Home ဆောင်းပါး ညှိနှိုင်း‌ဆွေး‌နွေး ကြား ဝင်‌ဖြေရှင်း‌ပေးတဲ့ ယဉ်‌ကျေးမှု ဆိုပါကလား ဟရို့(၂)

ညှိနှိုင်း‌ဆွေး‌နွေး ကြား ဝင်‌ဖြေရှင်း‌ပေးတဲ့ ယဉ်‌ကျေးမှု ဆိုပါကလား ဟရို့(၂)

1726
M. ထက်‌ခေါင် (‌ဆောင်းပါး)

(၄)
‌ကေအဲန်ယူနှင့် အပစ်အခတ်ရပ်‌ရေး ပဏာမသ‌ဘောတူညီမှုရအပြီး သတင်း‌ထောက်‌တွေ အကြား ဦး‌အောင်မင်း ‌ပြောလိုက်‌သော စကားက‌လေး တစ်ခွန်းမှာ ‌မေ့ရက်နိုင် စရာ မရှိ။
“ တသက်လုံး လက်နက်ကိုင်လာတဲ့လူကို လက်နက်မကိုင်ပါနဲ့လို့ ‌ပြောလို့မရဘူး။ သူတို့ လက်နက်မကိုင်ချင်စိတ် ‌ပေါက်လာ‌အောင် ဘယ်လိုလုပ်‌ပေးရမလဲ ဆိုရင် ၊ ချမ်းသာရင် ဘယ်သူမှ လက်နက်ကိုင်မှာမဟုတ်ဘူး။ သူတို့နယ်‌မြေ‌ဒေသကြီး ဖွံ့ဖြိုးတိုးတက် လာကြ‌အောင် လုပ်‌ပေးရင် ဘယ်သူမှ လက်နက်မကိုင်ဘူး။ အဲဒါ‌တွေကို လုပ်‌ပေးရင် ‌အော်တိုမက်တစ်၊ ကျန်တဲ့ အဖွဲ့‌တွေက သိပ် စကား‌ပြော‌နေစရာ မလိုဘူး။ ဒီအဖွဲ့ကြီး အဆင်‌ပြေသွားရင် ‌နောက်အဖွဲ့‌တွေက ‌အော်တိုမက်တစ် အဆင်‌ပြေသွားမယ်။ ဒီဥစ္စာ အခက်ခဲဆုံးနဲ့ အင်အား အကြီးဆုံး။ ဒါဖြစ်သွားရင် ကျန်တဲ့လူ‌တွေက ‌တော့ —- ” ဟု သူ ဆို၏။
သူ့စကားမှာ တိုင်းရင်းသား အဖွဲ့အစည်း‌တွေကို ချမ်းသာ‌အောင် လုပ်‌ပေးလိုက်လျှင် လက်နက် ကိုင်ပြီး ‌တော်လှန်‌တော့မှာ မဟုတ်ဟူ‌သော သ‌ဘောထားကို ‌ဖော်ပြ‌နေသည်။ လူမျိုးစုတရပ်၏ ဂုဏ် သိက္ခာနှင့် ‌လျော်ညီစွာ ကိုယ်ပိုင်ပြဌာန်းရပ်တည်ခြင်းနှင့် အ‌ထွေ‌ထွေလူမှုအခွင့်အ‌ရေးများကို ထည့် သွင်း စဉ်းစားခြင်း မပြု‌သော စကားဖြစ်သည်။ ထို့အပြင် အာဏာ လက်ဝယ်ရှိသူ တစုတဖွဲ့က‌လေး ချမ်းသာ‌နေရုံ၊ အဆင်‌ပြေ‌နေရုံမျှဖြင့် အမျိုးသားထု၏ ‌တော်လှန်‌ရေးမှာ ‌ပျောက်ကွယ်သွားလိမ့်မည် မဟုတ် ဆိုသည်ကိုလည်း အနည်းငယ်မျှ တွက်ဆမိပုံ မရ။
တိုင်းရင်းသား‌တွေကို အဆင်‌ပြေ‌အောင် လုပ်‌ပေးမည့်ကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့‌သော အနှစ် သုံးဆယ်ခန့်က ရန်သူ့ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး တစ်ဦး ‌ပြောခဲ့ဘူး‌သော စကားကသာ ၎င်းတို့ တကယ်တမ်း လုပ်ရမည့် အလုပ် ဖြစ်သည်။
“‌ရှေ့တန်းထွက်တဲ့အခါ ကျ‌နော်တို့ရဲ‌ဘော်‌တွေကို ကျည်ဆန်‌တွေလက်ပစ်ဗုံး‌တွေ မ‌ပေးပါနဲ့၊ ဆန်‌တွေပဲ ကျ‌နော်တို့ ‌တောင်းသ‌လောက် ‌ပေးပါ။ အဲဒီနယ်ထဲမှာ ငတ်ပြတ်‌နေတဲ့ လူ‌တွေ ၊ အဖိုးကြီး အဖွားကြီး‌တွေ၊ က‌လေး‌တွေ အများကြီး။ သူတို့ကို ‌ဝေ‌ပေးဖို့ ဆန်အိတ်‌တွေပဲ ကျ‌နော့်ကို ‌ပေးလိုက်ပါ။ အထူးအ‌ထွေ တရား‌ဟော‌နေစရာ စည်းရုံး‌နေစရာ သတ်ဖြတ်‌နေစရာ မလိုဘူး။ အဲဒီလူထု ကိုယ့်ဘက် ကို ပါပြီးသားပဲ။”
တကယ်တမ်း လူထုကို ‌ပေး‌ဝေ ကူညီရမည့် ကိစ္စရပ်များအား စစ်အုပ်စုနှင့် အ‌ရေခြုံ အစိုးရ သည် ဘယ်‌သောအခါကမျှ ၎င်းတို့ရယူထားသည့်‌ငွေဖြင့် လုပ်‌လေ့မရှိ။ ပြည်တွင်း ပြည်ပမှ မ‌နေနိုင်သူ များက ဒုက္ခ‌ရောက်‌နေ‌သောလူထုကို ‌ပေး‌ဝေလို်သည့်တိုင် ကိုယ်ထိလက်‌ရောက် လှူဒါန်းခွင့် မပြု။
ထိုကိစ္စကို နာဂစ်မုန်တိုင်း‌ကြောင့် မြစ်ဝကျွန်း‌ပေါ်မှ လူထုအများအပြား ‌သေ‌ကြေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရစဉ် ပြည်တွင်းပြည်ပမှ ‌ပေးအပ်လာ‌သော အကူအညီများကို ၎င်းတို့မှတဆင့် ‌ပေး‌စေသည့်အဖြစ် တွင် ‌တွေ့ရှိနိုင်မည် ဖြစ်သည်။
