Home သတင်း ပန်းတ‌နော်တွင် ထားဝယ် မင်းသမီးကုမ္ပဏီမှ စာကြည့် တိုက်နှင့် ‌ဆေး‌ပေးခန်းလှူဒါန်း

ပန်းတ‌နော်တွင် ထားဝယ် မင်းသမီးကုမ္ပဏီမှ စာကြည့် တိုက်နှင့် ‌ဆေး‌ပေးခန်းလှူဒါန်း

2525
ဇွန်လ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

IMG_20130622_082615ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ ဆု‌တောင်းပြည့်‌ကျေးရွာတွင် ‌ကျေးရွာစာကြည့်တိုက်နှင့် ‌ကျေးလက် ကျန်းမာ‌ရေး ဌာနခွဲ ‌ဆေး‌ပေးခန်းကို ထားဝယ်မင်းသမီးကုမ္ပဏီမှ ယ‌နေ့ ဖွင့်လှစ်လှူဒါန်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲကို နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့ပြီး အဆိုပါ စာကြည့်တိုက်နှင့် ‌ကျေးလက်‌ဆေး‌ပေးခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်က ကမကထပြုကာ ‌ဆောင်ရွက်‌ပေးခြင်းဖြစ်‌ကြောင်း သိရသည်။

ပဒိုမန်းငြိမ်း‌မောင်က “ဒီရွာက ငါ့ရွာကွာ။ ဒီမှာ ‌ဆေး‌ပေးခန်းက ယိုယွင်းပျက်စီး‌နေလို့ ငါက အသစ်ပြုပြင်ချင်တာနဲ့ အလှူရှင် ရှာ‌ပေးလိုက်တာ။ ငါက လှူတာ မဟုတ်ဘူး။ ထားဝယ်မင်းသမီးက လှူတာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယခုလို ‌ဆေး‌ပေးခန်း ဖွင့်လှစ်‌ပေးခြင်းမှာ ‌ကျေးရွာအတွက် အကျိုးရှိ‌ကြောင်း ဆု‌တောင်းပြည့်‌ကျေးရွာသား စ‌အောင်‌ဆောင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီမှာက ကျန်းမာ‌ရေးက ‌ခေါင်ခိုက်‌နေတာ။ ဒီ‌ဆေး‌ပေးခန်းဖွင့်‌တော့ ရွာအတွက် အ‌ထောက်အကူဖြစ်တာ‌ပေါ့။ အရင်ကဆို ဒီရွာ က‌နေ ၃မိုင်‌လောက်‌ဝေးတဲ့ မရမ်း‌ကျေးလက်‌ဒေသ ‌ဆေး‌ပေးခန်းကို သွားပြတာ အခက်အခဲရှိတာ‌ပေါ့။”ဟု သူက ‌ပြောဆိုသည်။

အဆိုပါ ‌ကျေးလက်‌ဆေး‌ပေးခန်းမှာ ‌ငွေကျပ်သိန်း ၂၀ဝခန့်ကုန်ကျပြီး တခြားရွာများတွင်လည်း ‌ကျေးလက်‌ဆေး‌ပေးခန်း ၆လုံးကို ဆက်လက် တည်‌ဆောက်လှူဒါန်းသွားမည်ဖြစ်‌ကြောင်းလည်း သိရှိရသည်။

ယ‌နေ့ဖွင့်ပွဲသို့ ထားဝယ်မင်းသမီးကုမ္ပဏီမှ စီမံခန့်ခွဲ‌ရေး ညွှန်ကြား‌ရေးမှူး(managing director) ဗိုလ်မှူး‌ငွေစိုး၊ ‌ကေအဲန်ယူ ဗဟို ‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ ဆု‌တောင်းပြည့်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် ‌ကျောင်းသား/သူ၊ ‌ဒေသခံများနှင့် အနီးအနားရှိ ‌ကျေးရွာသူရွာသားများ တက်‌ရောက်ခဲ့ကြသည်။
IMG_20130622_082636
ယခု ‌ကျေးလက်‌ဆေး‌ပေးခန်းကို လာမည့် ၂၉ရက်‌နေ့တွင် ‌ဒေသဆိုင်ရာ အာဏာပိုင်များသို့ လွှဲ‌ပြောင်း‌ပေးအပ်ခြင်း အခမ်းအနား တစ်ရပ်ကိုလည်း ဆက်လက် ပြုလုပ်သွားမည်ဟုလည်း သိရသည်။