Home သတင်း တိုင်းရင်းသား‌ပေါင်းစုံ နှီး‌နှော ဖလှယ်ပွဲ DKBA ဦး‌ဆောင် ပြုလုပ်ပြီ

တိုင်းရင်းသား‌ပေါင်းစုံ နှီး‌နှော ဖလှယ်ပွဲ DKBA ဦး‌ဆောင် ပြုလုပ်ပြီ

2226
ဇွန်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

DSC06924 imgဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော်(DKBA)မှ ဦး‌ဆောင်၍ ကရင်ပြည်နယ်၊ စုကလိမြို့နယ်ခွဲ ဆုံဆည်းမြိုင်‌ကျေးရွာတွင် ဒီမိုက ‌ရေစီ တိုးတက်ဖွံ့ဖြိုး‌ရေးနှင့် အမျိုးသား‌သွေးစည်းညီညွှတ်‌ရေး ပိုမိုတိုးတက်ခိုင်မြဲလာ‌စေရန် ရည်ရွယ်ပြီး “ပြည်‌ထောင်စု တိုင်းရင်း သား‌ပေါင်းစုံ နှီး‌နှောဖလှယ်ပွဲ”‌ခေါင်းစဉ်ဖြင့် ယ‌နေ့ အစည်းအ‌ဝေးကြီး ကျင်းပခဲ့သည်။

မြန်မာအစိုးရတာဝန်ရှိသူများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ လူမှု‌ရေး အဖွဲ့အစည်းများ နှင့် စသည့် အခြားအဖွဲ့အစည်း‌ပေါင်း ၃ဝခန့်တက်‌ရောက်သည့် ယခု နှီး‌နှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေ အ‌နေများကို အဓိက ‌ဆွေး‌နွေးကြမည်ဟုလည်း DKBA တာဝန်ရှိသူများက ‌ပြောဆိုသည်။

DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မို‌ရှေးက “ဒီအစည်းအ‌ဝေးမှာ တိုင်းရင်းသားအဖွဲ့‌တွေ စည်းလုံးညီညွှတ်ကြပြီး အစိုးရနဲ့ စစ်မှန်တဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ဘယ်လိုလုပ်သွားမလဲဆိုတာ ‌ဆွေး‌နွေးသွားမယ်။ ဘာဖြစ်လဲဆိုရင် အခု အစိုးရဟာ တိုင်းရင်းသားအဖွဲ့‌တွေ နဲ့ အပစ်ရပ်လုပ်ရာမှာ အဓိက ‌ကေအိုင်‌အေအဖွဲ့ပဲ ကျန်‌ပေမယ့် လက်ရှိအပစ်ရပ်ထားတဲ့ အဖွဲ့‌တွေနဲ့ အခုထိ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်က‌နေ မတက်‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်အဆင့်သာ ရပ်တန့်မ‌နေဘဲ နိုင်ငံ‌ရေး‌ဆွေး‌နွေးသည့် အဆင့်သို့ အမြန်ဆုံး‌ရောက်‌အောင် တိုင်းရင်းသား‌ပေါင်းစု ပါဝင်သည့် ယခု နှီး‌နှောဖလှယ်ပွဲတွင် အ‌ဖြေရှာ ‌ဆွေး‌နွေးသွားမည်ဟု လည်း ဗိုလ်မှူးချုပ်မို‌ရှေးက ဆက်‌ပြောသည်။