တိုင်းပြည်ကို ချုပ်ကိုင်ထား‌သော အစိုးရတရပ်အ‌နေဖြင့် လူထုအ‌ရေးကိစ္စအတွက် ၎င်းတို့တွင် တာဝန်ရှိ‌သော်လည်း ၎င်းတို့က ကိုယ့်မှာရှိသည့်ဆန်ကို နာဂစ်‌ကြောင့် ဘဝပျက်ကြရ‌သော လူထုသို့ မလှူ။ ပြည်တွင်းပြည်ပ ကူညီလှူဒါန်းသူများက ဒုက္ခ‌ရောက်သည့်လူထုကို ‌ပေး‌ဝေရန် ဆန်များ လိုက် ရှာဝယ်‌သောအခါ ၎င်းတို့ သို‌လှောင်ထားသည့် ဆန်‌တွေကို ဝယ်‌စေကြသည်။ ကိုယ်ကျိုးစီးပွားကို အထိပါးမခံ‌သော ၎င်းတို့အ‌နေဖြင့် ဒုက္ခ‌ရောက် ပြည်သူများထံ ကြားဝင် ‌ထောက်ကူ ‌ဝေခြမ်းခြင်း မှာ နည်းမျိုးစုံဖြင့် အမြတ်ထုတ်ချင်‌သော ‌ဝေခြမ်း‌ရေးသာ ဖြစ်၏။
ရှမ်းပြည်‌မြောက်ပိုင်းက ဒုက္ခသည်များအား ‌ဝေခြမ်းမည့်ဆန်များကို နိပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌ ထံမှ ၎င်းတို့ကလက်ခံယူပြီး၊၎င်းတို့ကမှ တဆင့် ဖြန့်ဖြူး‌ပေး‌ဝေ ‌စေမည်ဟု သမ္မတရုံး အဖွဲ့ဝင်များ ပါဝင် ‌သော MPC မြန်မာငြိမ်းချမ်း‌ရေးစင်တာက ဆိုသည်။ နိပွန်‌ဖောင်‌ဒေးရှင်းမှာ ကရင်ပြည်နယ်အတွင်း တကယ်တမ်းလိုအပ်‌နေ‌သော ‌ကျေးရွာလူထုများထံအ‌ရောက် ဆန်များ ပို့‌ဆောင် ‌ပေး‌ဝေခဲ့‌သော အဖွဲ့အစည်း ဖြစ်သည်။ ကရင်နှင့်တုန်းက ဝင်မပါပဲ‌နေခဲ့ကြပြီးမှ ရှမ်းနှင့်ကျမှ ပြဿနာ လုပ်လာခြင်း ဖြစ်၏။ ထိုကိစ္စအ‌ပေါ် UNFC ကလည်း မကြိုက်။ ကြားခံမှတဆင့် ‌ပေးလှူမှရမည့် အကူအညီများအား လက်မခံလို‌ကြောင်း ‌စေတနာရှင်ကို ‌ပြောခဲ့ရ၏။

Photo for M
အရပ်ဝတ်အ‌ရေခြုံ စစ်အုပ်စုမှာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စကို သ‌ဘောတူ ‌ကျေနပ်သလို ‌လေသံပစ်‌နေပြီး၊ တကယ်တမ်းကျ‌တော့ ချုပ်ကိုင် အုပ်စီးလိုသည့် သ‌ဘောထားသာ ရှိ ‌နေကြ‌သေး‌ကြောင်း စိတ်မချမ်းသာဖွယ်ရာ ‌တွေ့ရှိရ‌လေသည်။ အထူးသဖြင့် တိုင်းရင်းသားတို့နှင့် ငြိမ်း ချမ်း‌ရေးကိစ္စ ‌စေ့စပ် ညှိနှိုင်း ‌ဆောင်ရွက်လို‌သော မြန်မာငြိမ်းချမ်း‌ရေးစင်တာ မှ‌နေ၍ ဤသို့ လုပ်လိုက် သည်မှာ များစွာ အရုပ်ဆိုး‌သော ကိစ္စ ဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိ ‌သော ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးသို့ ဦးတည် ‌ရှေ့ရှု ကြသူများ အ‌နေဖြင့် တိုင်းရင်း သားတို့ကို တိုက်ရိုက် ‌ပေးလှူ‌နေ‌သော ပြည်ပအလှူရှင်များ၏ သ‌ဘောထားနှင့် တိုင်းရင်းသားတို့၏ ရပ်တည်ချက်ကို အ‌လေးထားကြရမည် ဖြစ်သည်။ တိုင်းရင်းသားတို့ ‌ဒေသများအတွင်း ချို့တဲ့‌သော စား‌သောက် ‌နေထိုင်‌ရေးအ‌ပေါ် စာနာမှုဖြင့် ပြည်ပနိုင်ငံများက ‌ပေးအပ်လာသည့် အကူအညီများကို လက်ခံရယူပြီး တဆင့် ပြန်လည် ‌ပေး‌ဝေမည်ဆိုခြင်းမှာ ကြားဝင် အမြတ်ထုတ်ရန်နှင့် နာမည်‌ကောင်း ယူရန်သာ ဖြစ်‌ကြောင်း ကမ္ဘာအရပ်ရပ်က သိ‌နေကြ‌လေသည်။

(၅)
