Home သတင်း ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ ဂုဏ်ရည်ဆုကို NLD ပညာ‌ရေး ကွန်ရက် ရရှိ

၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ ဂုဏ်ရည်ဆုကို NLD ပညာ‌ရေး ကွန်ရက် ရရှိ

1942
ဇွန်လ ၁၁ရက်၊ ၂၀၁၃ ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

IMG_6630
ပြည်တွင်းလူမူ‌ရေးလုပ်ငန်းများကို ကိုယ်ကျိုး စွန် ့အနစ်နာခံ‌ဆောင်ရွက်‌နေသူများအား ပြည် ပ‌ရောက် မြန်မာတိုင်းရင်းသား မိသား စုများက ဦး‌ဆောင်‌ရွေး ချယ်ချီးမြှင့်သည့် ပြည်သူ့ ဂုဏ်ရည်ဆုကို ၂၀၁၃ခုနှစ်အတွက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ပညာ ‌ရေးကွန်ရက်အား ယမန်‌နေ့ ဇွန်လ ၁ဝရက်‌နေ့က ‌ရွေးချယ်ချီးမြှင့်လိုက်သည်။

ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဌ ဦး‌ဝေလဝင်းက “မြန်မာနိုင်ငံပြန်လည်ထူ‌ထောင်‌ရေးမှာ ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်းစဉ်များ ‌နောက်ပြန်မလှည့်‌စေဖို့ အာမခံ ချက်တစ်ခုဖြစ်တဲ့ ပညာ‌ရေးစနစ် ပြုပြင်‌ပြောင်းလဲ‌ရေးဆိုင်ရာ လုပ်ငန်းများကို NLD ပညာ‌ရေး ကွန်ရက်က ကျယ်ကျယ်ပြန့်ပြန့် ‌ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ဆု‌ပေးအပ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်ရှိ ‌တော်ဝင်နှင်းဆီခန်းမ၌ ယမန်‌နေ့က ကျင်းပသည့် ဆု‌ပေးပွဲအခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ဆုရသည့် NLD ပညာ‌ရေးကွန်ရက်အ‌နေဖြင့် အခမဲ့ပညာဒါနသင်တန်းများ ဖွင့်လှစ်ကာ ‌ကျောင်းမ‌နေနိုင်သည့် က‌လေးသူငယ် များကို ပညာသင်ကြား‌ပေးခြင်း၊ အသက်‌မွေးဝမ်း‌ကြောင်းပညာ သင်ကြား‌ပေးခြင်းများကို ‌ဆောင်ရွက်လျက်ရှိ‌ကြောင်းလည်း ယင်းကွန်ရက်အဖွဲ့ဝင် ‌ဒေါက်တာသိန်းလွင်က ယင်းဆု‌ပေးပွဲအခမ်းအနားတွင် ‌ပြောကြားသည်။

IMG_6648
ထို့အပြင် ၂၀၁၃ခုနှစ် ပြည်သူ ့ဂုဏ်ရည်ဆု အထူးဆုများအဖြစ် ရခိုင်နှင့်ကချင်‌ဒေသရှိ ဒုက္ခသည်များအတွက် ဂီတအနုပညာ စွမ်းအားဖြင့် ရန်ပုံ‌ငွေ ရှာ‌ဖွေကူညီခဲ့သူ ‌တေး‌ရေး‌တေးဆို ကိုရဲလွင်၊ ‌ကျေးလက်‌ဒေသများတွင် ‌ရေ‌ကောင်း‌ရေသန့်ရရှိ‌ရေးအတွက် ရိုးရှင်းသည့် ကုန်ကျစရိတ်သက်သာ‌သော နည်းပညာကို တနိုင်တပိုင် ဖြန့်ဖြူး‌ပေး‌နေသူ ကိုသန်းနိုင်၊ လယ်ယာ‌မြေ အသိမ်းခံ ကိစ္စများနှင့် ပြသည်သူ့အ‌ခြေခံ အခွင့်အ‌ရေးများရရှိရန် ‌ဒေသအနှံ့ လှည့်လည်ရှင်းပြ‌နေသည့် ဗိုလ်ကြီး‌ဟောင်းဦး‌နေမျိုးဇင်တို့ကို ‌ရွေးချယ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသားအချင်းချင်း ယိုင်းပင်းကူညီရန် ရည်ရွယ်၍ ပြည်ပ‌ရောက် မြန်မာတိုင်းရင်းသားမိသားစုများက စုစည်းကာ ပြည် သူ့ဂုဏ်ရည်အသင်းကို ၂၀၁ဝ ပြည့်နှစ်အတွင်း စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်းအ‌နေဖြင့် ၂၀၁ဝပြည့်နှစ်မှစ၍ ပြည်သူ ့ဂုဏ်ရည်ဆုကို ‌ရွေးချယ်ချီးမြှင့်ခဲ့ရာ ၂၀၁ဝပြည့်နှစ်အတွက် နာ‌ရေးကူညီမှုအသင်းမှ ဦး‌ကျော်သူ၊ ၂၀၁၁ခုနှစ်အတွက် အကျဉ်းကျသံဃာ‌တော်များကို အပတ်စဉ် ‌ထောင်ဝင်စာ ‌ပေးပို့လှူဒါန်း ခဲ့သူ ‌ဒေါ်ရှု၊ ၂၀၁၂ခုနှစ်အတွက် ကချင်‌ဒေသတွင် လူမှုကူညီ‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် ကချင်တိုင်းရင်းသား လဖိုင် ‌နော်မိန်းတို့ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။