Home သတင်း ရွာသားနှစ်ဦး ပစ်သတ်ခံရပြီး ရွာပါ မီးရှို့ခံရ

ရွာသားနှစ်ဦး ပစ်သတ်ခံရပြီး ရွာပါ မီးရှို့ခံရ

1980
ဇန်နဝါရီလ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစ၍ နအဖ လှုပ်ရှားတပ်များ ဝင်‌ရောက် လာပြီး ခမရ(၃၆၇)တပ်ရင်းက ရွာသားနှစ်ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရ သည်။

အဆိုပါတပ်ရင်းသည် ခဲဒဲ‌ကျေးရွာအုပ်စုအတွင်း စစ်‌ရေး လှည့်လည်လှုပ်ရှားသည်ကို ‌ဒေသခံ ရွာသူရွာသားများက အ‌တွေ့မခံရဲ ဘဲ ‌တောထဲသို့ ထွက်‌ပြေး‌ရှောင်ပုန်းခဲ့ပြီး ‌နေအိမ်တွင် ပစည်းများ ပြန်ယူသည့် ခဲဒဲရွာသား ‌စောမြ‌ကော်ထူး ၄၈နှစ်ကို ဇန်နဝါရီလ ၁၇ရက်‌နေ့တွင် ပစ်သတ်ကာ ရွာထဲရှိ ‌နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု (Free Burma Ranger-FBR)အဖွဲ့မှ ‌စော ‌ဘောဘိုးက ‌ကေအိုင်စီကို ‌ပြောသည်။

“အဲဒီတပ်က ဒီ ၂၀၁ဝထဲမှာမှ ဝင်‌ရောက်လာတဲ့ လှုပ်ရှားစစ်‌ကြောင်း‌တွေ‌လေ။ ဒီဂွင်က ရွာသား‌တွေကလည်း နဂိုကတည်းက စစ်တပ်လာရင် အချိန်မှီ တိမ်း‌ရှောင်‌နေကျဆို‌ပေမဲ့ ရွာသား ‌စောမြ‌ကော်ထူးက‌တော့ ရွာမှာကျန်တဲ့ သူ့အိမ်က စားစရာရိက္ခာ‌တွေ ကို ပြန်ယူမယ်ဆိုပြီး ပြန်‌တော့ အသတ်ခံခဲ့ရတာပဲ။ ရွာကိုလည်း မီးရှို့လိုက်ကြတယ်”ဟု ‌ပြောသည်။

ခဲဒဲ‌ကျေးရွာ မီးရှို့ခံခြင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ၊ ‌ညောင်‌လေးပင်ခရိုင် ရုံးတာဝန်ခံတဦးဖြစ်သူ ‌နော်‌ဖောကပလာထူးက “ခဲဒဲ ရွာကို မီးရှို့တာ‌ကော၊ ရွာသားတဦးကို ပစ်သတ်တာ‌တော့ ဟုတ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် နအဖ တပ်‌တွေရဲ့ လှုပ်ရှားမှု အ‌ခြေအ‌နေက ဒီထက် ပိုဆိုးလာနိုင်တယ်”ဟု အတည်ပြု‌ပြောဆိုခဲ့သည်။

အဆိုပါတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၉ရက်‌နေ့တွင် ‌ကျောက်ကြီးမြို့နယ် တူ‌ဝေါ်စိုးရွာသို့‌ရောက်ရှိလာပြီး ရွာသား ‌စောအဲ့ထူးကို ရွာထဲတွင်ပင် ပစ်သတ်လိုက်ကြသည်ဟု ‌စော‌ဘောဘိုးက ဆက်လက်‌ပြောဆိုသည်။

