Home သတင်း မ‌လေးရှားသို့ အင်တာနက် ဖုန်း‌ခေါ်ဆိုမှု များပြားလာ

မ‌လေးရှားသို့ အင်တာနက် ဖုန်း‌ခေါ်ဆိုမှု များပြားလာ

1926
ဇွန်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

mk 003
မ‌လေးရှားနိုင်ငံတွင် သွား‌ရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလူမျိုးများ အသတ်ခံရမှုများ‌ကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီး အချို့ရှိ အင်တာနက် ဝန်‌ဆောင်မှုဆိုင်များတွင် မ‌လေးရှားသို့ ဖုန်း‌ခေါ်ဆိုမှုများ များပြားလျက်ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ ဒဂုံ‌မြောက်ပိုင်းရှိ အင်တာနက်ဆိုင်များတွင် ‌နေ့စဉ် နံနက် ၇နာရီမှ ၈နာရီခွဲအတွင်း ည ၇နာရီမှ ၁၁နာရီအထိ
မ‌လေးရှားနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေကြ‌သော မိသားစုဝင်များရှိရာသို့ Skype ၊P-fingo များဖြင့် ဖုန်း‌ခေါ်ဆိုမှုမှာ
ယခင်လက တစ်‌နေ့လျှင် အကြိမ် ၂ဝခန့်သာရှိ‌သော်လည်း ယခုအခါ အကြိမ် ၂၀ဝနီးပါးအထိ များပြားလာ‌နေ‌ကြောင်း ဆိုင်ပိုင် ရှင်များထံမှ သိရသည်။

“အရင်ကဆို ကျ‌နော်တို့ဆိုင်မှာ မ‌လေးနဲ့ ထိုင်းကို ဖုန်း‌ခေါ်ဆိုကြိမ်နှုန်းက အတူတူ‌လောက် ရှိတယ်။ ပြီး‌တော့ စကင်္ာပူ၊ ဒူဘိုင်း ‌ပေါ့။ အခု‌တော့ မိသားစုဝင်‌တွေက မ‌လေးမှာရှိ‌နေတဲ့သူ‌တွေကို စိတ်ပူကြပြီး ဖုန်းနဲ့ ဆက်သွယ်စကား‌ပြောကြတာ‌ပေါ့။ အထူး သဖြင့် မြန်မာ‌တွေ အသတ်ခံရတဲ့‌နေရာမှာ အလုပ်လုပ်‌နေကြတဲ့သူ‌တွေ ရှိတဲ့ဆီကို ပိုဆက်ကြတယ်။ ‌နေ့‌ကောညပါ ဆက်‌နေကြ တာပါ။”ဟု ‌တောင်ဥက္ကလာပရှိ အင်တာနက်ဆိုင်ရှင်က ရှင်းပြသည်။

အလားတူ ပဲခူးတိုင်း၊ ‌တောင်ငူမြို့ရှိ အင်တာနက်ဆိုင်များမှာလည်း ‌နေ့လည်ပိုင်းနှင့် ညဦးပိုင်းများတွင် မ‌လေးသို့ ဖုန်း‌ခေါ်ဆိုမှု များ‌နေပြီး မြို့တွင်းသာမက အနီးနားရှိ ရွာများမှ လာ‌ရောက်‌ခေါ်ဆို‌နေကြသလို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အင်တာနက်ဆိုင် များ၌လည်း တစ်မိနစ်ဖုန်း‌ခေါ်ဆိုခ ၇၅ကျပ်ရှိပြီး ယခင်လများက တစ်လလျှင် ၁ဝကြိမ်ခန့်သာ ‌ခေါ်ဆို‌ပေးရပြီး ယခုအခါ တစ်‌နေ့ လျှင် ၁ဝကြိမ်‌ကျော် ‌ခေါ်ဆို‌ပေး‌နေရသည်။

မ‌လေးရှားနိုင်ငံတွင် ‌မေလ ၃ဝရက်နှင့် ၃၁ရက်‌နေ့မှစ၍ မြန်မာအလုပ်သမားများ အသတ်ခံရမှုများ‌ကြောင့် ပြည်တွင်းရှိ မိသားစု ဝင်များမှ စိတ်ပူပန်သဖြင့် ယခုကဲ့သို့ ဖုန်း‌ခေါ်ဆိုမှုများ မြှင့်တက်လာရခြင်း ဖြစ်သည်။