Home ဆောင်းပါး တစ်စက္ကန့်ပဲလိုပါသည် ‌လေ နည်းနည်း‌လျှော့ပါ

တစ်စက္ကန့်ပဲလိုပါသည် ‌လေ နည်းနည်း‌လျှော့ပါ

1656
(‌မောင်‌ကျော်စွာ ‌ဆောင်းပါး)

၂၀၁၃ ဇွန် ၂၃

ဝန်ကြီး ဦး‌အောင်မင်းသည် ‌လေ တစ်လုံး၊ မိုးတစ်လုံးဖြင့် ‌ပြောလုံးကြီးလှသည်။ “ဒုက္ခသည်‌တွေ၊ (IDPs)‌တွေ ပြန်လာပါက မူလ‌နေထိုင်ရသည့် ‌နေရာများ တွင် ‌မြေမြှုပ်မိုင်း ရှင်းလင်း‌ရေး၊ ‌နေအိမ်များ ‌ဆောက် လုပ်‌ပေး‌ရေး၊ အစားအစာ လုံခြုံမှု ရရှိ‌စေ‌ရေး ‌ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်‌ကြောင်း”
“အရင်က ဒုက္ခသည် (Refugee) ဆိုတာကို အစိုးရက အသိအမှတ် မပြုဘူး။ အခု အသိအမှတ်ပြုတယ်”
“တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲ‌ရေးဆိုတဲ့ စာချုပ်ကြီးတစ်ခု လက်မှတ်‌ရေးထိုးချင်ပါတယ်” စသဖြင့် မစားရ ဝခမန်း ခပ်ကြွားကြွား‌ပြောတာ‌တွေ ကြားလိုက်ရသည်။

ထိုကိစ္စများသည် ဦး‌အောင်မင်း ပါးစပ်က‌ပြောသလို ‌ပြောဖို့လွယ်သ‌လောက် လက်‌တွေ့တွင်လုပ်ရန် မလွယ်ကူလှပါ။
နိုင်ငံ‌ရေးအရ အ‌ကျေအလည် သ‌ဘောတူညီပြီး‌သောအခါမှသာ စနစ်တကျ ပြန်လည်‌နေရာချထား‌ပေးရမည့်ကိစ္စ၊ ပြန်လည် ထူ‌ထောင်‌ပေးရမည့်ကိစ္စကြီးများ ဖြစ်ပါသည်။ ပြည်တွင်း၌ အလုပ်လက်မဲ့ ၄၀%‌ကျော်ရှိ‌နေသည်ကိုပင် ပိုင်ပိုင်နိုင်နိုင် မ‌ဖြေရှင်း နိုင်‌သေးဘဲ တတိယနိုင်ငံနှင့် နယ်စပ်‌ဒေသစခန်းများမှ ဒုက္ခသည်များနှင့် (IDPs)များကို ‌နေရာချထား‌ပေးရန် စီစဉ်ထားပြီးပြီဟု ‌ပြောဆို‌နေခြင်းမှာ သက်သက် ကြွားလုံးထုတ်‌နေခြင်းသာ ဖြစ်ပါသည်။

နယ်စပ်ဒုက္ခသည်စခန်း ၁ဝခုတွင် ဒုက္ခသည် ၃၅၀,၀၀၀‌ကျော်နှင့် (IDPs) ၄၃၀,၀၀၀‌ကျော်တို့အတွက် သက်ဆိုင်ရာ နယ်‌မြေအ တွင်း ‌မြေမြှုပ်မိုင်းရှင်းလင်း‌ရေး၊ လယ်ယာခြံ‌မြေ၊ အလုပ်အကိုင်၊ ‌နေအိမ်၊ အစားအစာ၊ ပညာသင်ကြား‌ရေး၊ ကျန်းမာ‌ရေး စသည့် ကိစ္စများသည် လွယ်ကူလှ‌သောကိစ္စများ မဟုတ်ပါ။ စနစ်တကျ အချိန်ယူ ‌ဆောင်ရွက်‌ပေးရမည့် ကိစ္စများလည်း ဖြစ်သည်။