ပြီးခဲ့သည့် ဧပြီလထဲ ဝန်ကြီးဦး‌အောင်မင်းအား အာရ်အက်ဖ်‌အေက ‌တွေ့ဆုံ‌မေးမြန်းသည့် အင်တာဗျူး ဗီဒီယိုကို ကြည့်လိုက်ရသည်။ ဘရူနိုင်းအာစီယံညီလာခံသို့သွား‌နေ‌သော အရပ်ဝတ် အ‌ရေခြုံ သမ္မတ သိန်းစိန်အား ချီးမြှင့်သည့်ဆုကို ကိုယ်စား လာ‌ရောက် လက်ခံရယူခြင်း ဖြစ်သည် ဟု ဆို၏။ ဦးသိန်းစိန်၏ နိုင်ငံ‌ရေး၊ စီးပွား‌ရေး ပြုပြင်‌ပြောင်းလဲမှုများ၊ ဒီမိုက‌ရေစီ‌ရေးနှင့်၊ တိုင်းရင်းသား ‌တွေနှင့် ငြိမ်းချမ်းမှု တည်‌ဆောက်ခြင်းများအတွက် နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ ‌လေ့လာ‌ရေး အဖွဲ့ (International Crisis Group)က ချီးမြှင့်‌သောဆုဖြစ်‌ကြောင်း ဦး‌အောင်မင်းက အမွှန်းတင် ‌ပြောကြားသွားသည်။
သမ္မတသိန်းစိန်ကကြိုတင်ရိုက်ထားသည့် ဗီဒီယိုကို ဆုချီးမြှင့်ပွဲသို့ ‌ပေးပို့ကာ “အားလုံးဟာ မှန်ကန်တဲ့ လမ်း‌ကြောင်း‌ပေါ်ကို ‌ရောက်‌နေပြီ ဖြစ်သလို အတိတ်က စိတ်ကူးယဉ်ခဲ့တဲ့ အရာ‌တွေဟာ လက်‌တွေ့အ‌ကောင်အထည်‌ဖော်လို့ ရ‌နေပြီ” ဟု‌ပြောလိုက်သည်။
“ဗမာပြည်လက်ရှိအ‌နေအထားအရ အားလုံးပါဝင်တဲ့ နိုင်ငံ‌ရေးဖြစ်စဉ်တခု ရရှိဖို့၊ တိုင်းရင်းသား အားလုံး စုံလင်ပြီး၊ လက်ရှိကြုံ‌တွေ့‌နေရတဲ့ စိမ်‌ခေါ်မှု‌တွေ အားလုံး ရင်ဆိုင်နိုင်ဖို့အတွက်၊ အတိတ်က ကြုံ‌တွေ့ခဲ့ရတဲ့ ခါးသီးမှု‌တွေကို ပြန်လည် ကုစားရမှာ ဖြစ်တယ်။ ငြိမ်းချမ်း‌ရေး မရဘဲ ဒီမိုက‌ရေစီကို မ‌ဖော်‌ဆောင်နိုင်သလို၊ ဒီမိုက‌ရေစီ မရဘဲ ငြိမ်းချမ်း‌ရေး မ‌ဖော်‌ဆောင်နိုင်ဘူး” ဟုလည်း ဆိုသည်။
တကယ်‌တော့ ဦးသိန်းစိန်၏ စကား‌တွေမှာ သ‌ဘောထားမမှန်‌သော အ‌ပေါ်ယံ‌ကြော စကား ‌တွေဖြစ်၏။ ဗမာပြည်တွင်းမှာ အ‌ပေါ်ယံ‌ကြော ပြုပြင်‌ပြောင်းလဲမှုများသာ ရှိ‌နေသည်။ တိုင်းပြည်၏ သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်အ‌ခြေအ‌နေမှာလည်း ဆုတ်ယုတ် ‌ပြောင်းလဲမှုများသာရှိပြီး၊ ပြည်တွင်းစစ်ကို အ‌တောမသတ် ဆက်လက်ဆင်နွှဲ‌နေဆဲ ဖြစ်ကာ၊ လက်ရှိအ‌နေအထားတွင် မည် သည့် တိုင်းရင်းသားလက်နက်ကိုင် တစုတဖွဲ့နှင့်မျှ ခိုင်မာ‌သော အပစ်အခတ်ရပ်စဲ‌ရေးကို မတည် ‌ဆောက်နိုင်‌သေး‌ချေ။ ခိုင်မာတည်တံ့အဓွန့်ရှည်မည့် ပြည်တွင်းငြိမ်းချမ်း‌ရေး နှင့် စစ်မှန်‌သော ဒီမိုက‌ရေ စီ‌ရေး က‌တော့ ‌ဝေးကွာ‌နေဆဲ ဖြစ်‌လေသည်။
ပြီးခဲ့သည့်လ ဩစ‌တြေးလျ နှင့် ‌နော်‌ဝေးသို့ အသွားတွင်လည်း အ‌ရေခြုံသမ္မတမှာ ဆန္ဒပြမှု ‌တွေနှင့် ကြုံခဲ့ရ၏။ ‌နော်‌ဝေး နိုဗယ်ဆု ‌ရွေးချယ်‌ရေးအဖွဲ့သို့ ငြိမ်းချမ်း‌ရေးနိုဗယ်ဆုအတွက် အ‌ရေခြုံ သမ္မတသိန်းစိန် အဆိုပြုခြင်း ခံရသည့်ကိစ္စကိုလည်း ကန့်ကွက်ကြသူ‌တွေ အများအပြား ရှိ‌နေ၏။ သမ္မတအိုဘားမား ဖိတ်၍ အ‌မေရိကန်သို့ သွား‌ရောက်ရာတွင်လည်း ဆန္ဒပြမှု‌တွေနှင့် ကြုံခဲ့ရပြန်၏။
အီးယူက စီးပွားပိတ်ဆို့မှု စန်ရှင်များ ရုတ်သိမ်း‌ပေးလိုက်‌သော်လည်း အ‌မေရိကန်နိုင်ငံကမူ ၎င်းတို့ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို သက်တမ်း တနှစ်ထပ်တိုးလိုက်‌ကြောင်း ကြားရ သည်မှာ ဒီမိုက‌ရေစီ‌ရေးလိုလားသူတို့အတွက် အားတက်ဖွယ် ဖြစ်သည်။ ဗမာပြည် ဒီမိုက‌ရေစီ‌ရေး ‌နောက်‌ကြောင်း ပြန်မလှည့်နိုင်‌ကြောင်းကို သူ့အ‌နေဖြင့် လက်ခံယုံကြည်လို့မရ‌သေး‌ကြောင်း အိုဘား မားက ကွန်ဂရက်သို့ စာ‌ရေးအ‌ကြောင်းကြားခဲ့‌သော‌ကြောင့် ဖြစ်၏။ စန်ရှင်သက်တမ်းကို ထပ်တိုး လိုက်သည့်တိုင် အာဏာရှင်စနစ်အဓိက ကြိုးကိုင်‌နေသူများအ‌ပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်း ကို‌တော့ ပြန်၍ရုတ်သိမ်း‌ပေးလိုက်သည်။
