Home သတင်း ‌ကေအဲန်ယူနှင့် အစိုးရ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအ ဖွဲ့တို့အလွတ်သ‌ဘော‌ဆွေး‌နွေး

‌ကေအဲန်ယူနှင့် အစိုးရ ငြိမ်း ချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအ ဖွဲ့တို့အလွတ်သ‌ဘော‌ဆွေး‌နွေး

1434
ဇွန်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

Meeting Time 2-1-2-imgပြည်တွင်းငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင်နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct) နှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး-‌ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ ဇွန်လ ၁၅ရက်‌နေ့ ည‌နေ ၆နာရီက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာ၌ အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် အစိုးရဖက်က ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ဒုဥက္ကဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦး‌အောင် မင်း၊ ဦးခင်ရီ (ပြည်‌ထောင်စုဝန်ကြီး-လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ပြည်‌ထောင်စု ဝန်ကြီး ဦး‌ဇေယျာ ‌အောင်၊ ဒုတိယ‌ရှေ့‌နေချုပ် ဦးထွန်းထွန်းဦး၊ နယ်စပ်‌ရေးရာနှင့်လုံခြုံ‌ရေး ပြည်‌ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး‌ကျော်စိုးဝင်း၊ ကရင်ပြည်နယ် နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်တို့အပြင် ဦးတင်‌မောင်သန်း၊ ဦး‌အောင်နိုင်ဦး၊ ‌ဒေါက်တာမင်း‌ဇော်ဦး၊ ဦးညိုအုန်းမြင့် စသည့် MPC မှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

အလားတူ ‌ကေအဲန်ယူဘက်မှ ဥက္ကဌ ‌စောမူတူး‌စေးဖိုး၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအဖွဲ့ဝင် ပဒို‌စောတာဒို့မူး၊ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ တရား‌ရေးဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ‌စေး၊ တပ်မဟာ(၃)မှူး ဗိုလ်မှူးချုပ်အဲ့ကလူသိန်း၊ ဗိုလ်မှူး တာမလာ‌သော၊ ဗဟိုအမြဲတမ်း‌ကော်မတီအဖွဲ့ဝင် ပဒို‌စောလှထွန်း၊ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေနှင့် ‌စော တာမူလာတို့အပြင် ဗိုလ်မှူးထူးထူး‌လေး၊ ‌စော‌ဘောဘိုးတို့လည်း ပါဝင်တက်‌ရောက်ခဲ့သည်။

 Photo-KNU (‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ ဇွန် ၁၅ရက်က MPC ၌ အလွတ်သ‌ဘော ဆွး‌နွေး‌နေစဉ်)

Photo-KNU (‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ ဇွန် ၁၅ရက်က MPC ၌ အလွတ်သ‌ဘော
‌ဆွေး‌နွေး‌နေစဉ်)

Meeting Time 2-1-2-img
အဆိုပါ အလွတ်သ‌ဘော ‌ဆွေး‌နွေးမှုတွင် လိုက်နာရမည့် ကျင့်ဝတ်များအနက် မည်သည့်အချက်ကို အဓိကထား ‌ဆွေး‌နွေးခဲ့ ‌ကြောင်းလည်း ‌ကေအိုင်စီက ယ‌နေ့အထိ ဆက်သွယ်‌မေးမြန်းနိုင်ခြင်း မရှိ‌သေး‌ပေ။

သို့‌သော် ဇွန်လ ၁၄ရက်‌နေ့ထုတ် ‌ကေအဲန်ယူ ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်နှစ်ခုတွင် အလွတ်သ‌ဘော‌ဆွေး‌နွေးခြင်းနှင့် ‌ကေအဲန်ယူ၏ technical team အဖွဲ့သည် အစိုးရဘက်မှ တတ်သိပညာရှင်အဖွဲ့နှင့် လိုက်နာရမည့်ကျင့်ဝတ်များကို အကြိုညှိနှိုင်း‌ဆွေး‌နွေးမည်ဟုသာ ‌ဖော်ပြပါရှိသည်။