ထိုကိစ္စများ ‌ရေရှည်တည်ငြိမ်စွာ အ‌ကောင်အထည်‌ပေါ်လာ‌စေနိုင်‌ရေးအတွက် အဓိကအကျဆုံး အာမခံချက်မှာ နိုင်ငံ‌ရေးအရ အ‌ကျေအလည် သ‌ဘောတူညီချက်ရရှိ‌ရေး ဆိုသည့်အချက် ဖြစ်ပါသည်။

ယခုချိန်အထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့်မျှ နိုင်ငံ‌ရေးအရ ‌ဖြေရှင်းနိုင်ခြင်းမရှိ‌သေးပါ။ ယင်းသို့‌ဖြေ ရှင်းနိုင်ခြင်းမရှိ‌သေးဘဲ ထိုကိစ္စများကို ‌ဆောင်ရွက်စီစဉ်ထားပြီဟု ဦး‌အောင်မင်း‌ပြော‌နေသည်မှာ ကြွားလုံးထုတ်‌နေခြင်း၊ အာ ‌ချောင်‌နေခြင်းသာလျှင် ဖြစ်ပါသည်။

တကယ်‌တော့ “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ”ဆိုတာနှင့် ပတ်သက်လာလျှင် ဦး‌အောင်မင်းအ‌နေဖြင့် ‌ရေ‌ရေရာရာ ဘာမျှမ‌ပြောဆိုနိုင်ခြင်း မရှိ‌ချေ။ ဆက်လုပ်မည်ဟုသာ ‌ယေဘုယျ‌ပြောနိုင်သည်။ မိုးလုံး‌လေလုံး‌တွေ မ‌ပြောဝံ့ပါ။ ဦး‌အောင်မင်းကို ‌ပြောခွင့်‌ပေးမထား သည့်ကိစ္စ ဖြစ်သည်။ ဦး‌အောင်မင်းသည် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေး လုပ်ငန်း‌ကော်မတီ၏ ဒုတိယဥက္ကဋ္ဌများအနက် တစ်ဦးသာလျှင် ဖြစ်သည်။ လုပ်ငန်း‌ကော်မတီသည် မူဝါဒဆိုင်ရာ အဆုံးဖြတ်မ‌ပေးနိုင်ပါ။ လုပ်ငန်း‌ကော်မတီ၏ အထက်တွင် မူဝါဒနှင့် သ‌ဘောထားကို အဆုံးအဖြတ်‌ပေးမည့် “ဗဟို‌ကော်မတီ” ရှိသည်။ ဦး‌အောင်မင်း‌ပေးနိုင်သည်မှာ ‌မျှော်လင့်ချက်နှင့် ‌မော် ‌တော်ကား ပါမစ်‌လောက်သာ ရှိပါလိမ့်မည်။

ကုန်ကုန်‌ပြောရလျှင် “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ” ဆိုသည့်ကိစ္စမှာ သမ္မတ ဦးသိန်းစိန်ပင် တိတိပပ မ‌ပြောနိုင်သည့် ကိစ္စဖြစ်သည်။
အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကိစ္စများသည် သူနှင့်မဆိုင် လွှတ်‌တော်နှင့်သာဆိုင်‌ကြောင်း (RCSS/SSA) ဥက္ကဋ္ဌနှင့် ‌နေပြည်‌တော်တွင် ဇွန်လ ၁ဝရက်‌နေ့က ‌တွေ့ဆုံရာ၌ သမ္မတဦးသိန်းစိန်က “ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေပြင်ဆင်‌ရေးနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်‌တော်သို့တင်ပြ၍ လွှတ်‌တော်၏ အစီအစဉ် ဖြင့်သာ ‌ဆောင်ရွက်သွားကြမည် ဖြစ်ပါ‌ကြောင်း” ထည့်သွင်း‌ပြောကြားခဲ့ပါသည်။