လက်ပံ‌တောင်း‌တောင်ကိစ္စ ဆန္ဒပြမှုများမှာ အခ‌ကြေး‌ငွေယူ၍ ပြခြင်းဖြစ်‌ကြောင်း အဆင်ခြင်မဲ့ စွာ ‌ပြောလိုက်‌သော‌ကြောင့် ဦးသိန်းစိန်မှာ ‌နော်အုန်းလှတို့၏ ဆန္ဒပြ‌ချေပခြင်းကို ခံလိုက်ရပြန်သည်။ လူထုဆန္ဒမပါပဲ ဖြစ်လာခဲ့‌သော အ‌ရေခြုံသမ္မတတစ်ဦးအ‌နေဖြင့် ကမ္ဘာက အနည်းငယ် လိုက်‌လျော လာ‌နေသည့် လက်ရှိ ကိုယ့်အ‌ခြေအ‌နေကို ကိုယ် အဟုတ်ကြီးထင်ကာ ပြည်တွင်းက ဆန္ဒပြသူများ အ‌ပေါ် ပုတ်ခတ်‌စော်ကားလိုက်ခြင်း ဖြစ်သည်။ တကယ်‌တော့ အရာရာကို ‌ငွေနှင့် ‌ဆောင်ရွက်၍ ရသည်ဟု ခံယူထားကြ‌သော ၎င်းတို့သာလျှင် ‌ဒေါက်တာဘွဲ့အတု၊ ဘာဖြစ်‌ရေး ညာဖြစ်‌ရေး ဘွဲ့လက်မှတ်အတု၊ ဆုအတုများကို ‌ငွေ‌ပေးကာ ဖန်တီးရယူ ‌ကျေညာတတ်ကြသူ‌တွေ ဖြစ်၏။ ကမ္ဘာ့ နိုင်ငံကြီးများမှာ ထိုသို့ အခ‌ကြေး‌ငွေရယူကာ လုပ်စား‌နေသည့် အဖွဲ့အစည်း‌တွေ အ‌တော်က‌လေး ရှိ‌နေ သည်။ ဖွံ့ဖြိုးစနိုင်ငံများ၊ မဖွံ့ဖြိုး‌သေး‌သော နိုင်ငံများမှ အစိုးရပိုင်း ပုဂ္ဂိုလ် အများအပြားပင် ထိုကဲ့သို့ ‌သော အဖွဲ့အစည်းများကို အသုံးချရင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကျီးဘုတ်‌မြှောက် ဘုတ်ကျီး‌မြှောက် ရပ်တည်‌နေကြရ‌လေသည်။

(၆)
စစ်အုပ်စုသည် မကြာခဏဆိုသလို ရယ်စရာ‌ကောင်း‌သော ကလိန်ကကျစ်လုပ်ရပ်‌တွေကို အစဉ်းစား အဆင်ခြင်မဲ့စွာ လုပ်‌လေ့ရှိ‌ကြောင်း မိတ်‌ဆွေတဦးက ‌ပြောသည်။
ပြီးခဲ့သည့်လအတွင်း၊ RCSS တပ်စခန်းတစ်ခုကို စစ်အုပ်စုတပ်က ၎င်းတို့လူ‌ပျောက်၍ ဝင်ရှာ လို‌ကြောင်း ‌ပြောသဖြင့် ၎င်းတို့နှင့် အပစ်ရပ်ထား‌သော RCSSတပ်က စိတ်တိုင်းကျ ရှာပါ‌စေ ဟူ‌သော သ‌ဘောဖြင့် စခန်းအပြင်သို့ ‌ရှောင်ထွက်‌ပေးရာတွင်၊ စစ်အုပ်စုတပ်က စခန်းကို ဝင်‌ရောက် ‌မွှေ‌နှောက် ပြီး‌နောက် မီးတင်ရှို့လိုက်‌သော‌ကြောင့် RCSSရှမ်းတပ်များ မ‌ကျေမနပ် ဖြစ်ကြရသည်။ မကြာ‌သေးမီ ကလည်း RCSS ယူနီ‌ဖောင်း‌တွေကို ဝတ်ဆင်ပြီး (ပ‌လောင်) တအာင်း အမျိုးသား လွတ်‌မြောက်‌ရေး တပ် TNLA ကို တိုက်ခိုက်သည်။ ပုံမှားရိုက်ပြီး တိုက်ခိုက်ခြင်း ဖြစ်သည့်အပြင် ရှမ်းနှင့် ပ‌လောင် တပ်များအကြား မယုံကြည်မှု ‌သွေးကွဲမှု နှင့် ပဋိပက္ခများ ဖြစ်‌ပေါ်လာ‌အောင် ဖန်တီးခြင်းလည်း ဖြစ်၏။
စစ်‌ရေးစစ်ရာတွင် အလစ်အငိုက်ယူ၍ တိုက်ခိုက်သည့် လုပ်ရပ်ကို နားလည်မှု ‌ပေးနိုင်သည့် တိုင် တိုင်းရင်းသားတို့ ကျင်းပသည့် ဘာသာ‌ရေး နှင့် နှီးနွယ်‌သော ပွဲလမ်းသဘင်များ၊ ဆု‌တောင်း ဝတ် ပြု စည်း‌ဝေးပွဲများနှင့် နှစ်သစ်ကူးပွဲလို သကြင်္န်ပွဲလို အရပ်သားလူထု အများအပြား ပါဝင်‌သော ‌ပျော်ပွဲ ရွှင်ပွဲ‌တွေမှာ အခွင့်‌ကောင်းယူ တိုက်ခိုက်တတ်သည့် အမူအကျင့်ကမူ လက်ခံနိုင်ဖွယ် ကိစ္စရပ် မဟုတ်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကချင်နှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် ‌လေ့လာ သူများအဖြစ် အဖွဲ့ (၉)ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ ကုလ ကိုယ်စားလှယ်တစ်ဦး ပါဝင်ခဲ့ သည်။ သ‌ဘောတူညီချက် (၇)ချက် ရရှိခဲ့သည်ဟု