Home သတင်း ‌ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးတွင် ‌မြေယာဧက ၁၀ဝ ‌ကျော် BGF သိမ်းယူ‌နေ

‌ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးတွင် ‌မြေယာဧက ၁၀ဝ ‌ကျော် BGF သိမ်းယူ‌နေ

1793
ဇွန်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

S1590017ကရင်ပြည်နယ်၊ မြဝတီခရိုင်ကရင်အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ‌ကျေးရွာအနီးရှိ ‌ဒေသခံပိုင် ‌မြေယာ အပါအဝင် ‌မြေယာဧက ၁၀၀‌ကျော်ကို နယ်ခြား‌စောင့်တပ်(BGF)က စခန်း တည်‌ဆောက်ရန်‌နေရာအဖြစ် သိမ်းယူထားလျှက်ရှိ‌ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့ ‌မြေယာအသိမ်းခံရသူ မဲ့ကနဲ‌ကျေးရွာသူရွာသားများမှာ ‌စောညိုလှ၊ ‌စောကြီးတဲနဲ၊ ‌နော်‌ဝေ‌ဖော၊ ‌စောဘဲ တဲ၊ ‌စောဖား‌ကော်‌ကေ၊ ‌စောတူ‌ဖော၊ ‌စောဖားအဲ့ထီး၊ ‌နော်သူး‌စေး၊ ‌စောမြ‌ရွှေ၊ ‌စောမီးဘဲ့၊ ‌စောစူး‌ဖော၊ ‌နော်‌ဖော ကဘလာ့ဝါး၊ ‌စောဟဲထူး၊ ‌စောခို့ဘို့နှင့် ‌စောဆာကပရူ တို့ဖြစ်ကြပြီး ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက သိမ်းယူခဲ့ခြင်း ဖြစ်သည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “ဒီ‌မြေယာ‌တွေ လာသိမ်းတဲ့ BGF က‌တော့ ညွှန်ကြားချက်အရလို့ ‌ပြော တာပဲ။ ရွာသူရွာသား‌ဒေသခံ‌တွေက‌တော့ လယ်‌တွေ၊ ခြံ‌မြေ‌တွေ အသိမ်းခံရ‌ပေမယ့် ‌ကြောက်လို့ ဘာမှ မ‌ပြောရဲ ကြဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ကျေးရွာအနီးရှိ ‌မြေယာများကို BGF (၁၀၂၂)တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်မှ ဦးစီးကာ သိမ်းယူခဲ့ခြင်းဖြစ်ပြီး သိမ်းယူခံရသည့်‌မြေယာဧကများတွင် ‌ဒေသခံများ ပိုင်ဆိုင်သည့် ‌မြေယာဧက ထက်ဝက်‌ကျော်သလို ယခုထိ ‌ဒေသခံများအတွက် ‌လျော်‌ကြေးများ တစုံတရာ မရရှိ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။
S1590014
မဲ့ကနဲရွာ‌ဒေသခံများ၏ ‌မြေယာအသိမ်းခံရခြင်းနှင့်ပတ်သက်၍ KNU ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများက ပြီးခဲ့သည့် ‌မေလတွင် ကြားဝင်‌ဖြေရှင်း‌ပေးမည်ဟု သတင်းထွက်‌ပေါ်ခဲ့‌သော်လည်း ယခုအချိန်ထိ ဝင်‌ရောက် ‌ဖြေရှင်း‌ပေးခြင်း မရှိ‌သေး‌ကြောင်း ၎င်းတို့နှင့် နီးစပ်သူများ၏ ‌ပြောကြားချက်အရ သိရသည်။