ဤ‌ပြောဆိုချက်အရဆိုလျှင် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုလုပ်‌ဆောင်၍မရ၊ လွှတ်‌တော်၏ စီစဉ်ဆုံးဖြတ်မှုကို ခံယူရမည်ဟူသည့်သ‌ဘော ဖြစ်ပါသည်။ ယူဆရမည်ဖြစ်ပါသည်။
ထို့အပြင် ဦးသိန်းစိန်၏‌အောက်ပါ‌ပြောဆိုချက်ကလည်း “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို လက်ခံရမည့်သ‌ဘော၊ အ‌ခြေခံ ဥပ‌ဒေ ‌ဘောင်ထဲဝင်ရန် ‌လေ‌ပျော့က‌လေးနှင့် တွန်း‌နေသည့်သ‌ဘော၊ ဆွယ်‌နေသည့်သ‌ဘောသာ ဖြစ်‌နေပါသည်။

“အများလက်ခံနိုင်သည့် တစ်ခုတည်း‌သော ဥပ‌ဒေ၏ ‌အောက်တွင် မိမိတို့အတူတကွ လက်တွဲပူး‌ပေါင်း ‌ဆောင်ရွက်ခြင်းအားဖြင့် တိုင်းသူပြည်သား အားလုံးမျှတစွာ အကျိုးခံစားကြရမည် ဖြစ်ပါ‌ကြောင်း” ဟူ၍ဖြစ်သည်။ “အများလက်ခံနိုင်သည့် တစ်ခုတည်း ‌သောဥပ‌ဒေ” ဟူ‌သောစကားရပ်မှာ လက်ရှိလွှတ်‌တော်တွင်းရှိ ကြံ့ဖွံ့ပါတီအမတ်မင်းများနှင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၏ စစ် သားအမတ်များကို ရည်ညွန်းတာဆိုလျှင်‌တော့ မှတ်ချက်‌ပေးစရာ မရှိပါ။
သို့ဖြင့် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ သ‌ဘောထားကို ဤသို့ သုံးသပ်ရရှိပါသည်။
“အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ”ဆိုသည်မှာ လွှတ်‌တော်သို့တင်ပြ၍ လွှတ်‌တော်၏ အစီအစဉ်ဖြင့်သာ ‌ဆောင် ရွက်ရမည်ဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ သူရဦး‌ရွှေမန်း၊ ဦးခင်‌အောင်မြင့်နှင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့ထံ ပုတ်ထုတ် လိုက်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကြံ့ဖွံ့ပါတီအမတ်အများစုနှင့် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၏ စစ်သားအမတ်များ သ‌ဘော တူဆုံးဖြတ်မည် ဟူသည့်သ‌ဘောပင် ဖြစ်သည်။ ယင်းသို့ဆုံးဖြတ်တာကို နာခံရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
တနည်းအားဖြင့် “အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးနှင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ” သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လုပ်‌ဆောင်မည် မဟုတ်‌ကြောင်း ‌ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

တစ်ဖက်တွင် နိုင်ငံတကာနှင့် ပြည်တွင်းကိုလှည့်စားရန် ရည်ရွယ်ချက်ဖြင့် သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် အပစ်အခတ်ရပ်စဲ ‌ရေး ပဏာမသ‌ဘောတူညီချက်များကို ထပ်မံအတည်ပြုရန် ကုလသမဂ္ဂအ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါ အဝင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှား‌ကျော်ကြားသူများကို ဖိတ်ကြားရန် ရည်ရွယ်ထားပြီး ၎င်းတို့၏‌ရှေ့‌မှောက်တွင် တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူညီချက် (Nationwide Ceasefire Accord) လက်မှတ်‌ရေးထိုး‌ရေး ‌လော်ဘီ လုပ်လာ‌နေပါသည်။