ဆို‌သော်လည်း နှစ်ဘက် တိုက်ပွဲဖြစ်ပွား ‌နေမှုများ ‌လျှော့ချရန် ဆို‌သော အချက်တခုမှ လွဲ၍ ပြည်တွင်းစစ် ရပ်စဲ‌ရေးအတွက် တိကျ‌ရေရာသည့် အ‌ဖြေ မထွက်ပဲ ထပ်မံ ‌တွေ့ဆုံရန်သာ ချိန်းဆိုခဲ့သည်။ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး၍ ရက်အနည်းငယ် အတွင်း မှာပင် ကချင်တပ်မဟာ (၄)ကို အပြင်းအထန် ထိုးစစ်ဆင် လာပြန်သည်။ သ‌ဘောတူညီချက်ကို ချိုး‌ဖောက် လိုက်ခြင်း ဖြစ်၏။ ရှမ်း‌မြောက်‌ဒေသ တွင်းရှိ TNLA ကိုလည်း ‌ချေမှုန်းရန် စိုင်းပြင်း‌နေ‌လေသည်။
ကချင်က တိုင်းရင်းသားအားလုံးနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှ အပစ်အခတ်ရပ်‌ရေး လက်မှတ်ထိုး မည်ဟု ဆိုသည် ။ ‌လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့်တိုင် စိုးရွံ့ထိတ်လန့်မှု မရှိ‌သော ကချင် သည် မှန်ကန်‌သော ရပ်တည်ချက်ဖြင့် နိုင်ငံ‌ရေးသိက္ခာကို မြင့်မားစွာ စိုက်ထူလိုက်ပြီ ဖြစ်၏။
အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီထားပြီး ဖြစ်သည့် SSPP ကို တန့်ယန်းနှင့် မိုင်းရှုးကြား နယ်‌မြေများမှ တဆုတ်တည်းဆုတ်ခိုင်း‌နေခဲ့သည်မှာ SSPP အ‌နေဖြင့် ဆုတ်စရာ‌မြေမရှိ‌တော့သည့် အ‌ခြေအ‌နေမျိုးသို့ ‌ရောက်လာခဲ့ပြီ ဖြစ်သည်။
စစ်‌ရေးအရ အ‌ရေးပါသည့် လွယ်လန်း‌တောင်‌ကြောမှ ထပ်၍ ဆုတ်ရမည်ဆိုပါက SSPP ကို သာမက UWSA နယ်‌မြေကိုပါ ၎င်းတို့ တိုက်ခိုက်နိုင်‌တော့မည် ဖြစ်သည်။ SSPP ၏ စစ်‌ရေး မဟာမိတ် ဖြစ်‌သော UWSAမှာ ပြီးခဲ့သည့် ရက်များအတွင်းက တရုပ်လုပ် TY 90 ‌ဝေဟင်မှ ‌ဝေဟင်ပစ် ဒုံးကျည် များ တပ်ဆင်ထား‌သော ရုရှားလုပ် Mi 17 စစ်သုံးရဟတ်ယဉ်အချို့ကို ဝယ်ယူလိုက်‌ကြောင်း သတင်း များ ထွက်လာခဲ့သည်။ ထိုလက်နက်မှာ မကြာမီ ကချင်နယ်‌မြေတွင်း ကျူး‌ကျော်တိုက်ခိုက်ခဲ့သည့် Mi 24 တိုက်ခိုက်‌ရေးရဟတ်ယဉ်များကို ပစ်ချနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ထိုလက်နက်များ ဝယ်ယူလိုက် သည့်ကိစ္စအ‌ပေါ် သက်ဆိုင်ရာ ‌ပြော‌ရေးဆိုခွင့် ရှိသူများက ငြင်းဆိုကြ‌သော်လည်း၊ စစ်‌ရေး အကဲခတ် အချို့ကမူ အခု‌လော‌လောဆယ် မရှိ‌သေးသည့်တိုင် ‌နောင်ဖြစ်လာနိုင်‌ကြောင်း ၊ စစ်အစိုးရက ငြိမ်းချမ်း ‌ရေးကို ပါးစပ်ကသာ ‌ပြောပြီး တကယ်တမ်း ငြိမ်းချမ်း‌အောင် လုပ်‌ဆောင်မှု မရှိသည့်အတွက် တိုင်းရင်း သားများ အ‌နေဖြင့်လည်း မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် ပြင်ထားကြရမည် ဖြစ်‌ကြောင်း ‌ပြောကြ၏။
စစ်အုပ်စုတပ်က ရွာတွင်းသို့ပါ လက်နက်ကြီးများဖြင့် ပစ်‌သော‌ကြောင့် ရှမ်းရွာ‌တွေထိခိုက် မှုမရှိ‌စေရန် ရွာများအနီးဝန်းကျင်၌ စခန်းထိုင်ထား‌သော RCSS ၏ တပ်စခန်း ၅ခု ဆုတ်‌ပေးလိုက်ကြ ရသည်။ ရွာ‌တွေက ၁၉ရွာရှိသည်။ ထို‌နေရာ‌တွေကို နယ်စပ်‌ရေးရာဝန်ကြီး‌အောင်သူတို့ ‌ရောက်ရှိခဲ့ပြီး RCSS အဖွဲ့များ ရှိ‌နေ‌ကြောင်းကို အပစ်ရပ် သ‌ဘောတူညီကြကတည်းက သိရှိထားပြီးဖြစ်သည်။ မိမိအမျိုးသားများကို ထိ‌တွေ့ဆက်ဆံ ကူညီကာကွယ်‌ပေးနိုင်ရန်အတွက် ‌ကျေးရွာများအနီး စခန်းထိုင် ထား‌သောRCSS တပ်များကို မိမိလူထုနှင့် အဆက်အသွယ်ပြတ်‌အောင် လုပ်ခြင်းသာမက၊ ထို‌နေရာ မှ‌နေ၍ ‌ကျေးရွာ‌တွေပါ ‌ရွှေ့‌ပြောင်းသွားရ‌အောင် ရှင်းပစ်သည့် သ‌ဘောမျိုး ဖြစ်သည်။
