီဗင်၊ ‌စော‌နေဝင်းနှင့် ‌စောအယ်မွီးတို့ဖြစ်‌ကြောင်း သိရသည်။)

‌မေး ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီကို ဖွဲ့တဲ့အခါမှာ လက်နက်ကိုင်‌တွေအ‌နေနဲ့ ညီညွတ်‌ရေး အတွက်ပဲ ရည်ရွယ်တာလား။ ဒါမှမဟုတ် ကရင်လက်နက်ကိုင်‌တွေ ပြန်လည် ‌ပေါင်းစည်း‌ရေးလားခင်ဗျ ရှင်းပြ‌ပေးပါအုံးခင်ဗျား။
‌ဖြေ ဒီလိုရှိပါတယ်။ အလိုလားဆုံးက‌တော့ ကျ‌နော်တို့အ‌နေနဲ့ တစ်ဖွဲ့တည်း ပြန်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ဒါ‌ပေမယ့် အခု ‌လော‌လောဆယ်‌တော့ သူ့နဲ့ သက်ဆိုင်တဲ့အဖွဲ့‌တွေက‌နေပြီး ကရင်တစ်မျိုးသားလုံးရဲ့ ရည်ရွယ်ချက်ကို ပြီး‌မြောက်‌အောင် တစ်စု တစ်စည်းနဲ့ ဒီ‌ကော်မတီရဲ့‌အောက်မှာ လက်တွဲလုပ်‌ဆောင်သွားဖို့ဖြစ်ပါတယ်။

‌မေး အခုလို ကရင်လက်နက်ကိုင်တပ်ဖွဲ့‌တွေ အချင်းချင်း ‌တွေ့ဆုံပြီး ‌ကော်မတီဖွဲ့စည်းနိုင်ခဲ့တာ ဒါ ပထမဆုံးပဲလားခင်ဗျ။ ‌နောက်ပြီး ဒီအ‌ပေါ်မှာ မိခင် KNU အစည်းအရုံးရဲ့ ဦး‌ဆောင်ပါဝင်မှုကို သိပါရ‌စေခင်ဗျား။
‌ဖြေ ဟုတ်ပါတယ်။ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်၊ ဗဟို‌ကော်မတီအစည်းအ‌ဝေး ပထမအကြိမ်မှာ ချမှတ်ထားတဲ့ အစည်းအ‌ဝေး ဆုံးဖြတ်ချက်အ‌ပေါ်မှာ လုပ်‌ဆောင်ခြင်းဖြစ်ပါတယ်။

‌မေး ဗိုလ်မှူးကြီးတို့အ‌နေနဲ့ ‌နောက်ထပ် ကရင်လက်နက်ကိုင်‌တွေ အချင်းချင်း ပြဿနာ ထပ်မံ မဖြစ်ပွား‌အောင် ဘယ်လိုနား လည်သ‌ဘောတူညီမှု‌တွေ လုပ်‌ဆောင်ထားပါသလဲ။
‌ဖြေ အခု ‌လော‌လောဆယ်‌တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုအ‌ရေးယူမလဲ၊ ဘယ်လိုစည်းမျဉ်း စည်းကမ်း‌တွေ ချမှတ်မယ်ဆိုတာ ‌ကော်မတီအ‌နေနဲ့ ဘာမှ ချမှတ်နိုင်ခြင်း မရှိ‌သေးပါဘူး။

‌မေး မှုးယစ်‌ဆေးဝါးပြသာနာကိုလည်း တိုက်ဖျက်သွားမယ်ဆိုတဲ့အခါကျ‌တော့ ဘယ်လို‌ရှေ့ဆက်ပြီး လုပ်‌ဆောင်သွားမယ် ဆိုတာ ‌ပြောပြ‌ပေးပါခင်ဗျား။
‌ဖြေ ကရင်ပြည်နယ်တစ်‌ဒေသလုံးမှာ ပထမအဆင့်အ‌နေနဲ့ အသိ‌ပေး၊ ပညာ‌ပေးမှု‌တွေ လုပ်‌ဆောင်‌ပေးပါမယ်။ ဒုတိယအ‌နေ နဲ့က‌တော့ အ‌ရေးယူ‌ဆောင်ရွက်မှု‌တွေ လုပ်ရမှာ‌ပေါ့။ ဘယ်လိုလုပ်‌ဆောင်သွားမယ်ဆိုတာက‌တော့ ‌နောက်လာမယ့် ၃လတစ် ကြိမ်လုပ်မယ့် အစည်းအ‌ဝေး‌တွေမှာ ဆက်ပြီး ‌ဆွေး‌နွေးသွားပါမယ်။ ‌နောက်ပြီး ‌ကော်မတီရဲ့ ‌ရှေ့ဆက်လုပ်‌ဆောင်သွားမယ့် လုပ်ငန်းတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ‌ဆွေး‌နွေးပြီး ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။