Home သတင်း အစိုးရတပ်မှ ‌တောင်ငူ ဘက်တွင် ဗုံးကြဲ‌လေ့ကျင့်‌နေ

အစိုးရတပ်မှ ‌တောင်ငူ ဘက်တွင် ဗုံးကြဲ‌လေ့ကျင့်‌နေ

1702
ဇွန်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်မှ စစ်‌လေယာဉ်များသည် ပဲခူးတိုင်း ‌တောင်ငူခရိုင်ရှိ ထန်းတပင် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်‌ရေးအရ ဗုံးကြဲ‌လေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိ‌ကြောင်း ထို‌ဒေသမှ လာသည့် သတင်းများအရ သိရသည်။

“ဒီရက်ပိုင်း‌တွေ စစ်‌လေယာဉ်‌တွေ ဗုံးကြဲ‌လေ့ကျင့်‌နေတယ်။ အခုက ကြုံကြိုက်ပြီး ခပ်လှမ်းလှမ်းက‌နေ ကြည့်တာကို။
ကျ‌နော်က အဲဒီ‌လေယာဉ်ပျံသန်း‌နေတာကိုလည်း ‌တွေ့တယ်။ ဗုံးကြဲတာလည်း အသံကြားရတယ်။”ဟု ‌ကေအဲန်ယူ ‌တောင်ငူ ခရိုင်ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ယင်းသို့ ဗုံးကြဲ‌လေ့ကျင့်‌နေသည့်‌နေရာမှာ ထန်းတပင်မြို့၏ အ‌ရှေ့ဘက် ၄မိုင်ခန့်အကွာတွင်ရှိပြီး ထိုအနီးတဝိုက်တွင် ကျွန်းကုန်း၊ ‌ရွှေ‌ဈေး၊ ပဲပုပ်၊ ‌ချောင်းဝ၊ ‌ရေ‌ကျော်၊ ကရင်နီကုန်း စသည့်‌ကျေးရွာများ ရှိသည်။ ပြီးခဲ့သည့် ‌မေလ ၂ဝရက်‌နေ့က အလားတူ စစ်‌လေယာဉ်များ ‌လေ့ကျင့်ပျံသန်း ဗုံးကြဲမှုများ လုပ်‌ဆောင်ခဲ့‌သေးသည်ဟု သိရသည်။

‌ဒေသခံတစ်ဦးက “ရွာသား‌တွေက ဒီအချိန်မှာ လယ်ထဲဆင်း အလုပ်လုပ်‌နေရပြီဆို‌တော့ ဗုံးကြဲသံကြား‌တော့ ‌ကြောက်လန့်ကြ တာ‌ပေါ့။ ၂၀၁၂က ‌အောက်တိုဘာ နိုဝင်ဘာ‌လောက်မှာ ‌လေ့ကျင့်ပြီး ကချင်ကို ‌လေယာဉ်နဲ့ပစ်ထားတဲ့ အစဉ်အလာ‌လေးကို ‌တော့ သတိထားသင့်တယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

‌လေ့ကျင့်‌လေယာဉ်မှာ ပုံမှန် ၂စီးဖြစ်ပြီး ၎င်းသည် ‌တောင်ငူရှိ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ဖြစ်နိုင်သည်ဟု ခန့်မှန်းရ‌ကြောင်း ‌တောင်ငူ‌ဒေသများက ‌ပြောဆို‌နေကြသည်။

ထို‌ဒေသတွင် နှစ်စဉ် တပ်မအ‌ပြောင်းအလဲ ပြုလုပ်‌လေ့ရှိရာ ယမန်နှစ်က တပ်မ(၆၆) လာ‌ရောက်အ‌ခြေစိုက်ပြီး လက်ရှိအချိန် တွင် စကခ(၉) လက်‌အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၃၇၄) (၃၇၅) (၃၇၆) (၃၇၇) (၃၇၈) (၃၇၉) (၃၈၀) (၅၃၉) (၅၄၀) (၅၄၁)တို့ လှုပ်ရှားလျှက်ရှိ‌ကြောင်း သိရသည်။