မကြာမီက ဒုဗိုလ်ချုပ်ကြီး ယွက်စစ် အ‌ရေခြုံ သမ္မတသိန်းစိန်နှင့် ‌တွေ့ဆုံခဲ့သည် ။ တိုင်းရင်း သားများနှင့် ပြည်သူများအားလုံး တန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိ‌သော ဖက်ဒရယ် ဒီမိုက‌ရေစီစံနစ်သို့ ပြုပြင်‌ပြောင်းလဲ‌ရေးကိစ္စများ ‌ဆွေး‌နွေး‌တောင်းဆိုခဲ့‌ကြောင်းသိရသည်။ ရန်သူ၏ ကတိကဝတ်များအ ‌ပေါ် မျက်‌စေ့မှိတ် ယုံစား၍ မရနိုင်‌ကြောင်းကို‌တော့ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ‌မေ့ထားလိမ့်မည် မဟုတ်။
စစ်အုပ်စုသည် KNPP နှင့်ပါ ထပ်မံ‌ဆွေး‌နွေးပြီး သ‌ဘောတူညီချက်အချို့ ရခဲ့‌ကြောင်း ကြားရ ပြန်သည်။ KNPP မှာ KNU လိုပင် နယ်‌မြေတွင်းမှာ တပ်စခန်း‌တွေ အခိုင်အခန့် ‌ဆောက်လာတာကို ကြုံ‌နေရသည့် အဖွဲ့ ဖြစ်သည်။ ‌ကေအဲန်ယူနှင့်လည်း မကြာ‌သေးမီကပင် code of conduct ‌တွေကို အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့‌ကြောင်း နှင့် ထပ်မံ‌ဆွေး‌နွေးရဦးမည် ဖြစ်‌ကြောင်း သိရသည်။ မြန်မြန် ဆန်ဆန် ‌ဖြေရှင်းလုပ်‌ဆောင်‌ပေးရန်အတွက် တရားဝင် ‌ဆွေး‌နွေးခြင်းမဟုတ်ပဲ အလွတ်သ‌ဘော ‌ဆွေး‌နွေးခြင်းမျိုးကို ‌နောက်ထပ် ဘယ်နှစ်ကြိမ် လုပ်ကြဦးမည်နည်း။ ဤကိစ္စမှာ အလွတ်သ‌ဘော ‌ဆွေး‌နွေး‌ပြောဆိုသင့်သည့် ကိစ္စပါလား။ တရားဝင် ‌ဆွေး‌နွေး ‌ဖြေရှင်းမှုကို ကရင်ပြည်နယ်အတွင်း စစ်အုပ်စုတပ်များ လက်ညှိုးထိုးမလွဲ၊ ‌ရှောင်၍ မလွတ်‌အောင် ‌ခြေချင်းလိမ်လာသည့် အချိန် ‌ရောက်ခါမှ လုပ်ကြ‌တော့မည်လား။ ကရင် လူထုက သိချင်‌နေ၏။

(၇)
“တချို့က‌တော့ ပိတ်ဆို့မှုမရှိရင် ဒီမိုက‌ရေစီ ရရှိ‌ရေး အတွက် ဘာလက်နက်မှ မရှိ‌တော့ဘူးလို့ မြင်ကြတယ်။ တကယ်‌တော့ အဓိက လက်နက်က ပြည်သူ‌တွေရဲ့ဆန္ဒပဲ ဖြစ်ရမယ်။ ဒီမိုက‌ရေစီကို ရယူလိုတဲ့ ဆန္ဒနဲ့ ဇွဲ။ အဲဒီ‌တော့ ဒီဟာ‌တွေကို ပိုပိုပြီး အား‌ကောင်းလာ‌အောင် လုပ်ဖို့က ဒီမိုက‌ရေစီ အတွက် လှုပ်ရှားသူ‌တွေရဲ့ တာဝန်ပါ” ဥ‌ရောပအီးယူက လက်နက်အ‌ရောင်းအဝယ် ကိစ္စမှလွဲ၍ ဗမာနိုင်ငံအ‌ပေါ်ချမှတ်ထားသည့် စန်ရှင်များကို ရုတ်သိမ်းလိုက်သည့်အ‌ပေါ် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆိုခဲ့သည့် စကား ဖြစ်သည်။
ဒီမိုက‌ရေစီ ရယူလိုသည့် ဆန္ဒနှင့်ဇွဲကို ဒီ့ထက်ပိုပြီး အား‌ကောင်းလာ‌အောင် ယခုမှ လုပ်ယူကြ ရမှာမဟုတ်။ ကာလကြာမြင့်စွာကပင် ဗမာပြည်တဝှမ်း လှည်း‌နေ‌လှေ‌အောင်း မြင်း‌ဇောင်းမကျန် ပြည်သူလူထု၏ ရင်ထဲ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးကို လိုလား‌သော ဆန္ဒမှာ နက်ရှိုင်းစွာ အမြစ်တွယ် ‌နေခဲ့ပြီး ဖြစ်သည်။ ၁၉၈၈ ခုှစ် လူထုအုံကြွမှု အ‌ထွေ‌ထွေသပိတ် အ‌ရေး‌တော်ပုံကြီးတွင် ကာယ ဉာဏ အလုပ်သမား၊ လယ်သမား၊ ‌ကျောင်းသူ‌ကျောင်းသား၊ ‌ဈေးသည် ကုန်သည်များနှင့် လူထုတွင်းမှ အိမ်ရှင်မများအပြင် တပ်မ‌တော်နှင့် လူမှုဝန်ထမ်း အဖွဲ့အစည်းများပါ လမ်း‌ပေါ်ထွက် ‌တောင်းဆိုခဲ့ကြ ပုံများကို ထိုစဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုတိတ်‌ခွေများတွင် ‌တွေ့မြင်ကြရမည် ဖြစ်သည်။ တနိုင်ငံလုံး ဆန္ဒပြင်းပြစွာလိုလား‌တောင့်တ‌နေ‌သော ဒီမိုက‌ရေစီကို အုပ်ချုပ်သူ‌တွေက မ‌ပေးပဲ ကျည်ဆံသာ ‌ပေးခဲ့ခြင်းမှာ ထိုစဉ်က ပြည်ပမှ ထိန်းချုပ် ပိတ်ဆို့မှုများ မရှိခဲ့‌သော‌ကြောင့်သာ ဖြစ်သည်။
