Home သတင်း KIO ငြိမ်းချမ်း‌ရေး လုပ်ငန်း ပိုင်းဆိုင်ရာအဖွဲ့ကို ဇွန်လ အကုန်တွင် ဖွဲ့စည်းမည်

KIO ငြိမ်းချမ်း‌ရေး လုပ်ငန်း ပိုင်းဆိုင်ရာအဖွဲ့ကို ဇွန်လ အကုန်တွင် ဖွဲ့စည်းမည်

1984
ဇွန်လ ၂၅ ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း

KIO flagယခုဇွန်လကုန်ပိုင်းတွင် ကချင် လွတ်‌မြောက်‌ရေး အဖွဲ့(KIO)၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ (Technical Team) ကို ဖွဲ့စည်းသွားရန် ရှိ‌ကြောင်း KIO ‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်အဖွဲ့မှ ဒုဗိုလ်မှူးကြီး ‌နော်ဘိုက ယမန်‌နေ့၌ ‌ပြောကြားလိုက်သည်။

“Technical Team ကို‌တော့ ဖွဲ့ဖို့ မူအားဖြင့် ချမှတ်ထား ပြီးပြီ။ လူကို ခန့်ပြီး တာဝန်‌ပေးထားတာ‌တော့ မရှိ‌သေးဘူး။ ဒီလ ကုန်ပိုင်း‌လောက် လူ‌ရွေးချယ် ပြီး ဖွဲ့စည်းသွားဖို့ ရှိတယ်”ဟု ဒုဗိုလ်မှူးကြီး ‌နော်ဘိုက ‌ပြောသည်။

အဆိုပါ အဖွဲ့ ဖွဲ့စည်း‌ရေးကို ပြီးခဲ့သည့် ‌မေလ ကုန်ပိုင်းက KIO နှင့် အစိုးရအကြား ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ‌တွေ့ဆုံခဲ့စဉ်က သ‌ဘောတူခဲ့သည့် အချက် ၇ ချက်ထဲမှ တစ်ခုဖြစ်သည်။

ဆက်လက်၍ KIO ဘက်မှ လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ကို အဆင့် ၄ ဆင့်ခွဲကာ ဖွဲ့စည်းသွားရန် ရှိ‌ကြောင်းကို ဒုဗိုလ် မှူးကြီး ‌နော်ဘိုက “ပထမအဆင့်မှာ အချိန်ပြည့် အလုပ်လုပ်မယ့် ရုံးတာဝန်ခံအဖွဲ့ကို ဖွဲ့သွားမယ်။ ဒုတိယအဆင့် က လိုအပ်တဲ့ လုပ်ငန်းကွ္ပျမ်းကျင်မှု အ‌ထောက်အကူပြုတဲ့ အဖွဲ့ကို ဖွဲ့မယ်။ တတိယအဆင့်က နို်င်ငံတကာ ကျွမ်း ကျင်ပညာရှင်များအဖွဲ့ကို ဖွဲ့မယ်။ ‌နောက်ဆုံးအဆင့်က ပြည်သူလူထုပါဝင်တဲ့ အဖွဲ့‌တွေ ဖွဲ့သွားမယ်”ဟု ဆိုသည်။

ထို့အပြင် မြန်မာပြည်တွင်းမှ အများစုပါဝင်ခွင့် ‌ပေးထား‌သော အဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်း၊ ၎င်းအထဲမှ သတင်းမီဒီယာ အဖွဲ့များ၊ လူမှု‌ရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်မည် ဖြစ်‌ကြောင်း ဒုဗိုလ်မှုးကြီး KIO ဘက်က ‌ပြောသည်။

ဖွဲ့စည်းသွားမည့် အဖွဲ့အ‌နေဖြင့် နှစ်ဖက်‌တွေဆုံ ‌ဆွေး‌နွေးပွဲအတွက် အကြိုညှိနှိုင်း ‌ဆွေး‌နွေးမှုများ၊ နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲအတွက် ပြင်ဆင်မှုများနှင့် ကချင်စစ်‌ပြေး ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးအတွက် ‌ဆောင်ရွက် သွားမည်ဟု သိရှိရသည်။

အစိုးရ၏ ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင် ‌ဒေါက်တာမင်း‌ဇော်ဦးက မြန်မာ့ငြိမ်းချမ်း‌ရေး စင်တာ MPC သည် အစိုးရ၏ လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ဖြစ်‌ကြောင်း ဇွန်လဆန်းပိုင်းက ‌ပြောဆိုထားသည်။

ငြိမ်းချမ်း‌ရေး လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ ဖွဲ့စည်း‌ရေးနှင့် ပတ်သက်ပြီး ဇွန်လ ၂၆ ရက်‌နေ့မှာ မြစ်ကြီးနားမြို့တွင် လူလာစုကြရန် ကချင်ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက အ‌ကြောင်းထားမှုများရှိထား ပြီးဖြစ်‌ကြောင်း ယမန်‌နေ့က ထုတ်‌ဖော်‌ပြောကြားသည်။