ဤအချက်သည် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) နှင့် သ‌ဘောတူခဲ့သည့်အချက် ၈ချက်၏ ပထမအချက်အဖြစ် ပါရှိ လာပါသည်။
တကယ်‌တော့ ပဏာမ သ‌ဘောတူညီချက်ဆိုသည်မှာ ပဏာမ သ‌ဘောတူညီချက်သာလျှင် ဖြစ်ပါသည်။
အ‌ကျေအလည် သ‌ဘောတူညီမှု မရရှိသမျှ မခိုင်ခံ့၊ မတည်မြဲနိုင်ပါ။
ပဏာမသ‌ဘောတူညီချက်မှ အ‌ကျေအလည် သ‌ဘောတူညီမှုအဆင့်သို့၊ အပြီးသတ်သ‌ဘော တူညီမှုအဆင့်သို့ တက်လှမ်းသွား ရမည်သာ ဖြစ်သည်။ အပြီးသတ်သ‌ဘောတူညီချက် ရရှိဖို့ဆိုလျှင် နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌ဆွေး‌နွေးရမည်သာ ဖြစ်သည်။ ယင်းသို့ မဟုတ်ဘဲ “အများလက်ခံနိုင်သည့် တစ်ခုတည်း‌သောဥပ‌ဒေ”‌အောက် ဇွတ်အတင်း သွတ်သွင်း‌နေမည်ဆိုလျှင် ရရှိထား ‌သော ပဏာမ သ‌ဘောတူညီချက် သို့မဟုတ် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ဆိုသည်မှာ အလွယ်တကူ ပျက်ပြားသွား လိမ့်ဦးမည်သာ ဖြစ်ပါသည်။

“အပစ်အခတ်ရပ်စဲ‌ရေး ပျက်သွားဖို့ဆိုတာ တစ်စက္ကန့်ပဲ လိုပါတယ်”လို့ ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောဖူးပါသည်။ အပစ်အခတ် ရပ်စဲ‌ရေးရဲ့ အထိအခိုက် မခံနိုင်တဲ့သ‌ဘော၊ ပွန်းလွယ်‌ပေါက်လွယ်တဲ့ သ‌ဘောကို‌ပြောတာပါ။ ဒါ‌ကြောင့် ကုလအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်သာမက ဝန်ကြီးဦး‌အောင်မင်းတို့အ‌နေဖြင့် တတ်နိုင်၍ သိကြားမင်းကိုပင့်ဖိတ်ပြီး ပဏာမသ‌ဘောတူညီချက် ‌တွေကို ထပ်မံ အတည်ပြုမယ်ဆိုရင်လည်း အပစ်အခတ်ရပ်စဲ‌ရေး ပျက်သွားဖို့ဆိုတာ တစ်စက္ကန့်ပဲ လို‌နေပါလိမ့်မည်။
‌ရေရှည်တည်တံ့ခိုင်မြဲမဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် တကယ်လိုအပ်‌နေသည်မှာ နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌ဆွေး ‌နွေးကြ‌ရေးသာ ဖြစ်ပါသည်။
သို့ပါ၍ အ‌ပြောကြီးလှ‌သော ဝန်ကြီးဦး‌အောင်မင်းအ‌နေဖြင့် မိုးဇလ‌ဗေဒပညာရှင်ဦးထွန်းလွင်ထံ အသက်ကြီးလာလျှင် အ‌ပြော ‌လျှော့ရမည့်အ‌ကြောင်း သင်ခန်းစာ‌ပေးထားတဲ့ပုံပြင် နှစ်ကိုယ်ကြား‌ပြောပြ‌ပေးဖို့ ‌မေတ္တာရပ်ခံသင့်ပါသည်။ ဦးထွန်းလွင်‌ပြောပြ သည့် ပုံပြင်ကို ‌သေချာနား‌ထောင်မှတ်သားပြီး လိုက်နာသင့်ပါသည်။