Home သတင်း ဘုရားသုံးဆူမြို့တွင် သိမ်း ဆည်းရမိ‌သော ပန်းသီးပုံး များကို ပိုင်ရှင်ထံ ပြန်အပ်

ဘုရားသုံးဆူမြို့တွင် သိမ်း ဆည်းရမိ‌သော ပန်းသီးပုံး များကို ပိုင်ရှင်ထံ ပြန်အပ်

1728
ဇူလိုင်လ ၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

20120213z2
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဘုရားသုံးဆူမြို့တွင် ယမန်‌နေ့က သက်ဆိုင်ရာအာဏာပိုင်များမှ သိမ်း ဆည်းရမိ‌သော ‌လောင်းကစားပန်းသီးပုံး ၉ ပုံးကို ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံ‌ပေး လိုက်ရ‌ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)ရှိ ဓမ္မ‌ဟေဝန် ‌ကျောင်းတိုက်ဝင်းအတွင်းရှိ‌သော ပန်းသီးပုံး ၅ ပုံးနှင့် ရပ်ကွက်(၃) တွင် ထားရှိ‌သော ပန်းသီးပုံး ၄ ပုံးတို့ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ပြီး‌နောက် အ‌ရေးယူနိုင်ခြင်းမရှိဘဲ ထိုသို့ ပြန်လည်‌ပေးအပ်ခဲ့ခြင်းဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ‌ပြောသည်။

“အာဏာပိုင်‌တွေ ဝင်‌ရောက်စစ်‌ဆေးသိမ်းဆည်းတာက‌တော့ နှစ်‌နေရာ‌ပေါ့ဗျာ။ မနက် ၁၁ နာရီမှာတစ်ကြိမ်၊ ၁၂ နာရီခွဲ‌လောက်မှာတစ်ကြိမ်ဖြစ်ပါတယ်။ ဒါ‌ပေမယ့် ညဘက်မှာ အဲဒီပန်းသီးပုံး‌တွေကို အကုန်ပြန်‌ပေးလိုက်ပါ တယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဝင်‌ရောက်သိမ်းဆည်းရာတွင် ဘုရားသုံးဆူမြို့အ‌ခြေစိုက် ‌ခြေလျင်တပ်ရင်း(ခလရ-၂၈၃)မှ ဒုတပ်ရင်းမှူး ဦး‌ဆောင်ပြီး ဘုရာသုံးဆူမြို့နယ်ခွဲ အုပ်ချုပ်‌ရေးမှုးဦးမျိုးမြင့်‌ဇော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်‌ထောင်စုကြံ့ခိုင် ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)မှ တာဝန်ရှိသူတို့ စုစု‌ပေါင်း ၁၂ ဦးပါဝင်‌ကြောင်း သိရသည်။

ဆက်လက်၍ ယင်းအမည်မ‌ဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက “အာဏာပိုင်‌တွေအ‌နေနဲ့က ပန်းသီးပုံး‌တွေ ကို မိရင်ဖျက်ဆီးမယ်၊ လုပ်တဲ့သူ‌တွေကို ထိထိ‌ရောက်‌ရောက် အ‌ရေးယူရမယ်။ အခုက ခံဝန်ထိုးခိုင်းပြီး ပစ္စည်း ပြန်‌ပေးတာပဲ လုပ်တယ်ဆို‌တော့ ဘယ်ထိ‌ရောက်မလဲ။ ‌နောက်ပြီး အဲလို လိုက်လုပ်တဲ့သူ‌တွေအ‌နေနဲ့လည်း အသက်အန္တရာယ်‌ကြောက်ရ‌သေးတယ်”ဟု ဆိုသည်။

ဘုရားသုံးဆူ‌ဒေသတွင် ငြိမ်းချမ်း‌ရေးယူထား‌သော လက်နက်ကိုင်အဖွဲ့အစည်းများရှိ‌သော‌ကြောင့် ‌လောင်းကစား မှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက ထိ‌ရောက်စွာ အ‌ရေးယူနိုင်ရန် ခက်ခဲ‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ‌ကျောင်းဝင်းအတွင်းရှိ‌သော ပန်းသီးပုံးကိစ္စနှင့် ပတ်သက်ပြီး ဓမ္မ‌ဟေဝန်‌ကျောင်းတိုက်မှ ‌ကျောင်းထိုင် ဆရာ‌တော် ဦးညာ‌ဏောဘာသက မြို့နယ်ခွဲအုပ်ချုပ်‌ရေး ဦးမြင့်‌ဇော်ထံသို့ အ‌ရေးယူဖယ်ရှား‌ပေးပါရန် မိန့်ကြားမှု ပြုခဲ့ပြီး‌နောက် ယင်သို့ ဝင်‌ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်‌ကြောင်း အဆိုပါ‌ကျောင်းတိုက်ရှိ သံဃာတစ်ပါးက ‌ကေအိုင်စီသို့ မြွက်ကြားသည်။

“မြို့ထဲက လူ‌တွေကိုလည်း ပန်းသီးပုံးက ‌တော်‌တော်ဒုက္ခ‌ပေး‌နေပြီ။ ‌ကျောင်းဝင်းကလည်း ဧက ၇ဝ ‌ကျော် ကျယ်တယ်။ ‌နောက် လူ‌နေအိမ်‌တွေလည်းရှိ‌တော့ သူတို့လုပ်‌နေတာ‌တောင် သတိမထားမိလိုက်ဘူး။ အဲဒါ ‌ကြောင့် ‌ကျောင်းဝင်းအတွင်း မသင့်‌တော်ဘူးဆိုပြီး ဆရာ‌တော်က အ‌ရေးယူဖယ်ရှား‌ပေးဖို့ တိုင်ကြားတာ”ဟု ၎င်းသံဃာက မြွက်ကြားသည်။

ယခု သိမ်းဆည်းရမိပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံသည့် ပန်းသီးပုံးသည် ပြီးခဲ့သည့် ဇွန်လ ၁၁ရက်‌နေ့က မြန်မာ အစိုးရ စစ်တပ်နှင့် နယ်ခြား‌စောင့်တပ်များတို့ ပူး‌ပေါင်းပြီး တပ်ရန်ပုံ‌ငွေဟူ၍ ချထားသည့် ပန်းသီးပုံးများဖြစ် ‌ကြောင်း သိရသည်။