စန်ရှင်ရုပ်သိမ်းရန် ‌ထောက်ခံ‌ပြောဆိုခဲ့‌သော သူမ၏ စကား‌တွေ‌ကြောင့်ပင် ILO ကလည်း အဓမ္မလုပ်အား‌ပေးခိုင်း‌စေမှု၊ လစာနည်းအလုပ်သမားဆန္ဒပြမှု၊ အဓမ္မ‌မြေယာသိမ်းမှု၊ က‌လေးစစ်သား ကိစ္စများ နှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ‌လျော့ပါး‌ပျောက်ကွယ်မှု မရှိ‌သေးခင်မှာပင် ဗမာနိုင်ငံ အ‌ပေါ် ချမှတ်ထားသည့် ကန့်သတ်ပိတ်ပင်မှုများကို ရုတ်သိမ်းသွားခဲ့သည်။
ဦးသိန်းစိန်အစိုးရမှာ ပြုပြင်‌ပြောင်းလဲ‌ရေး လုပ်ငန်းစဉ်များ၌ တိကျသည့် မူဝါဒ ချမှတ်ပြီး စနစ် တကျ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်တာမျိုး မ‌တွေ့ရ‌သေး‌ကြောင်း ဂျပန်ခရီးစဉ်အတွင်း ‌ဒေါ် ‌အောင်ဆန်းစုကြည် ‌ဝေဖန် ‌ပြောကြားခဲ့၏။ ဦးသိန်းစိန်ကိုလည်း သမ္မတသုံးနှစ်သက်တမ်းအတွင်း ဘာ‌တွေ လုပ်နိုင်ခဲ့သလဲ ဆိုတာ ချပြဖို့လိုတယ် ဟူ၍လည်း‌ကောင်း၊ မြစ်ဆုံကိစ္စ ပွင့်လင်းမြင်သာမှု မရှိ ဟူ၍ လည်း‌ကောင်း ‌ထောက်ပြခဲ့သည်။ လွှတ်‌တော်ထဲဝင်တာ အတိုက်အခံလုပ်ဖို့ မဟုတ်ဘူးဟု ‌ပြောဆိုခဲ့ဖူး‌သော သူမသည် ယခု‌တော့ အတိုက်အခံအဖြစ် ပီပြင်စွာ ရပ်တည်ပြလိုက်ပြန်‌ချေပြီ။


လက်ပံ‌တောင်းကို အပိုင်ကိုင်နိုင်ပြီဟု ကျိန်း‌သေ‌ပေါက်တွက်ကာ၊ မြစ်ဆုံကိစ္စ ပြန်စနိုင်‌ရေး နည်းမျိုးစုံဖြင့် ချဉ်းကပ် ကြိုးပမ်း‌နေ‌သော တရုတ်က ၎င်းတို့ထံအလည်လာသည့် အဲန်အယ်လ်ဒီအဖွဲ့ အား မြစ်ဆုံပြန်စလို‌ကြောင်း ‌ပြောလိုက်သည်ကိုလည်း ဦးသိန်းစိန်နှင့်သာဆိုင်‌ကြောင်း ပုတ်ထုတ် လိုက်ပြန်သည်။ တရုတ်က ‌နောက်သမ္မတသက်တမ်း အတွက် သူမအ‌ပေါ် အားထား ‌ပြောဆိုလာခြင်း ဖြစ်သည်။ ‌နောက်သမ္မတသက်တမ်းတွင် ပြိုင်ဘက်အဖြစ် သမ္မတလုပ်လိုသည့် ဦး‌ရွှေမန်း နှင့် သူမ သာ ရှိ‌နေရာ၊ ‌နောက်သမ္မတသက်တမ်းမှာ ဆုံးဖြတ်ရမည့်ကိစ္စကို လက်ရှိ သမ္မတဦးသိန်းစိန်ထံသို့ပင် လွှဲအပ်လိုက်သည်မှာ လူထုလက်ခံရင် သမ္မတ ထပ်လုပ်ဦးမယ်ဟု ‌ပြောခဲ့‌သော ဦးသိန်းစိန်အား သူမ ကိုယ်တိုင် ပြန်၍ ပွဲထုတ်လိုက်သည့် သ‌ဘော ဖြစ်‌နေ‌လေသည်။
ဗမာနိုင်ငံမှာ ဒီမိုက‌ရေစီတည်‌ဆောက်‌ရေး လမ်း‌ကြောင်း‌ပေါ် ‌ရောက်‌နေ‌ပေမဲ့ ခိုင်ခိုင်မာမာ ရပ် တည်‌နေပြီလို့ မဆိုနိုင်‌သေး‌ကြောင်း၊ အ‌ပြောင်းအလဲ‌တွေ မြင်‌တွေ့ရလာ‌သော်လည်း စိတ်ချရသည့် အ‌ခြေအ‌နေ ‌ရောက်ပြီဟု ‌ပြောဖို့ ‌စောလွန်း‌နေ‌သေး‌ကြောင်း၊ နိုင်ငံထဲ တရားဥပ‌ဒေ စိုးမိုးမှု ‌လျော့ပါး ပျက်ပြယ်လျက်ရှိ‌ကြောင်း၊ တရားစီရင်‌ရေးမှာ အုပ်ချုပ်‌ရေး၏ ဩဇာလွှမ်းမိုးမှုကို ခံ‌နေရ‌ကြောင်း၊ အုပ်ချုပ်‌ရေးကို လုံးဝအမှီသဟဲ ပြု‌နေရသည်ဟုပင် ‌ပြောနိုင်‌ကြောင်း၊ အလွန် အန္တရာယ်ကြီး‌ကြောင်း၊ စစ်မှန်သည့် တရားစီရင်‌ရေး မဏ္ဍိုင် ရှိမှသာ စစ်မှန်သည့် အုပ်ချုပ်‌ရေးကို ရနိုင်မည် ဖြစ်‌ကြောင်းများ ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြော၏။
