Home သတင်း မူလ‌မြေယာ ပြန်ရရှိ‌ရေး ဖားကပ်ရွာသားများက သမ္မတထံ ထပ်မံစာတင်

မူလ‌မြေယာ ပြန်ရရှိ‌ရေး ဖားကပ်ရွာသားများက သမ္မတထံ ထပ်မံစာတင်

1634
ဇွန်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားကပ် ရွာသားများသည် အစိုးရဌာန ဆိုင်ရာ များ၏ သိမ်းယူထားသည့် ၎င်းတို့ မူလ‌မြေယာ များအား ပြန်လည်ရယူနိုင်ရန် ‌နေပြည်‌တော် အထူးစုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့မှ လာ‌ရောက် ကွင်းဆင်း စစ်‌ဆေး‌ပေးရန် သမ္မတ ဦးသိန်းစိန်ထံသို့ ဇွန်လ ၁၁ရက်‌နေ့က ဒုတိယအကြိမ် ထပ်မံ စာတင်လိုက်သည်။

၁၉၉၄ခုနှစ်၌ ဖားအံသံလွင်တံတား‌ဆောက်လုပ်ရန် ဖားကပ်ရွာရှိ ‌မြေယာကွက် (၉၇)ခု သိမ်းယူခံရသည့်အနက် တံတား‌မြေ သတ်မှတ်ချက် (၂၅၀)တွင် မပါဝင်‌သော ခြံ‌မြေများကို အစိုးရ၏ မူအရ တရားဝင်ပြန်လည် ရယူနိုင်ခွင့်ရှိ‌သော‌ကြောင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ ၁၉ရက်‌နေ့က သမ္မတထံသို့ တင်ပြအသနားခံခဲ့ရာ ထူးခြားမှုမရှိသဖြင့် ယခုလို ထပ်မံ တင်ပြရ ခြင်းဖြစ်သည်ဟု မူလခြံ‌မြေပိုင်ရှင်များက ‌ပြောသည်။

အမည်အ‌ဖော်လိုသူ ဖားကပ်‌ဒေသခံတစ်ဦးက “ကျ‌နော်တို့ တစ်ခါတင်ပြထားပြီ။ ‌နေပြည်‌တော်က စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့‌တွေ လာ‌ပေမယ့် ဘာမှ မထူးခြားဘူး။ ဒါ‌ကြောင့် အခုလို ကျ‌နော်တို့ ဖားကပ်‌ဒေသခံ‌တွေ‌ပေါင်းပြီး ဒီကိစ္စကို သမ္မထံဆီကို စာထပ်တင် တာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ‌ဖော်ပြထားချက်အရ တံတား‌မြေသတ်မှတ်ချက် (၂၅၀)တွင် ‌မြေယာအကွက် ၄၂ကွက်ရှိပြီး ယင်းတို့ကို ပြန်လည်ရရှိရန် မူလပိုင်ရှင်‌ဒေသခံများက တရားဝင် ပြန်လည်‌တောင်းဆိုခဲ့‌သော်လည်း ‌မြေယာပြန်လည်ပိုင်ဆိုင်မှု မရရှိသည့်အပြင် ကရင်ပြည် နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက လက်ရှိ ‌ကျော်လွမ်း‌မွှေးအမည်ရှိ ကုမ္ပဏီအား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်‌နေ့တွင် လုပ် ပိုင်ခွင့်‌ပေးထားသည်ဟု သူက ဆက်‌ပြောသည်။

ဖားကပ်ရှိ အငြိမ်းစား အထက်တန်း ‌ကျောင်းဆရာ စ‌မောင်‌မောင်ကြည်က “ကျ‌နော်တို့ မူလခြံ‌မြေကို နိုင်ငံ‌တော်မူအတိုင်း ပြန် လည်‌တောင်းတာပါ။ ဘာဖြစ်ဖြစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်လုပ်‌ဆောင်မှုမှန်သမျှ သမ္မတ ဦးသိန်းစိန်က တာဝန်ယူ၊ တာဝန်ခံရ မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ၊ (၂၆၁)(ခ) အပိုဒ်ခွဲ(၁)အရ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တိုက်ရိုက် တင်‌မြှောက်ခံထား ‌သော ဦး‌ဇော်မင်းသည် ဖားကပ်‌ဒေသတွင် ဖြစ်‌ပေါ်‌သော ‌မြေယာပြဿနာများကို လျစ်လျူရှုထားသည့်အ‌ပေါ် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်အ‌နေဖြင့် အပြည့်အဝ တာဝန်ရှိသည်ဟုလည်း စ‌မောင်‌မောင်ကြည်က ဆိုသည်။

၎င်းက ဆက်လက်၍ မြန်မာနိုင်ငံတွင် ဒီမိုက‌ရေဒီနိုင်ငံသို့ ချီတက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုများ ရှိရမည်ဖြစ်ပြီး ဖားကပ်‌မြေယာပြဿနာကိုကြည့်လျှင် ကရင်ပြည်နယ်သူ ပြည်နယ်သားများအ‌နေဖြင့် မြန်မာအစိုးရကို ယုံကြည်ရန် ခက်ခဲသည် ဟု စ‌မောင်‌မောင်ကြည်က ဖြည့်စွက်‌ပြောဆိုသည်။

အသိမ်းခံထားရ‌သော ဖားကပ်‌ဒေသ‌မြေယာများတွင် ကရင်ပြည်နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းသက်သာ စိုက် ခင်းများ၊ သဲ‌ကျောက်လုပ်ငန်းများ၊ ဘိလပ်‌မြေဂို‌ဒေါင်များဖြင့် စီးပွား‌ရေးလုပ်‌ဆောင်ခဲ့‌သော်လည်း သမ္မတထံသို့ အသနားခံစာ တင်ပြီး‌နောက်ပိုင်း ၎င်းတို့အားလုံးကို ပြန်လည် ဖျက်သိမ်းခံခဲ့ရသည်။

သို့‌သော် ကရင်ပြည်နယ် ဝန်ကြီးချုပ်က ဖျက်သိမ်းခံထားရမှုများ၏ ‌နေရာများကို ‌ကျော်လွမ်း‌မွှေးကုမ္ပဏီအား အစားထိုး လုပ်ပိုင် ခွင့်‌ပေးကာ လက်ရှိ အသိမ်းခံထားရသည့် ‌မြေယာ‌နေရာများကို သွပ်ပြားများဖြင့် ခြံခတ်ထားသလို ပြီးခဲ့သည့် ၁၉၉၄ခုနှစ်က ဖားအံမြို့နယ်ရှိ သံလွင်တံတား‌ဆောက်လုပ်ရန် ဖားကပ်ရွာတွင်းရှိ ‌မြေယာကွက် (၉၇)ခုကို အစိုးရမှ သိမ်းယူခဲ့ချိန်က ဖားကပ်ရွာ အိမ်‌ခြေ ၉၀‌ကျော် ‌ပြောင်း‌ရွှေ့ခံရခဲ့‌သေးသည်။