Home သတင်း ဒီ‌မော့ဆိုမြို့နယ်တွင် စက်မှု လယ်ယာ ‌ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး‌နေပြီဟု ပြည် နယ်ဦးစီး မှူး‌ပြော

ဒီ‌မော့ဆိုမြို့နယ်တွင် စက်မှု လယ်ယာ ‌ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး‌နေပြီဟု ပြည် နယ်ဦးစီး မှူး‌ပြော

1735
ဇူလိုင်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

farm in Demosoe
ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ နိုင်ငံ‌တော် စီမံချက်ဖြင့် ကယား(ကရင်နီ)ပြည်နယ်၊ ဒီ‌မော့ဆို မြို့နယ်တွင်းရှိ လယ်‌မြေများကို လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ‌ရောက်ရှိ‌ရေးအတွက် အဆင့်ဆင့်‌ဆောင်ရွက်မှု ပြုလုပ်ရာတွင် ရာနှုန်းပြည့် ပြီးစီး‌နေပြီဖြစ် ‌ကြောင်း ကယားပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်က ပြီးခဲ့သည့်အပတ် က ‌ပြောသည်။

“ကျ‌နော်တို့ လုပ်‌ဆောင်‌နေတာ ပထမအသုတ်အ‌နေနဲ့ ဒီ‌မော့ဆိုမြို့နယ် ‌ဒေါဘူးကူး ‌ကျေးရွာအုပ်စုက ဧက ၅ဝကို လုပ်‌ဆောင် ‌နေတာမှာ ၉၅ ရာခိုင်နှုန်း ပြီး‌နေပါပြီ။ လယ်ကြား‌မြောင်း‌လေး‌တွေဘဲ ကျန်ပါ‌တော့တယ်။ အဓိက ဆည်‌ရေ‌သောက်လယ်‌မြေ‌တွေ ကို စက်မှုလယ်ယာဖြစ်‌အောင် ‌ဖော်ထုတ်‌ပေးတာပါ”ဟု ဦးထွန်းထွန်းခိုင်က ဆိုသည်။

ထိုသို့ လက်မှုလယ်ယာများကို စက်မှုလယ်ယာအဖြစ် ပြုလုပ်ရာ၌ လယ်ကွင်းများအတွင်း၌ ‌ရေ‌မြောင်းအကြီး၊ အငယ်များ ‌ဖောက်‌ပေးခြင်း၊ လယ်ကွင်း‌မြေညှိ‌ပေးခြင်းနှင့် ‌ထော်လာဂျီကားလမ်း ‌ဖောက်‌ပေးခြင်း စသည်တို့ ‌ဆောင်ရွက်‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် မြန်မာအစိုးရ သမ္မတ၏ လမ်းညွှန်မှုဖြင့် လက်မှု လယ်ယာများကို စက်မှုလယ်ယာသို့ ‌ရောက် ရှိ‌စေရန် စီမံချက်ဖြင့် တိုင်းနှင့် ပြည်နယ်တစ်ခုစီတွင် ဧက ၁၀ဝ အခမဲ့ ‌ဖော်ထုတ် ‌နေခြင်းလည်းဖြစ်သည်။

လက်ရှိ ကယားပြည်နယ်တွင်း၌ ဧက ၅ဝ ‌ဖော်ထုတ်ပြီးစီး၍ ကျန်သည့် ဧက ၅ဝအား လာမည့် ဒီဇင်ဘာလတွင် ‌ငွေ‌တောင်ဆည် ‌ရေ‌သောက်ရွာတွင် စတင် အ‌ကောင် အထည်‌ဖော်မည်ဖြစ်‌ကြောင်း ဦးထွန်းထွန်းခိုင်က ဆက်လက် ‌ပြောဆိုသည်။

“ကျ‌နော်တို့ ဒီစီမံချက်ပြီးရင် ‌တောင်သူ‌တွေကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်‌တွေကပဲဖြစ်ဖြစ် သူတို့ပိုင်လယ်‌တွေကို ‌ဖော်ထုတ်ချင်တယ် ဆိုရင် တစ်ဧကကို ၁သိန်း ၆‌သောင်းနဲ့ လုပ်‌ဆောင်‌ပေးဖို့ ရှိပါတယ်။ ကျ‌နော်တို့ဌာနအ‌နေနဲ့ စနစ်တကျ လုပ်‌ဆောင်‌ပေးသွားမှာ ပါ”ဟု ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ပြည်နယ်အစိုးရမှလည်း ဒီ‌မော့ဆို၊ ဖရူဆို၊ မယ်စဲ့ စသည့်မြို့နယ်အသီးသီးတွင် ကုန်းမြင့်လယ်ယာ‌မြေများအား စီမံ ချက်ဖြင့် ‌ဆောင်ရွက်သွားရန် လျာထားသည်ဟုလည်း သိရသည်။