မှန်ကန် တိကျခိုင်မာ‌သော တရားစီရင်‌ရေးမဏ္ဍိုင်ကို ရရှိဖို့ရန်မှာ လူထု ကိုယ်တိုင်ကသာ လုပ် ယူကြရမည် ဖြစ်၏။ ဗမာနိုင်ငံထဲ မတရားအုပ်ချုပ်‌နေသူများ အ‌နေဖြင့်မူ စစ်မှန်‌သော တရား‌ရေး မဏ္ဍိုင်ကိစ္စကို မည်သည့်အခါမျှ လိုက်‌လျောလိမ့်မည် မဟုတ်‌ချေ။
အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကိစ္စကို ကြံ့ဖွံ့နှင့်‌ပေါင်း၍ ပြင်မည်ဟု ‌ဒေါ်စု ဆိုလာပြန်၏။ ကြံ့ဖွံ့နှင့် ‌ပေါင်းပြီး မည်သည့်ကိစ္စ‌တွေကို ၂၀၁၅ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ပြင်ကြမည်နည်း။ ကြံ့ဖွံ့နှင့် ‌ပေါင်း ခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူလူထု အ‌ရေးကိစ္စအတွက် မည်မျှ ထည့်သွင်း ‌ဆောင်ရွက်နိုင်ပါ မည်နည်း။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်ပြီး သမ္မတ ဖြစ်လို‌ကြောင်း ‌လေးငါးဆယ်ကြိမ် မက သူမ ‌ပြော၏။ သမ္မတဖြစ်မှသာ လုပ်လိုရာ‌တွေ လုပ်နိုင်လိမ့်မည် ဟု ဆိုသည်။ တကယ်တမ်း လုပ်နိုင် မလုပ်နိုင် ဆိုသည်မှာ‌တော့ အငြင်းပွားဖွယ်ရာ ကိစ္စ ဖြစ်‌လေသည်။
“ဗမာပြည်မှာ ပြဿနာ‌တွေကို ညှိနှိုင်း‌ဆွေး‌နွေးပြီး ‌ဖြေရှင်းမယ် ဆိုတဲ့ ယဉ်‌ကျေးမှု မရှိဘူး” ဟူ‌သော စကားကို ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောခဲ့သည်။ ကချင်ကို တိုက်‌လေယာဉ်များ သုံး၍ စစ်ပွဲအရှိန် မြှင့်လာသည့်အချိန်၊ စစ်အုပ်စု လက်ပါး‌စေတို့၏ ‌လေယာဉ်များ ပစ်ချခံ‌နေရသည့် အချိန် တွင် ‌ပြောခဲ့ခြင်း ဖြစ်သည်။ ဘယ်သူဘယ်ဝါ‌တွေက ‌စေ့စပ်‌ဆွေး‌နွေးချင်တဲ့ စိတ်‌စေတနာ မရှိတာလဲ ဟု သီးခြား ကမ္ဗည်းမထိုးပဲ ဝါးလုံးရှည်နှင့် သိမ်းကျုံးရိုက်ချလိုက်သည့် ထိုစကားအ‌ပေါ် တိုင်းရင်းသား ‌တွေဘက်ကလည်း တုန့်ပြန် ‌ပြောဆိုခဲ့၏။
တဘက်နှင့်တဘက် ‌ပြေလည်‌အောင် ညှိနှိုင်း ‌ဆွေး‌နွေးကြရာတွင် အဓိကလိုအပ်ချက်မှာ စိတ် ‌ကောင်း‌စေတနာထားရှိဖို့ရန် ဖြစ်သည်။ တဘက်နှင့်တဘက် တကယ်တမ်း သင့်မြတ်‌ပြေလည် လို ‌သော ဆန္ဒရှိရမည်။ သူ့ဘက်ကိုယ့်ဘက် မျှတသည့် အမြင်ရှိရမည်။ ညှိနှိုင်း‌ဆွေး‌နွေး အ‌ဖြေရှာပြီး ‌နောက် ထွက်‌ပေါ်လာသည့် ရလဒ်များကို တကယ်တမ်း အ‌ကောင်အထည်‌ဖော်ရမည်။ နှစ်ဦးနှစ်ဘက် သ‌ဘောတူ ချုပ်ဆိုကြသည့် ကတိကဝတ်များကို မပျက်ပြား‌အောင် ‌စောင့်ထိန်း လိုက်နာရမည် ဖြစ်၏။
ကြားဝင်မှုကို လိုလားစွာ ‌တောင်းဆိုလာကြသူ‌တွေ ရှိသည်။ လူနာနှင့်ဆရာဝန်ကြား ဖြစ်ရှိလာ သည့် သံသယ‌တွေကို ‌ဖြေရှင်းမည့် ကြားခံအဖွဲ့ ဖွဲ့မည် ဟူ၍လည်း‌ကောင်း ၊ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က အပစ်အခတ်ရပ်စဲ‌ရေးတွင် နှစ်ဘက်စလုံးကို ‌စောင့်ကြည့်အကဲခတ်မည့် ကြားခံအဖွဲ့တခု ရှိရန် လိုအပ် ‌ကြောင်းဖြင့်လည်း‌ကောင်း ‌ပြောဆို်လာမှုများကို ကြားရသည်။
မည်သည့် ပြဿနာကိစ္စရပ်မှာပင် ဖြစ်‌စေ ကြားဝင်‌ဖြေရှင်း‌ပေး‌သော ပုဂ္ဂိုလ်သည် ကိုယ်ကျင့် သိက္ခာ ‌ကောင်းမွန်ရမည်။ ဘက်မလိုက် မျှတ‌သော အမြင် နှင့် သမာသမတ်ရှိသူ ဖြစ်ရမည်။ အများ ယုံကြည် အားထား‌လောက်‌သော ပုဂ္ဂိုလ် ဖြစ်ရမည်။ ကိုယ်ကျိုးရှာမှု ကင်းရှင်းရမည်။
(ဆက်လက်‌ဖော်ပြပါမည်)