Home သတင်း ‌သွေးလွန်တုပ်‌ကွေး‌ကြောင့် ဒုက္ခသည်က‌လေးများ ‌သေ ဆုံးမှုရှိ

‌သွေးလွန်တုပ်‌ကွေး‌ကြောင့် ဒုက္ခသည်က‌လေးများ ‌သေ ဆုံးမှုရှိ

1871
ဇွန်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ ကရင် ဒုက္ခသည်စခန်းများတွင် ယခုရက်ပိုင်း အတွင်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားလာပြီး က‌လေးလူနာများ ‌သေဆုံးသည်အထိ ဆိုးဝါး‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

နို့ဖိုးစခန်း‌ဆေးရုံအုပ် ဆရာမင်းထွန်းက “အရင်လ‌တွေထက်စာရင် အခုလက လူကြီး‌ရော က‌လေးပါ ‌သွေးလွန်တုပ်‌ကွေးဖြစ်တာ သိသိသာသာ တိုးလာတယ်။ ‌သေ‌ပျောက်မှုနှုန်းက နည်းတယ်ဆို‌ပေမယ့် ဖြစ်ပွားမှုနှုန်းက မြင့်လာတယ်။”ဟု ‌ပြောသည်။

‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားသည့် လူနာများကို ဧပြီလမှစတင်ပြီး စာရင်းပြုစုထားချက်အရ ယ‌နေ့အချိန်ထိ လူနာ‌ပေါင်း ၂၄၁ဦး ရှိပြီဖြစ်ပြီး အသက် ၄လသားအရွယ် မိန်းက‌လေး က‌လေးလူနာတစ်ဦး ‌သေဆုံးမှုရှိခဲ့‌ကြောင်း နို့ဖိုးစခန်း‌ဆေးရုံ၏ မှတ်တမ်းများ အရ သိရသည်။

‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ခံစားရသူများမှာ များ‌သောအားဖြင့် က‌လေးငယ်များသာဖြစ်ပြီး ယခု‌နောက်ပိုင်း၌ လူကြီးများတွင်ပါ ဖြစ်ပွားမှု ပိုများလာ‌ကြောင်းလည်း ဆရာမင်းထွန်းက ဆက်လက် ‌ပြောဆိုသည်။

“အခုရက်ပိုင်းအတွင်းမှာ တစ်ရက်ကို ‌သွေးလွန်တုပ်‌ကွေး လူနာ ၅‌ယောက်က‌နေ ၁၀‌ယောက်အထိ ပုံမှန်ရှိ‌နေပါတယ်။ အရင်က က‌လေးလူနာများတယ်။ အခုက အသက် ၄၀‌ကျော်က‌နေ ၅၀‌ကျော်အရွယ် လူကြီး‌တွေ များလာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌သွေးလွန်တုပ်‌ကွေး ဖြစ်ပွားသည့်လူနာများမှာ စခန်းအတွင်းရှိ ရပ်ကွက်များအနက် ရပ်ကွက် ၃၊ ၉၊ ၁၃၊ ၁၆တို့တွင် အဖြစ်များပြီး စာရင်းအရ စခန်းအတွင်းမှလူနာပိုများကာ အပြင်မှ လာ‌ရောက်ကုသသူ ၁၄ဦးသာရှိ‌သေး‌ကြောင်း ‌ဆေးရုံမှတ်တမ်းများအရ သိရသည်။

၎င်းအပြင် လူနာများကို စခန်းအတွင်းရှိ ‌ဆေးရုံ၌သာ အတတ်နိုင်ဆုံး ပြုစုကုသ‌ပေးမည်ဖြစ်ပြီး လိုအပ်ပါက အ‌ရေး‌ပေါ်လူနာများ ကို နီးစပ်ရာ အုန်းဖန်မြို့ ‌ဆေးရုံကြီးသို့ လွဲ‌ပြောင်းကုသ‌ပေးရန် စီစဉ်ထား‌ကြောင်း ဆရာ‌စောမင်းထွန်းက ‌ပြောသည်။

ယင်းသို့ ‌ရောဂါဖြစ်ပွားမှုနှုန်း တိုးလာသည့်အတွက် လွန်ခဲ့သည့် ဇွန်လ ၈ရက်က ထိုင်းကျန်းမာ‌ရေးဌာနမှ လာ‌ရောက်ကာ ပိုးသတ်‌ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ၃ကြိမ်တိုင်‌အောင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

အလားတူ မယ်လဒုက္ခသည်စခန်း၌လည်း ‌သွေးလွန်တုပ်‌ကွေးဖြစ်ပွားမှုများ ရှိခဲ့ပြီး ယခုလဆန်းပိုင်းတွင် ဇုံ A(1) ရပ်ကွက်မှ အသက် ၂နှစ် ၆လအရွယ် က‌လေးမ‌လေးတစ်ဦး ‌သေဆုံးသွားခဲ့သည်ဟုလည်း စခန်းအတွင်းရှိ တာဝန်ရှိသူတစ်ဦးက ‌ပြော သည်။

‌သွေးလွန်တုပ်‌ကွေးသည် ခြင်ကိုက်ခံရခြင်းမှတဆင့် ဖြစ်ပွား‌သော‌ရောဂါဖြစ်ပြီး လက္ခဏာများအဖြစ် ၇ရက်ဆက်တိုက် အပြင်း ဖျားခြင်း၊ အစားအ‌သောက်ကို လုံးဝ လက်မခံဘဲ ဆက်တိုက် အန်‌နေခြင်း၊ နှာ‌ခေါင်း‌သွေးယိုခြင်း၊ အဖျားကျပြီး လက်‌မောင်းနှင့် ‌ခြေသလုံးများ အလွန်‌အေးစက်‌နေခြင်း၊ ကတ္တရာ‌စေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း စသည့်လက္ခဏာများဖြစ်လျှင် နီးစပ်ရာ ‌ဆေးရုံ‌ဆေးခန်းများသို့ အမြန်ဆုံး သွား‌ရောက်ကုသရမည်ဖြစ်ပြီး အချိန်မှီ မ‌ရောက်ရှိပါက အသက်ဆုံးရှုံးနိုင်သည်။