ယင်းသို့ ထပ်မံ ‌ရောက်ရှိလာသည့် နအဖ တပ်ရင်းများ၏ လှုပ်ရှားမှုများ‌ကြောင့် ခဲဒဲ‌ကျေးရွာအုပ်စုရှိ ရွာ‌ပေါင်း ၁ဝရွာ‌ကျော်မှ ရွာသူရွာသား‌ပေါင်း ၁,၀၀၀‌ကျော်သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများနှင့် အိုးအိမ်များကို ချန်ထားခဲ့ရကာ ‌တောထဲသို့ ထွက် ‌ပြေးပုန်း‌ရှောင်‌နေရပြီး လက်ရှိအချိန်တွင် စားဝတ်‌နေ‌ရေး အခက်အခဲဖြင့် ရင်ဆိုင်‌နေကြရသည်ဟု နယ်စပ်သတင်းများအရ သိရ သည်။

အလားတူ ခမရ(၃၇၀) လှုပ်ရှား‌နေသည့် မုံးမြို့နယ်၊ ပ‌လေခီး‌ကျေးရွာမှ ရွာသား ၃ဦးသည် ဇန်နဝါရီလ ၁၈ရက်‌နေ့တွင် ၎င်းတို့၏ စိုက်ပျိုး‌ရေးခြံသို့ သွားရာမှ ‌နေအိမ်သို့ ပြန်လည်‌ရောက်ရှိလာခြင်းမရှိဘဲ ယခုအချိန်ထိ ‌ပျောက်ဆုံးလျှက်ရှိသည်။

တရွာလျှင် အိမ်‌ခြေ ၁ဝမှ ၂ဝအထိသာရှိ‌သော ခဲဒဲ၊ ‌ခေါ‌ထောခီး၊ တ‌ကော်ဒဲ၊ သခယ်ဒဲ၊ ‌ခေါထာ့၊ လယ်‌ထောလူ၊ ပ‌လေခီး၊ ‌ဒေး ‌ဘောခီး၊ မူခီး၊ ထီး‌လော်ခီး၊ ခိုးလူ၊ ‌တော်ငယ်ဒဲနှင့် တူ‌ဝေါ်စိုး စသည့်‌ကျေးရွာများသည် ‌ကျောက်ကြီး-မူသယ် ကားလမ်း၏ ‌တောင်ဘက်ခြမ်းတွင် တည်ရှိသည့် ရွာပုန်းရွာ‌ရှောင်များဖြစ်ကြပြီး နအဖတပ်စခန်းမှ ‌ခြေလျင်ခရီးဖြင့် တနာရီ၊ တနာရီခွဲခန့်သာ ကွာ‌ဝေးသည်ဟု သိရသည်။

နအဖတပ်များသည် သုံး‌လေးလတကြိမ် တပ်အ‌ပြောင်းအလဲ လုပ်‌ဆောင်လျှက်ရှိရာ ယခု ၂၀၁ဝခု၊ နှစ်ဆန်းပိုင်းမှစ၍ ‌ညောင် ‌လေးပင်ခရိုင်အတွင်း စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၀)၏ လက်‌အောက်ခံတပ်ရင်းများဖြစ်‌သော ခမရ(၃၆၇)က ‌ကျောက်ကြီးမြို့နယ် တွင်လည်း‌ကောင်း၊ ခမရ(၃၆၅)၊ (၃၆၉)နှင့် (၃၇၀) တပ်ရင်းများက မုံးမြို့နယ်တွင်လည်း‌ကောင်း လက်ရှိအချိန်တွင် လှုပ်ရှား လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီနှင့် မတ်လတို့တွင် ခဲဒဲ‌ကျေးရွာအုပ်စုအတွင်းရှိ တ‌ကော်ဒဲ‌ကျေးရွာကို နအဖ စစ်တပ် ဝင် ‌ရောက်ပစ်ခတ်‌သော‌ကြောင့် အဆိုပါ ရွာသူရွာသားများ ၁၂ကြိမ်အထိ ထွက်‌ပြေး‌ရှောင်တိမ်းခဲ့ရသည်ဟု သိရသည်။