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်ကလည်း “ကျ‌နော်တို့ နိုင်ငံ‌တော်အစိုးရနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက် တဲ့‌နေရာမှာ တိုင်းရင်းသား‌ပေါင်းစုံရဲ့ ပူး‌ပေါင်းပါဝင်မှုလိုတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ နှီး‌နှောဖလှယ်ပွဲကို လုပ်ဖြစ်တာပါ။ တိုင်း ရင်းသားအဖွဲ့အားလုံး ပါဝင်ကြဖို့ ကျ‌နော်တို့ ဖိတ်‌ခေါ်ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ အစည်းအ‌ဝေးတွင် DKBA၊ KNU၊ (KIO)၊ (BGF)၊ (ABSDF) အပါအဝင် ကယန်း၊ ပအိုဝ်း၊ ပ‌လောင်၊ ချင်း၊ ဝ စသည့် လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များ တက်‌ရောက်ကြသလို ပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ လူမှု‌ရေး၊ နိုင်ငံ ‌ရေးအဖွဲ့များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ တတ်သိပညာရှင်များ၊ သတင်းမီဒီယာအဖွဲ့များနှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO) ဒုနိုင်ငံခြား‌ရေးဝန်ကြီး ဂျိမ်းလွမ်း‌ဒေါင်က “ငြိမ်းချမ်း‌ရေးရရှိဖို့အ တွက် ‌မျှော်လင့်ပြီး ဒီအစည်းအ‌ဝေးကို ကျ‌နော်တို့ လာကြတယ်။ ငြိမ်းချမ်း‌ရေးဆိုတာ နိုင်ငံ‌ရေးဖြစ်တယ်။ နိုင်ငံ‌ရေးဟာ ကျယ် ပြန့်တဲ့အ‌တွေးအ‌ခေါ် ပါဝင်မယ်။ ဗိုလ်ချုပ်‌စောလားပွယ်က အခုလို ကျယ်ပြန့်တဲ့ အ‌တွေးအ‌ခေါ်စလာတာ ‌ကောင်းတယ်။ ဒီအ စည်းအ‌ဝေးမှာ ရလဒ်‌ကောင်းတစ်ခုရဖို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC06793-img
မြန်မာနိုင်ငံ၌ လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော နိုင်ငံ‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေး၊ စစ်‌ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ သုံးသပ်ချက်များ အပါအဝင် အစီအစဉ် ၈ခုရှိပြီး ၎င်းနှီး‌နှောဖလှယ်ပွဲကို အချိန် ၂ရက်မှ ၃ရက်အထိ ‌ဆွေး‌နွေးသွားနိုင်‌ကြောင်း DKBA တာဝန်ရှိသူ များ၏ ‌ပြောပြချက်အရ သိရသည်။

၈၈မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖြစ် နှီး‌နှောဖလှယ်ပွဲတက်‌ရောက်သည့် ကိုပဏ္ဍိတ်ထွန်း က “ဒီနှီး‌နှောဖလှယ်ပွဲမှာ ထွက်လာတဲ့ သုံးသပ်ချက်‌တွေ အများကြီးပဲ။ ဒါ‌တွေဟာ ကျ‌နော်တို့နိုင်ငံထဲမှာ ဖြစ်‌နေတာပါ။ ကျ‌နော် တို့အဖွဲ့ရဲ့ သ‌ဘောထားက တိုင်းရင်းသားအ‌ရေးကို မ‌ဖြေရှင်းနိုင်ရင် ဒီမိုက‌ရေစီကိုသွားလို့ မရဘူး။ ‌နောက်တခုက လွှတ်‌တော် ပြင်ပ နိုင်ငံ‌ရေးဟာလည်း အင်မတန် အ‌ရေးကြီးတယ်။ ဒါ‌ကြောင့် ဒီပွဲကို လာတက်တာပါ။”ဟု ‌ပြောဆိုသည်။

လက်ရှိ ဗိုလ်ချုပ်ကြီး‌စောလားပွယ် ဦး‌ဆောင်သည့် ခွဲထွက် DKBA (ယခင် တိုးတက်‌သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ်မ ‌တော်)အဖြစ် နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းခြင်းကို လက်မခံခဲ့ဘဲ ၂၀၁ဝခုနှစ်က အစိုးရနှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီး ‌နောက် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင် လက်ရှိ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ထပ်မံ ရယူခဲ့သည်။